ရွှေတောင်မြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းဖြစ်သည့် “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်း


Ministry of Information/ Naypyitaw / April 29, 2024
image_latest


ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းအရေအတွက် ၈၃ ခု မှတ်ပုံတင်ထားကြောင်း ပြည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါမှတ်ပုံတင်ထားသည့်လုပ်ငန်းများမှ ရွှေတောင်မြို့ရှိ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းရှင် မဥမ္မာကျော်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-

မေး။ ။ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်း စတင်လည်ပတ်မှုနဲ့ အခုလက်ရှိအခြေအနေကို ရှင်းပြပေးပါ။

ဖြေ။ ။“ဥမ္မာကျော်” စားသောက်ကုန် လုပ်ငန်းမစတင်မီ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေနဲ့ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်နဲ့ ရွှေတောင်ခေါက်ဆွဲကို ၂၀၀၂ ခုနှစ် က စတင်ရောင်းချကာ ၂၀၂၁ ခုနှစ်မှစပြီး ခရီးအဝေးကို ယူဆောင်ရာမှာလည်း လွယ်ကူစေဖို့နဲ့ အသင့်စားသုံးနိုင်ဖို့အတွက် “ဥမ္မာကျော်” Ready Made စားသောက်ကုန်လုပ်ငန်းကိုလည်း တိုးမြှင့် လုပ်ကိုင်ခဲ့ပါတယ်။

မေး။ ။ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းအနေနဲ့ ကုန်ပစ္စည်းဘယ်နှမျိုး ထုတ်လုပ်ရောင်းချခဲ့ပါသလဲ။ အများဆုံးရောင်းချရတဲ့ အမျိုးအစားကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ကျွန်မတို့ဆိုင်မှာ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်၊ ရွှေတောင်အုန်းနို့ခေါက်ဆွဲ၊ ရွှေ တောင်မုန့်ဟင်းခါးနဲ့ စိန်ပန်းအကြွပ်ကြော်ဆိုပြီး အမျိုးအစား ငါးမျိုးထုတ်လုပ်ရောင်းချပြီး ရောင်းအားအကောင်းဆုံးကတော့ ထမင်းသုပ်နဲ့ ထမင်းအရောသုပ်ဖြစ်ပြီး အခုနောက်ပိုင်းတော့ ရွှေတောင်အုန်းနို့ခေါက်ဆွဲက လူသိများလာကာ ပိုပြီးတော့ရောင်းရပါတယ်ရှင်။ ၂၀၂၄ ခုနှစ်အစပိုင်းမှာ မုန့်ဟင်းခါးကို လက်ခံလာကြပြီး မုန့်ဟင်းခါးတွေလည်း အတော်လေးရောင်းရပါတယ်။ အဓိကထုတ်ကုန်ပစ္စည်း ငါးမျိုးမှာလေးမျိုးက ဈေးကွက်မှာ နာမည်ရသွားပြီး တော်တော်လေးလည်း ရောင်းရပါတယ်။

မေး။ ။ ပြည်တွင်း၊ ပြည်ပ ရောင်းချမှုအခြေအနေကိုလည်း သိပါရစေ။

ဖြေ။ ။“ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်းအနေနဲ့ ရန်ကုန်၊ ပဲခူး၊ ပြည်နဲ့နတ်တလင်းမြို့တို့မှာ ကိုယ်စားလှယ်တွေပေးထားရပါတယ်။ ရွှေတောင်မြို့ပေါ်မှာတော့ ရွှေနံ့သာ၊ မြသော်တာ၊ နေဝန်းသူရိန်နဲ့ဆုံစည်းရာ စတိုးဆိုင်တွေက ကိုယ်စားလှယ်ယူရောင်းချနေပြီး ပြည်ပအနေနဲ့ ထိုင်းနိုင်ငံကိုယ်စားလှယ်မှတစ်ဆင့် လစဉ်ရောင်းချရပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ စင်ကာပူအထိ ဖြန့်ဖြူးရောင်းချနိုင်ပြီ ဖြစ်ပါတယ်။

မေး။ ။ အခုလို စားသောက်ကုန်လုပ်ငန်း ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ရွှေတောင်မြို့မှာ အစားအသောက်တွေ အတော်များတယ်။ တအားလည်းကောင်းတဲ့ အစားအသောက်တွေ ရှိတယ်ဆိုတာကို အမြို့မြို့အနယ်နယ်မှာရှိတဲ့ မိတ်ဆွေတွေကို ရွှေတောင်ကလို့ ပြောလိုက်ရင် ရွှေတောင်ထမင်းသုပ်ရှိတဲ့နေရာ၊ ရွှေတောင်ခေါက်ဆွဲ ရှိတဲ့နေရာဆိုပြီး ရွှေတောင်မြို့လေးကို လူသိများစေလိုတဲ့အချက်နဲ့ ဘိုးဘွားလက်ထက်ကစပြီး မိသားစုမျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့ လုပ်ငန်းအပေါ် ထိန်းသိမ်းချင်တဲ့ရည်ရွယ်ချက်၊ ထုတ်ကုန်ပစ္စည်းတွေကို ဆက်ပြီးတိုးချဲ့ချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ စားသောက်ကုန်လုပ်ငန်းကထုတ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာသာမက နိုင်ငံရပ်ခြားမှာ ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ရောင်းချပြီး နိုင်ငံခြား တင်သွင်းကုန်ပစ္စည်းတစ်ခုအနေနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ထုတ်ကုန်ပြပွဲ၊ ပြသမှု အခြေအနေတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်မတို့ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းက ထုတ်ကုန်ပစ္စည်းတွေကို ပဲခူးမြို့မှာ ကျင်းပခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်ပစ္စည်းအရောင်းပြပွဲမှာ ပထမဆုံးတင်သွင်းခဲ့ပါတယ်။ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်နဲ့ ရွှေတောင်အုန်းနို့ခေါက်ဆွဲသုံးမျိုးကို ရောင်းချပေးခဲ့ပါတယ်။ ပြည် တန်ဆောင်တိုင်ပွဲတော်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ကုန်စည်ပြပွဲမှာလည်း ပြသရောင်းချခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ နေပြည်တော် MSME ထုတ်ကုန်ပြပွဲမှာလည်း သွားရောက်ရောင်းချခဲ့ပါတယ်။

