ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာတွင် ဆရာတော်၊ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ၊ နှစ်ထပ်ဆွမ်းစားဆောင် ရတနာအုတ်မြစ်ချ မင်္ဂလာအခမ်းအနားနှင့် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

Ministry of Information/ Naypyitaw / October 02, 2023

နေပြည်တော် အောက်တိုဘာ ၁
ရခိုင်ပြည်နယ် ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပတိ၊ ပြည်တွင်း ပြည်ပသာသနာပြု ဓမ္မကထိက၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာန နာယကချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒအမှူးပြု၍ စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ရခိုင်ပြည်နယ်စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီး တည်ဆောက်လျက်ရှိသော ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦး ဓမ္မစင်တာဝင်းအတွင်း၌ စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်များအား နေ့ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ပင့်သံဃာတော် အပါး ၂၇၀ ကြွရောက်တော်မူကြပြီး အလှူရှင် ဒေသခံပြည်သူများက ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။
ထို့နောက် ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦး ဓမ္မစင်တာဝင်းအတွင်း နှစ်ထပ်ဆွမ်းစားဆောင် တည်ဆောက်မည့် မြေနေရာတွင်ရတနာအုတ်မြစ်ချ မင်္ဂလာအခမ်းအနားကိုပြုလုပ်ရာ မြောက်ဦးဆရာ တော်အမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ အလှူရှင်မျာတက်ရောက်ကြကာ သံဃာတော်များ၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သတ်မှတ် နေရာအသီးသီးတွင် ရတနာအုတ်မြစ်များ ချပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။
ယင်းနောက် မြောက်ဦးဆရာတော်၏ သက်တော် ၆၄ နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲနှင့် ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာဝင်းအတွင်း သာသနိကအဆောက်အဦများ တည်ဆောက်ရေး အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ဆက်လက်ကျင်းပရာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက စစ်တွေမြို့ နန္ဒရာမပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒနန္ဒသိရီထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ်ပရိတ် တရားတော်ကို ရွတ်ပွားတော်မူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာတိုးချဲ့မြေနှင့် သာသနိကအဆောက်အဦများ တည်ဆောက်မှုအတွက် အလှူငွေများကို တည်ဆောက်ရေးကော်မတီအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းကြ၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး မြောက်ဦးဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 2570 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2023

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2023

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2023

Information Sheet (29-11-2023) / Burmese (Myanmar Version)
Publisher: Information Sheet/ November 30, 2023
Publication Date: 2023
Page: 26
Language: Burmese (Myanmar Version)
Download