မှန်ကန်မှုမရှိ၊ ဘက်လိုက်သော တစ်ဖက်သတ်ထုတ်ပြန်ပြောဆိုချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချ
မှန်ကန်မှုမရှိ၊ ဘက်လိုက်သော တစ်ဖက်သတ်ထုတ်ပြန်ပြောဆိုချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချ
Ministry of Information/ Naypyitaw / February 04, 2023

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့က အပြုသဘောမဆောင်သော သတင်းများထုတ်ပြန်ခဲ့ကြသည်။ ၎င်းထုတ်ပြန်ပြောဆိုချက်များတွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ကျူးလွန်သူကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ ရင်ဆိုင်ဖြေရှင်းနေသည့် အစိုးရအပေါ်အပြစ်တင်ကာ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG ၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ ၅ဝဝဝ ကျော် အသက်ဆုံးရှုံးရသည်ကို ဖုံးကွယ်ထားခြင်းကြောင့် အများပြည်သူကို အထင်အမြင်လွဲမှားစေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကိုချမှတ်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ပိုမိုအားကောင်းလာစေမည့် ထုတ်ပြန်မှုများပြုလုပ်နေမည့်အစား ပြည်သူများ၏ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် အစိုးရမှဆောင်ရွက်နေသည့် ကြိုးပမ်းအားထုတ်နေမှုများကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာတန်းတူညီမျှမှုကိုလေးစားလျက် အပြုသဘော အထောက်အကူပြုသင့်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုမှုများကို သက်သေပြခဲ့ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအခွင့်အရေးမဆုံးရှုံးစေရန် တစ်နိုင်ငံလုံးအကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီစနစ်အတွက် မဖြစ်မနေလိုအပ်သည့် အခြေခံလမ်းစဉ်တစ်ရပ်ဖြစ်သည်။ နိုင်ငံအချို့နှင့် ကုလသမဂ္ဂတာဝန်ရှိသူအချို့အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တိုက်တွန်းလျက်ရှိသော်လည်း တစ်ဖက်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပရေး အစိုးရ၏ကြိုးပမ်းမှုများအပေါ် ပြစ်တင်ဝေဖန်လျက်ရှိသည်မှာ ရှေ့နောက်မညီကြောင်းတွေ့ရှိရသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ကျရောက်မှုအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန (AHA Centre) နှင့်လည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများအနေဖြင့် မြန်မာနိုင်ငံတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်ဖြစ်ရာ အမှန်စင်စစ်အားဖြင့် ၎င်းတို့ရရှိသင့်သည့်လုပ်ဆောင်ခွင့် (access) ရရှိနေမှုအပေါ် မေးခွန်းထုတ်ရန်ပင်မလိုအပ်ပါ။
မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ရောက်ရှိစေလိုပါက မြန်မာအစိုးရမှ ရှေ့ဆက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆက်လက်အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုရန်လိုအပ်သည်။ ကုလသမဂ္ဂရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာရန်ပျက်ကွက်ပြီး မြန်မာနိုင်ငံပြည်တွင်းရေးကိုစွက်ဖက်နေသည့် နိုင်ငံအချို့နှင့် လုပ်ပိုင်ခွင့်ကိုကျော်လွန်လုပ်ဆောင်နေသူ ကုလသမဂ္ဂမှတာဝန်ရှိသူအချို့၏ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံက ပြတ်သားစွာကန့်ကွက်ပယ်ချသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်
၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်
Newspaper - 2194 items

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ဧ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ မတ် ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
29-3-2023 Information Sheet (English)

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ မတ် ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မတ် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download