လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြပြီးအထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို ကြင်နာနွေးထွေးစွာ နေထိုင်နိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်
လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြပြီးအထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို ကြင်နာနွေးထွေးစွာ နေထိုင်နိုင်ရေး ဆောင်ရွက် ပေးရမည်ဖြစ်
Ministry of Information/ Naypyitaw / April 01, 2023
နေပြည်တော် ဧပြီ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်ဇနီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များအား ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌဦးရွှေထွန်းအောင်က ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ၏ အချက်အလက်များနှင် သမိုင်းအကျဉ်း၊ ဘိုးဘွားများ၏ စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာများကို စောင့်ရှောက်ဆောင်ရွက်ပေးလျက်ရှိမှု၊ ဘိုးဘွားရိပ်သာအတွက် အလှူရှင်များက လှူဒါန်းလျက်ရှိသကဲ့သို့ နိုင်ငံတော်မှလည်း နှစ်စဉ်ထောက်ပံ့လှူဒါန်းပေးလျက်ရှိမှု၊ ဘိုးဘွားရိပ်သာတွင် ဂိလာနအဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး ဘိုးဘွားရိပ်သာ၏လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးနိုင်ရေးနှင့် ဘိုးဘွားများ၏ ကျန်းမာရေး၊ နေထိုင်ရေးနှင့် စားသောက်နေထိုင်ရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများကို လမ်းညွှန်မှာကြားပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဗုဒ္ဓဘာသာတွင်သာမက အခြားဘာသာများတွင်လည်း မိမိတို့ထက် အသက်အရွယ်ကြီးရင့်သူများကို ပြုစုစောင့်ရှောက်ခြင်းသည် ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဘိုးဘွားများကို စောင့်ရှောက်လျက် ရှိသူများအနေဖြင့် ဘိုးဘွားများ ကိုယ်စိတ်နှလုံးရွှင်လန်းစွာဖြင့် နေထိုင်စေရေးဆောင် ရွက်ပေးရန်လိုကြောင်း၊ ဘိုးဘွားများအနေဖြင့်လည်း မိမိတို့ဘဝအတွက် အကောင်းဆုံးအခြေအနေကို ရောက်ရှိနေပြီဟု နှလုံးသွင်းပြီး ကုသိုလ်ဘာဝနာများပွားများ၍ စိတ်နှလုံးရွှင်လန်းစွာဖြင့် နေထိုင်နိုင်ရန်လိုကြောင်း၊ လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြကြောင်း၊ အထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို နွေးထွေးစွာဖြင့် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စိတ်ကျန်းမာမှသာ ကိုယ်ကျန်းမာမှုကို အထောက်အကူပြုမည်ဖြစ်ပြီး ယခုကဲ့သို့ ဘိုးဘွားများကို ကျန်းမာစွာဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုထက်အသက်ရှည်ကျန်းမာစွာဖြင့် နေထိုင်နိုင်ကြစေရန် ဂါရဝပြုဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို တစ်ဦးချင်း လက်ရောက်ဂါရဝပြု ပေးအပ်လှူဒါန်းပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့် ဇနီးများကလည်း သက်ကြီးဘိုးဘွားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် အဘိုးအဘွားများကိုယ်စား အသက် ၉၃ နှစ်ရှိ အဘွား ဒေါ်မစောခိုင်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်းနှင့် ဆုမွန်ကောင်းစကားများပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဘိုးဘွားများကို စောင့်ရှောက်လျက် ရှိသူများအနေဖြင့် ဘိုးဘွားများ ကိုယ်စိတ်နှလုံးရွှင်လန်းစွာဖြင့် နေထိုင်စေရေးဆောင် ရွက်ပေးရန်လိုကြောင်း၊ ဘိုးဘွားများအနေဖြင့်လည်း မိမိတို့ဘဝအတွက် အကောင်းဆုံး အခြေအနေကိုရောက်ရှိနေပြီဟု နှလုံးသွင်းပြီး ကုသိုလ်ဘာဝနာများပွားများ၍ စိတ်နှလုံးရွှင်လန်းစွာဖြင့် နေထိုင်နိုင်ရန်လိုကြောင်း၊ လူသားတိုင်းသည် အသက်အရွယ်မရွေး နွေးထွေးကြင်နာမှုကို လိုလားကြကြောင်း၊ အထူးသဖြင့် ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို နွေးထွေးစွာဖြင့် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စိတ်ကျန်းမာမှသာ ကိုယ်ကျန်းမာမှုကို အထောက်အကူပြုမည်ဖြစ်ပြီး ယခုကဲ့သို့ ဘိုးဘွားများကို ကျန်းမာစွာဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုထက် အသက်ရှည်ကျန်းမာစွာဖြင့် နေထိုင်နိုင်ကြစေရန် ဂါရဝပြုဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို တစ်ဦးချင်း လက်ရောက်ဂါရဝပြု ပေးအပ်လှူဒါန်းပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့် ဇနီးများကလည်း သက်ကြီးဘိုးဘွားများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် အဘိုးအဘွားများကိုယ်စား အသက် ၉၃ နှစ်ရှိ အဘွားဒေါ်မစောခိုင်က ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သက်ကြီးဘိုးဘွားများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ ကြောင်းနှင့် ဆုမွန်ကောင်းစကားများပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
Newspaper - 2738 items
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 15, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download