ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပ
ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပ
Ministry of Information/ Naypyitaw / May 12, 2025

နေပြည်တော် မေ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ စာတမ်းဖတ်ပွဲသဘာပတိ ဆရာတော်ကြီးများဖြစ်ကြသည့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမာရ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရ နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၊ စာတမ်းရှင်ဆရာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အဖွင့်ဩဝါဒကထာမိန့်ကြား
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး သဘာပတိဆရာတော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ဘဒ္ဒန္တကုမာရနှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကေသရတို့က အဖွင့်ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)မှ အဘိဓမ္မပိဋကမဟာဌာန ပါမောက္ခ/ဌာနမှူးဆရာတော် ဒေါက်တာဘဒ္ဒန္တ ထေရိန္ဒာဘိဝံသက “ဗျာဒိတ်ရကြောင်း ရှစ်ပါးနှင့် ဗျာဒိတ်ခံဘဝတို့ တိုက်ဆိုင်လေ့လာခြင်း” စာတမ်းကို လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)မှ သုတ္တန္တပိဋကမဟာဌာန နည်းပြဆရာတော် ဘဒ္ဒန္တစန္ဒိမာက “ အနာဂတဝင်ကို ပိဋကတ်စာပေနှင့် နှိုင်းယှဉ်လေ့လာခြင်း” စာတမ်းကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် နိုင်ငံခြားဘာသာများ သင်ကြားရေးနှင့် ဘာသာပြန်မဟာဌာနဌာန ကြီးမှူးဆရာတော် ဒေါက်တာဘဒ္ဒန္တပါရမီက “ဗုဒ္ဓ မြတ်စွာပွင့်တော်မူခြင်းနှင့် ကမ္မဝါဒကို လေ့လာခြင်း” စာတမ်းကိုလည်းကောင်း၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်(စစ်ကိုင်း) မှ ပါမောက္ခဆရာတော် ဒေါက်တာ ဘဒ္ဒန္တဣန္ဒကက “ မဟာပရိနိဗ္ဗာနသုတ်ကို အခြေခံ၍ မြတ်ဗုဒ္ဓ၏ နောက်ဆုံး ဆယ်လအတွင်း ထူးခြားဖြစ်စဉ်များ လေ့လာသုံးသပ်ခြင်း” စာတမ်းတို့ကိုဖတ်ကြားကြပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက စာတမ်းများအလိုက်သိလိုသည်များကို မေးမြန်းလျှောက်ထားကြရာ စာတမ်းရှင်ဆရာတော်များက ပြန်လည်ဖြေကြားကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သဘာပတိဆရာတော်ကြီးများနှင့် စာတမ်းရှင် ဆရာတော်များအား စာတမ်းဖတ်ပွဲအခမ်းအနား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သဘာပတိအပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက စာတမ်းများနှင့် စပ်လျဉ်း၍ နိဂုံးချုပ် ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
