အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) အောင်မြင်စွာကျင်းပပြီးစီး


Ministry of Information/ Naypyitaw / October 02, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) ကို စက်တင်ဘာ ၂၆ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ရုရှားနိုင်ငံအရှေ့ဖျားဒေသ Primorsky Krai၊ Vladivostok မြို့ရှိ အရှေ့ပိုင်းစစ်ခရိုင် Sergeevsky လေ့ကျင့်ရေးနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

လေ့ကျင့်ခန်းသို့ ပါဝင်လေ့ကျင့်မည့် မြန်မာ့တပ်မတော်မှ အရာရှိစစ်သည်များသည် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ် (Vladivostok) လေဆိပ်သို့ရောက်ရှိခဲ့ကာ စက်တင်ဘာ ၂၃ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ မြန်မာ-ရုရှား တပ်မတော်မှ ကိုယ်စားလှယ်အရာရှိများက အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) ပြုလုပ် ဆောင်ရွက်ရန်အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ သည်။

စက်တင်ဘာ ၂၆ ရက်တွင် Ser-geevsky လေ့ကျင့်ရေးနယ်မြေ စစ်ရေးပြကွင်း၌ ဖွင့်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ပါဝင်လေ့ကျင့်ကြမည့် အရာရှိ၊ စစ်သည်များ၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ရုရှား၊ထိုင်း၊ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ရုရှားနိုင်ငံအရှေ့ဖျား စစ်ဒေသ၊ ပစိဖိတ်ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina က အဖွင့်အမှာစကားပြောကြားပြီး လေ့ကျင့်ခန်းအထိမ်းအမှတ် အလံလွှင့်တင်ကာ မြေပြင်လက်တွေ့လေ့ကျင့်ခန်းတွင်ပါဝင်သည့် နိုင်ငံအလိုက် တပ်ဖွဲ့ဝင်များက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် လေ့ကျင့်ခန်းအစီအစဉ်အရ Far Eastern Federal Univer- sity ရှိ စီမံချက်ရေးဆွဲရေးအဖွဲ့၏ ကွပ်ကဲမှုဌာနချုပ်နေရာတွင် လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရာ မြန်မာနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ရုရှားနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ Vice Admiral Berezovsky Denis Valentinovich တို့က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံအလိုက် ကိုယ်စားလှယ်များနှင့်အတူ လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး လေ့ကျင့်ခန်းအစီအစဉ်အား ကွပ်ကဲမှုအဖွဲ့များလေ့ကျင့်ခြင်းနှင့် မြေပြင်တပ်ဖွဲ့များ လက်တွေ့လေ့ကျင့်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာ ကွပ်ကဲမှုဖွဲ့လေ့ကျင့်ခြင်းအနေဖြင့် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ကွပ်ကဲမှုအဖွဲ့ဆိုင်ရာလေ့ကျင့်ခန်းများအား Far Eastern Federal University ရှိ ကွပ်ကဲမှုလေ့ကျင့်ခန်းဌာနချုပ်၌ လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး မြန်မာ - ရုရှား နှစ်နိုင်ငံတပ်မတော်မှ ကိုယ်စားလှယ်များက ဦးဆောင်၍ မြန်မာ နိုင်ငံ၌ပြုလုပ်ခဲ့သည့် စားပွဲတင်လေ့ကျင့် ခန်း (Table Top Exercise) တွင်ရေးဆွဲခဲ့သည့် စစ်ဆင်မှုစီမံချက်အား အသေးစိတ် ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း၊ စစ်ဆင်မှုအဆင့်ကွပ်ကဲမှုအဖွဲ့များနှင့် နည်းဗျူဟာအဆင့်ကွပ်ကဲမှုအဖွဲ့များက လေ့ကျင့်ခန်းဆိုင်ရာအစီအမံများအား ညှိနှိုင်းဆွေးနွေးအတည်ပြုခြင်း၊ နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့များဖြင့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအတွက် ပထမအဆင့် စစ်ဆင်မှုစီမံချက်အား အပြီးသတ်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လေ့ကျင့်ခန်း၏ ဒုတိယအဆင့်ဖြစ်သော မြေပြင်လက်တွေ့လေ့ကျင့်ခန်းအတွက် စက်တင်ဘာ ၂၃ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိ ပါဝင်လေ့ကျင့်ကြမည့် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ တပ်ဖွဲ့ဝင်များက မြေပြင်လက်တွေ့လေ့ကျင့်ခန်း အကြိုလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြပြီး စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် မြေပြင်လက်တွေ့ လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ရာ နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့ဝင်များက စီမံချက်ပါအတိုင်း အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုအတွင်း ဝင်ရောက်ချေမှုန်း တိုက်ခိုက်ခြင်း လက်တွေ့လေ့ကျင့်ခန်းအား သက်ဆိုင်ရာ လက်ရုံးတပ်ဖွဲ့များ၏ ပစ်ကူပစ်အားဖြင့် အောင်မြင်စွာလေ့ကျင့်ဆောင်ရွက် နိုင်ခဲ့သည်။

လေ့ကျင့်ခန်းကာလတွင် မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) သို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် လေ့လာရေးခရီးစဉ်အဖြစ် သမိုင်းဝင်အထင်ကရနေရာများဖြစ်သော Anna Shchetinina အမျိုးသမီးသူရဲကောင်းရုပ်တု၊ Glavnaya Ploshchad ရင်ပြင်၊ Pacific Navy Fleet ပြတိုက်၊ ရေငုပ်သင်္ဘောပြတိုက်၊ အဏ္ဏဝါပြတိုက်နှင့် ရုရှားသမိုင်းပြတိုက်များသို့ သွားရောက်လေ့လာခဲ့ကြသည်။

အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌများဖြစ်သော မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဦးဆောင်မှုဖြင့် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်နားလည်ယုံကြည်မှုနှင့် ချစ်ခင်ရင်းနှီးမှုများကိုအခြေခံကာ ဒေသတွင်းအကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်များကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဩဂုတ် ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံနေပြည်တော်တွင် စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) ကျင်းပပြုလုပ်ခဲ့ပြီး ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင်လည်း စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) အား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်

Newspaper - 2570 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: English Version

Download