အဂတိမှုများ ထိန်းသိမ်းရှောင်ရှား


Ministry of Information/ Naypyitaw / December 10, 2022
image_latest


အမျိုးသားရေးမျှော်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများက အဓိကဆောင်ရွက်ကြရသူများဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ကျလာရေးကို ဦးတည်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ဝန်ထမ်းများအရည်အသွေးမြင့်မားပြီး တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကောင်းမွန်မှုတို့မှာ အခြေခံကျသော လိုအပ်ချက်များပင်ဖြစ်သည်။ ဝန်ထမ်းတစ်ဦးချင်း ကိုယ်ကျင့်တရား ကောင်းမွန်သည့် ဝန်ထမ်းအဖွဲ့အစည်းသည် ပြည်သူကယုံကြည်လေးစားမှုကိုရရှိပြီး ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းလည်း ဖြစ်လာမည်ဖြစ်သည်။

ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ပြီး အများပြည်သူဆိုင်ရာအဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိသည်။ အဂတိလိုက်စားမှုများကို ကာကွယ်ဟန့်တားရာတွင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေသည့် အောက်ခြေအဆင့်များမှစကာ ထိထိ‌ရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)”များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ ဝန်ထမ်းအဖွဲ့အစည်းများ၏ အများပြည်သူဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်” (Public Feedback Programme-PFP)ကို အကောင်အထည်ဖော်လျက်ရှိရာ ဝန်ဆောင်မှုရယူသည့် ပြည်သူများကရော ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများကပါ အဂတိမှုများကို ထိန်းသိမ်းရှောင်ရှားကြရမည်ဖြစ်သည်။ မိမိတို့ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ပွင့်လင်းမြင်သာမှုရှိရှိ၊ အဂတိကင်းကင်းဖြင့် ဆောင်ရွက်ပေးသည်နှင့်အမျှ ဌာနအဖွဲ့အစည်း၏ ဂုဏ်သတင်းမွှေးပျံ့လာမည်သာဖြစ်သည်။

နေပြည်တော်တွင် ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဂတိပယ်ခွာပြည်သာယာဆိုသည့် ဆောင်ပုဒ်အတိုင်း အဂတိလိုက်စားမှုကျူးလွန်ခြင်းများကို လျော့နည်းပပျောက်စေရေးအတွက် မူဝါဒနှင့်ဥပဒေမူဘောင်ခိုင်မာရေး၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခိုင်မာရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။ အဂတိလိုက်စားမှုသည် အသွင်အမျိုးမျိုးဆောင်ပြီး ဖြစ်ပေါ်နေခြင်းဖြစ်သည့်အတွက် ဥပဒေကြောင်းအရသာမက ကောင်းမွန်သော ကိုယ်ကျင့်တရားထွန်းကားရေးနည်းလမ်းများအရပါ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများသာမက အများပြည်သူများနှင့်လည်း သက်ဆိုင်သည့်အကြောင်းအရာဖြစ်သည့်အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်ဟု တိုက်တွန်းပါကြောင်း” ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် အထူးပင်အရေးကြီးသည့် လုပ်ငန်းကြီးတစ်ခုဖြစ်သည့်အလျောက် အားလုံးပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

Newspaper - 2738 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download