လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည့်အထိသင်ယူပြီး မိမိဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်အောင်အသုံးချ


Ministry of Information/ Naypyitaw / August 11, 2022
image_latest


နေပြည်တော် သြဂုတ် ၁ဝ

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု (Media and Infor-mation Literacy)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးဦးရဲတင့်က မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုဆိုသည်မှာ မီဒီယာနှင့်သတင်းအချက်အလက်တို့တွင်ပါရှိသည့် အကြောင်းအရာများကို ရယူအသုံးပြုနိုင်ခြင်း၊ သုံးသပ်အကဲဖြတ်ခြင်း၊ ဖန်တီးခြင်း၊ မျှဝေခြင်းနှင့် အသုံးပြုခြင်းတို့ဖြစ်ကြောင်း။

ယခုသင်တန်းတွင်သင်ကြားသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည့်အထိသင်ယူပြီး မိမိဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးလုပ်ငန်းများတွင် အကျိုးရှိထိရောက်အောင်အသုံးချကြရမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများကိုလည်း သင်တန်းတက်ရောက်ခွင့်မရရှိသည့် လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများကိုလည်း ထပ်ဆင့်မျှဝေပေးစေလိုပါကြောင်း။

သင်တန်းသားများအနေဖြင့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို အောင်မြင်အောင်ကြိုးစားသင်ယူပြီး လက်တွေ့လုပ်ငန်းတွင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြ ရန် ပြောကြားသည်။

ယခုဖွင့်လှစ်သည့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်းကို ဩဂုတ် ၁၂ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း ၃၁ ဦး တက်ရောက်ကြမည်ဖြစ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြများက မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု မိတ်ဆက်/နောက်ခံသမိုင်းဘာသာရပ်၊ မြန်မာနိုင်ငံ၏ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုမူဘောင်နှင့် ဂေဟစနစ်ဘာသာရပ်၊ သတင်းဆိုင်ရာသိနားလည်မှုဘာသာရပ်၊ သတင်းအချက်အလက်ဖရိုဖရဲဖြစ်မှု (အခြေခံပုံစံ ၇ မျိုး)ဘာသာရပ်၊ သတင်းအချက်အလက်မှားများ၊ လုပ်ကြံသတင်း၊ မသမာသတင်းနှင့် အမုန်းစကားများပျံ့နှံ့ရာ လူမှုမီဒီယာများဘာသာရပ်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဘာသာရပ်၊ အမုန်းစကားများနှင့် ယင်း၏အကျိုးသက်ရောက်မှုများဘာသာရပ်နှင့် အချက်အလက်များစစ်ဆေးခြင်းဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2011 items

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 29, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 28, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download