အားမာန်သစ်ဖြင့် တိုင်းပြည်တည်ဆောက်


Ministry of Information/ Naypyitaw / April 17, 2024
image_latest


ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ကုန်ဆုံး၍ ၁၃၈၆ ခုနှစ်သို့ စတင်ရောက်ရှိပြီဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသည့်အချိန်အခါကာလတွင် ပြည်သူအားလုံးအနေဖြင့် ပျော်ရွှင်ဖွယ်၊ မင်္ဂလာရှိဖွယ် ရက်မြတ်ကာလအဖြစ် သတ်မှတ်ထားကြပြီး ကောင်းသောအမှုများ ပြုလုပ်ကြ၍ နှစ်သစ်သို့ ဖြတ်သန်းကြသည်။

ဖြစ်ပေါ်လာမည့်အနာဂတ်သစ်အတွက် ကောင်းခြင်းဝေဆာအောင် ပြုလုပ်ကြရမည်ဖြစ်သလို နှစ်ဟောင်း ၁၃၈၅ ခုနှစ် တစ်နှစ်တာလုံးတွင် မိမိတို့ဆောင်ရွက်ခဲ့သမျှကို ပြန်လည်သုံးသပ်ဆင်ခြင်ပြီး နှစ်သစ် ၁၃၈၆ ခုနှစ်တွင် ကောင်းသောကိစ္စအဝဝတို့ကို ကောင်းသထက်ကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မင်္ဂလာရှိသော နှစ်သစ်တွင် မကောင်းမှုများကိုရှောင်ရှားပြီး ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ အားနည်းချက်များကိုပြုပြင်၍ အားသာချက်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်လွန်ခဲ့သောကာလများကို ဆင်ခြင်ကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် ခက်ခဲကြမ်းတမ်းခရီးလမ်းများကို ဖြတ်သန်းခဲ့ရသည်။ ပြည်သူများအနေဖြင့် ဒုက္ခဆင်းရဲအမျိုးမျိုးတို့ကို ကြုံတွေ့ခဲ့ရသည်။ ပြည်ပမှ နှောင့်ယှက်ဟန့်တားမှုများနှင့် ပြည်တွင်းမှ အကြမ်းဖက်သောင်းကျန်းသူတို့၏ အဖျက်လုပ်ရပ်များကို ကြုံတွေ့ခဲ့ရသည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူများအနေဖြင့်လည်း ဒုက္ခအခက်အခဲများဖြစ်ကြရသည်။

ထို့ကြောင့် မင်္ဂလာရှိသောနှစ်သစ်တွင် တိုင်းရင်းသားပြည်သူအားလုံး ဘေးဥပဒ်အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးကြပါစေကြောင်း၊ တိုင်းပြည်အေးချမ်းသာယာဝပြောစေကြောင်း၊ တိုင်းရင်းသားပြည်သူအချင်းချင်း မေတ္တာတရားများ တိုးပွားစေကြောင်း၊ တိုင်းပြည်ကောင်းကျိုး၊ အများအကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေကြသော အဖျက်လုပ်ရပ်များမှ ကင်းဝေးကြပါစေကြောင်း၊ သူယုတ်မာများချုပ်ငြိမ်းပြီး သူတော်ကောင်းတရားများ ထွန်းကားစေကြောင်း တောင်းဆုအဝဝတို့ကို မင်္ဂလာရှိသော နှစ်သစ်တွင် ပို့သအပ်ပါသည်။

မြန်မာနိုင်ငံသည် အခက်အခဲအမျိုးမျိုးများကြားမှ ရုန်းကန်နိုးထနိုင်ရန် ကြိုးစားနေသော နိုင်ငံဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ အများပြည်သူ အေးချမ်းစွာ နေထိုင်လုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဖြစ်သည်။ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာအောင်လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ကြရမည်။ နိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မှသာ လူမှုစီးပွားဘဝများ တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံသားတိုင်း ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့ကြောင့် မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းမှ၊ ဖွံ့ဖြိုးတိုးတက်မှ မိမိဘဝများလည်း တိုးတက်လာမည်ဟူသော အသိစိတ်ဓာတ်များ မွေးမြူပြီး ကုန်လွန်ခဲ့သော နှစ်ဟောင်းမှ အားနည်းသောစိတ်ထားများကို ပယ်ဖျောက်၍ မိမိအကျိုး၊ တိုင်းပြည်အကျိုးကို နှစ်သစ်တွင် တိုးတက်ကောင်းမွန်လာအောင် အားသစ်မာန်သစ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသောပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသောအဖြေမှာ တိုင်းရင်းသားပြည်သူအချင်းချင်း မေတ္တာတရားများ တိုးပွားထားရှိရေး၊ စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပင်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒအမှန်မှာ အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်း သားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်လာအောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ တိုးတက်ကောင်းမွန်လာသော စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးနေသည်။

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှု စီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် ကုန်လွန်ခဲ့သောကာလက ဖြစ်ပေါ်ခဲ့သည့် အနှောင့်အယှက်များနှင့် ဖျက်ဆီးမှုများကို စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းဖယ်ရှားပြီး မင်္ဂလာရှိသောနှစ်သစ်တွင် တိုင်းရင်းသားပြည်သူအားလုံး စိတ်သစ်၊ လူသစ်၊ အားမာန်သစ်များဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 2740 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download