မေး။ ။ အလုပ်သမားဦးရေနဲ့ နေ့စဉ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုတွေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျွန်မတို့ဆိုင်မှာ အလုပ်သမား ခြောက်ဦးရှိပါတယ်။ အဲဒီခြောက်ဦးနဲ့ပဲ အုပ်စုခွဲပြီး လုပ်ငန်းတွေလည်ပတ်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ဆိုင်ကို မနက် ၅ နာရီကနေ မနက် ၁၀ နာရီအထိ ဆိုင်စားအနေနဲ့ ဖွင့်လှစ်ရောင်းချပြီး Ready Made စားသောက်ကုန်ပစ္စည်းတွေကို မနက် ၅ နာရီကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးနေပါတယ်။

မေး။ ။ နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ပေးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်မှု၊ လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်မှုကိုလည်း သိလိုပါတယ်။

ဖြေ။ ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအနေနဲ့ ငွေကျပ်သိန်း ၁၀၀ ချေးငွေရရှိခဲ့ပြီးလုပ်ငန်းအတွက် တကယ်လိုအပ်နေတဲ့ ပါကင်ပိတ်စက်ကြီးကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုလိုဝယ်ယူလိုက်တဲ့အတွက် ထုတ်ကုန်တွေကို လျင်လျင်မြန်မြန်ထုတ်နိုင်ပါတယ်။ အရင်ကပစ္စည်းတွေထုတ်လုပ်ရာမှာ လက်ဖိစက်တွေနဲ့သာ ထုတ်လုပ်တဲ့အခါ အလုပ်မတွင်ကျယ်ဘဲ ဝယ်ယူသူတွေလာတဲ့အခါ လုံလောက်အောင် မရောင်းပေးနိုင်ခဲ့ပါဘူး။ အခုလို စက်ကြီးရရှိလာတဲ့အခါ ပစ္စည်းတွေ လှိုင်လှိုင်ထုတ်နိုင်ကာ ကိုယ်စားလှယ်တွေကို Cancel လုပ်စရာမလိုဘဲ ပြည့်ပြည့်ဝဝပေးနိုင်ပြီး လက်လီရောင်းချမှုကိုလည်း ကောင်းမွန်အောင် လုပ်ကိုင်ရောင်းချနိုင်ပါတယ်။ အခုလို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွေ ထောက်ပံ့ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ မိမိကိုယ်တိုင် လူငယ်လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ဒေသထွက်ကုန်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်မယ့် လုပ်ငန်းရှင်လူငယ်တွေနဲ့ ပြည်သူတွေကိုလည်း အကြံပြု စကားတွေပြောကြားပေးပါ။

ဖြေ။ ။ ကိုယ့်ရဲ့ ဒေသထွက် စားသောက်ကုန်ပစ္စည်းတွေကို သိတဲ့သူလည်းရှိသလို၊ မသိတဲ့သူလည်း ရှိနိုင်ပါတယ်။ ဒီမြို့၊ ဒီနေရာလေးမှာ ရောင်းနေရတာမျိုးမဟုတ်ဘဲ၊ ရပ်တန့်သွားတာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ဒေသထွက်ကုန်ပစ္စည်းတွေကို တခြားနယ်၊ တခြားမြို့တွေက အသိအမှတ်ပြုပြီး ဒေသနဲ့ဝေးတဲ့ နေရာအနှံ့ပို့ပြီးတော့ တိုးချဲ့နိုင်မယ်ဆိုရင် စီးပွားရေးတစ်ခုအနေနဲ့လည်းကောင်းသလို ကိုယ့်ရဲ့ ဒေသထုတ်ကုန်အနေနဲ့လည်း ဂုဏ်ယူစရာကောင်းပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင် ရေးလုပ်ငန်းအနေနဲ့ပူးပေါင်းပြီး FDA အသိအမှတ်ပြုလက်မှတ်ရရှိကာ နိုင်ငံတကာအထိ ဖြန့်ကြက်နိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့ စီးပွားရေးတစ်ခုအနေနဲ့လည်း လုပ်ဆောင်သင့်ကြောင်း ဒေသအသီးသီးက မိတ်ဆွေတွေကို မျှဝေအကြံပြုပြောကြားလိုပါတယ်။ ။

တွေ့ဆုံမေးမြန်း- ငြိမ်းငြိမ်းသန့်(ပြန်/ဆက်)၊ ဓာတ်ပုံ-ကိုကိုမင်း (ပြန်/ဆက်)

Newspaper - 2755 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download