နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက် ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 25, 2022
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ သံမဏိစက်ရုံစီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ သံနှင့်သံမဏိပစ္စည်းများ ပြည်ပမှတင်သွင်းမှုနှင့် ပြည်တွင်း၌ထုတ်လုပ်နေမှု အခြေအနေ၊ နှစ်အလိုက် သံနှင့်သံမဏိ ပစ္စည်းများ သုံးစွဲမှု လိုအပ်ချက်၊ အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေလျာထားတောင်းခံမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က မြင်းခြံ - သာစည်လမ်းပိုင်း၊ သာစည်-ရွှေညောင်လမ်းပိုင်း၊ ရွှေညောင်-တောင်ကြီး လမ်းပိုင်းနှင့် တောင်ကြီး-ဆိုက်ခေါင် လမ်းပိုင်းများတွင် လမ်းပိုင်းများအလိုက် ကွန်ကရစ် ဇလီဖားတုံး များလဲလှယ်ခြင်းနှင့် ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအတွင်း သံရိုင်း၊ ကျောက်မီးသွေး၊ ၊ ထုံးကျောက်နှင့် ဒိုလိုမိုက်များ ထွက်ရှိမှုအခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ၂၃၀ ကေဗွီအေ မြင်းခြံဓာတ်အားခွဲစက်ရုံနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက မြန်မာစီးပွားရေးကော်ပိုရေးရှင်း သံမဏိစက်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

အရေးကြီးလိုအပ်ချက်ပင်ဖြစ် ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ပြည်တွင်းတွင် အသုံးအများဆုံး ဖြစ်သည့် Deformed Bar (သံချောင်းလုံး)များကို အဓိကလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းသံမဏိ လိုအပ်ချက်များစွာ ရှိသဖြင့်သံမဏိထုတ်လုပ် ရေးစီမံကိန်းများကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍လည်း စနစ်တကျဖြင့် စိစစ်သုံးစွဲရန်လိုကြောင်း၊ စက်ရုံများတွင် အသုံးပြု သည့်ပစ္စည်းများ ရာသီဥတုကြောင့် ပျက်စီးမှုမဖြစ်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် တည်ဆောက်နေဆဲ ကာလအတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၉၅ ဒသမ ၀၂ ရာခိုင်နှုန်း ရောက်ရှိပြီး ဖြစ်သော်လည်း ဆက်လက်တည်ဆောက်မှု မပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေ များစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့ချေးငွေများအတွက် အရင်း၊ အတိုး ပေးဆပ်နေရကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် စက်ရုံပစ္စည်း၊ စက်ပစ္စည်းများမှာ ပြင်ပတွင်ထားသိုရသဖြင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပြန်လည်ထိန်းသိမ်းသွားရန်နှင့် မူလလည်ပတ်ပြီး ပြန်လည်ရပ်ဆိုင်းခဲ့ရသည့် သံမဏိစက်ရုံ အမှတ်(၁)အား အမြန်ပြန်လည်ပတ် နိုင်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်မှု လုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်ပင်ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက် တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှာများစွာ လိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာ မဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်း သံမဏိထုတ်လုပ်မှု လုပ်ငန်းကို အားပေးမြှင့်တင်ပေး ရန်လိုကြောင်း၊ မြင်းခြံသံမဏိစက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးနှင့်ကုန်ကြမ်း၊ ကုန်ချောများသယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။

စနစ်တကျဖြင့် တည်ဆောက်

ရထားလမ်းများအား ကွန်ကရစ်ဇလီဖားတုံး လဲလှယ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် စနစ်တကျဖြင့် တည်ဆောက်ရန် လိုကြောင်း၊ ခရီးသွားများ အဆင်ပြေချောမွေ့စေရေးအတွက် လူစီးရထားများပြေးဆွဲသည့် လမ်းများကို ဦးစားပေးဆောင်ရွက်ပေးရန်လိုကြောင်း၊ ရထားတွဲများ ပိုမိုချိတ်ဆက်ပြေးဆွဲ နိုင်ရေး ခေါင်းတွဲများစွမ်းရည် မြှင့်တင်နိုင်ရန် လိုကြောင်း၊ ရထားတွဲအရေအတွက် တိုးမြှင့် ချိတ်ဆွဲပြီး ခေါက်ရေလျှော့ချ ပြေးဆွဲနိုင်မည်ဆိုပါက ကုန်ကျစရိတ်သက်သာစေမည် ဖြစ်ကြောင်း၊ ရထားလမ်းများ ပြင်ဆင်ဖောက်လုပ်ရာတွင်လည်း စနစ်တကျဖြင့် တွက်ချက် စဉ်းစားဆောင်ရွက်ပြီး မလိုလားအပ်သည့် ငွေကြေးကုန်ကျမှု များမရှိစေရေး ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ ဖို့မြေများ ဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့စေရေးအတွက် အောက်ခြေခိုင်မာအောင် စနစ်တကျဖြင့် ဆောက် လုပ်ရန်လိုကြောင်း။

ပြည်ပမှတင်သွင်းမှုများကို လျှော့ချမိမိတို့နိုင်ငံတွင် သံမဏိထုတ်လုပ်ရန်အတွက် အခြေခံသံရိုင်း၊ ကျောက်မီးသွေးနှင့် ထုံးကျောက်များ ရှိပြီးဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လိုအပ်သည့်ဆောက်လုပ်ရေး လုပ်ငန်းသုံး သံမဏိများထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် နိုင်ပါက ပြည်ပမှတင်သွင်းမှု များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဒေသစက်မှု လုပ်ငန်းများ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် သံနှင့်သံမဏိ ပစ္စည်းဒေါ်လာ ၉၉၅ သန်း ခန့်တင်သွင်းခဲ့ရသဖြင့် ပြည်တွင်း သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းကို မြှင့်တင်၍ ပြည်ပမှတင်သွင်းမှုများကို လျှော့ချသွားရန် လိုကြောင်း။

အဓိကအင်အားစုအဖြစ်အားဖြည့်

ဆောက်လုပ်ရေးအတွက် သံမဏိများလိုအပ် သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုန်ကြမ်းထွက်ရှိသည့် ဒေသများတွင် ဘိလပ်မြေ စက်ရုံများလည်း ထပ်မံတိုးချဲ့ တည်ဆောက်ရန် လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံအတွက် မဟာဗျူဟာဖြင့် စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည်နိုးကြား တစ်ခေတ်ဆန်းလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက် ပိုမိုတိုးတက်လာစေရေး မြင်းခြံသံမဏိစက်ရုံမှ အဓိကအင်အားစုအဖြစ် အားဖြည့်နိုင်ပါစေကြောင်း ပြောကြား သည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ယင်းနေက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။ ထို့နောက် သံမဏိစက်ရုံအတွင်း သံရည်ကျို အလုပ်ရုံ၊ Melt Shop 2 တို့အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လက်ထောက် စက်ရုံမှူး ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 1287 items

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက် ၊ မေ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် ၊ မေ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် ၊ မေ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် ၊ မေ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက် ၊ မေ ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက် ၊ မေ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် ၊ မေ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက် ၊ မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက် ၊ မေ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက် ၊ မေ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download