အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးနှင့် တွေ့ဆုံ


Ministry of Labour/ ထိုင်းနိုင်ငံ / October 06, 2022


နေပြည်တော်                                                                                                                                                        အောက်တိုဘာ ၆

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးနှင့် တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်၍ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Suchart Chomklin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI- Certificate of Identity) ထုတ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီး၏ တောင်းဆိုမှုပေါ်မူတည်၍ ထိုင်းနိုင်ငံရှိ CI သက်တမ်းတိုးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများကို လာရောက်ကြည့်ရှု စစ်ဆေးနိုင်ရေး ထိုင်းအလုပ်အကိုင်ဌာနမှ ဖိတ်ကြားခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊

ထိုင်းနိုင်ငံ ခရီးစဉ်တွင် CI သက်တမ်းတိုး စခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့် ရှုစစ်ဆေးပြီး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး တောင်းဆိုထားသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI အသစ်ထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်အသေးစိတ်ကို နှစ်နိုင်ငံ အစည်း အဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်တွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုများသည် အပြုသဘောဆောင်သည့် ရလဒ်ကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊

ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံလုပ်ငန်းရှင်များ၏ လုပ်သားလိုအပ်ချက် မြင့်မားခဲ့မှုကို ဖြည့်တင်းရန်နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ကပ်ရောဂါကာလအလွန် MoU လုပ်ငန်းစဉ်များ ပြန်လည်စတင်ခဲ့ပြီး ၁၀-၅-၂၀၂၂ ရက်နေ့မှ ၂၉-၉-၂၀၂၂ ရက်နေ့ထိ MoU အလုပ်သမား စုစုပေါင်း (၅၆၂၃၇)ဦး စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အလုပ်ခေါ်စာများ ပယ်ဖျက်ခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် စာချုပ်ပယ်ဖျက်ခြင်းကိစ္စများ မဖြစ်စေရေး၊ ထိုင်းအလုပ်ရှင် များမှ MoU အလုပ်သမားမဟုတ်သည့် အခြားအလုပ်သမားများအား ခေါ်ယူခန့်အပ်သည့် ဖြစ်စဉ် များရှိသဖြင့် အလားတူဖြစ်ရပ်များကို တားဆီးနိုင်ရေး၊ MoU စနစ်ကို ထိခိုက်မှုမရှိစေရေး၊ MoU စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေးအား ဘတ် ၅၀၀ သို့ လျော့ချသည့် အမိန့်စာ အမြန်ဆုံးထုတ်ပြန်နိုင်ရေး၊ CI သက်တမ်းတိုး လုပ်ငန်းစဉ် ဆောင်ရွက်မှုသည် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးကိစ္စများ၊ ပထမအကြိမ်ကဲ့သို့ လုပ်ငန်းစဉ် ရပ်ဆိုင်းမှုမရှိစေရေးအတွက် သက်တမ်းတိုး ဖွင့်လှစ်ခွင့်ရရေး ကိစ္စရပ်များအား တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 2735 items

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download