အထူးကုဆေးကုသရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပြီး ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
အထူးကုဆေးကုသရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပြီး ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Ministry of Information/ Naypyitaw / October 02, 2023

နေပြည်တော် အောက်တိုဘာ ၁
အထူးကုသမှုလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်နှင့်မန္တလေးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ နှင့် အောက်တိုဘာ ၁ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတို့မှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ဦးနှောက်နှင့်အာရုံ ကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ သွေးရောဂါပညာ၊ အသည်းရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သို့ သွားရောက်၍ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
လာရောက်ပြသသော လူနာများတွင် ဟင်္သာတမြို့သာမက အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်၊ မြန်အောင်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကြံခင်း၊ သာပေါင်းမြို့နယ်များမှ မြို့ပေါ်နှင့်ကျေးလက်နေ ပြည်သူများပါဝင်ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၆၀၊ ဦးနှောက်နှင့်အာရုံကြော ရောဂါဆိုင်ရာလူနာ ၅၅ ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ရောဂါဆိုင်ရာလူနာ ၁၉ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၂၉ ဦး၊ သွေးရောဂါဆိုင်ရာလူနာ ၁၉ဦး၊ ရင်ခေါင်းဆေးပညာလူနာ ၂၈ ဦး၊ အထွေထွေရောဂါ ဆိုင်ရာလူနာ ၇၁ ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ ၆၁ ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာ လူနာ ၁၁၇ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၂၇၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ ၄၇ ဦး၊ အရိုးရောဂါ ဆိုင်ရာလူနာ ၉၂ ဦး၊ သားဖွားမီးယပ်လူနာ ၁၁၁ ဦး၊ အထွေထွေခွဲစိတ်လူနာ ၅၀ ၊ ကလေးရောဂါ လူနာ ၃၈ ဦး၊ အရေပြားရောဂါလူနာ ၈၈ ဦး၊ ကင်ဆာ ရောဂါလူနာ ၃၆ ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ ၇၁ ဦး၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆိုင်ရာလူနာ ၂၈ ဦး စုစုပေါင်းဒေသခံပြည်သူ ၁၂၉၆ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့သည်။
အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) ၄၆ ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) ၁၃ ဦး၊ဓာတ်မှန် ဖြင့် ရောဂါရှာဖွေခြင်း ၁၁၇ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်း ၁၄၂ ဦး၊ Ultrasound ရိုက်ကူးခြင်း ၄၅ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၇၁ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၅၄ ဦး၊ အဆစ်အတွင်း ဆေးထိုးကုသပေးသူ တစ်ဦးတို့ကိုလည်း စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး မျက်စိရောဂါဆိုင်ရာခွဲစိတ် ကုသမှု ၂၁ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် နှလုံးရောဂါဆိုင်ရာလူနာလေးဦးကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ရင်ခေါင်းရောဂါဆိုင်ရာ လူနာသုံးဦးကို သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း လိုအပ်သောစမ်းသပ်ကုသမှုများ ဆက်လက်ခံယူနိုင်စေရေး လွှဲပြောင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံကြီး ဟင်္သာတမြို့၌ လာရောက်ပြသကုသမှုခံယူကြသော လူနာများအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ မျက်စိခွဲစိတ်လူနာများအတွက် မျက်မှန်များလှူဒါန်း၍ ပါမောက္ခ၊အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်စကားပြောကြားကာ ဒေသထွက်လက်ဆောင်များ ပေးအပ်သည်။
အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ် ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သုံးကြိမ်၊ ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့၊ မိတ္ထီလာမြို့၊ မြိတ်မြို့၊ မော်လမြိုင်မြို့နှင့် မြစ်ကြီးနားမြို့များသို့သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဌာနခွဲသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်စဉ်မွေးဖွားလျက်ရှိသော ကလေးငယ်များအား အသက်အရွယ်အလိုက် လိုအပ်သောပုံမှန်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့် အသက်ငါးနှစ်အောက်ကလေးများကိုလည်း Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ဟင်္သာတပြည်သူ့ဆေးရုံကြီး ကာကွယ်ဆေးထိုးစုရပ်၌ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဟင်္သာတမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဆေးထိုးအဖွဲ့မှ အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကာကွယ်ဆေးလုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသည့် ကလေးငယ်စုစုပေါင်း ၁၆၀၊ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့် ကလေးငယ်စုစုပေါင်း ၁၀၉ ဦးတို့ကို အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (bOPV)၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး (IPV)၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး (MR) ၊ ငါးမျိုးစပ်ကာကွယ်ဆေး (Penta) များ ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ရာ တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လိုအပ်သည်များကို ပံ့ပိုးပေးပြီးအာဟာရဖြစ် အစားအစာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2570 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2023
Publication Date: 2023
Page: 32 Pages
Language: မြန်မာ
Download
Information Sheet (29-11-2023) / Burmese (Myanmar Version)
Publisher: Information Sheet/ November 30, 2023
Publication Date: 2023
Page: 26
Language: Burmese (Myanmar Version)
Download