ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား စတုတ္ထအသုတ်အဖြစ် ၂၆၇ ဦး ထပ်မံပြန်လည်ခေါ်ဆောင်
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား စတုတ္ထအသုတ်အဖြစ် ၂၆၇ ဦး ထပ်မံပြန်လည်ခေါ်ဆောင်
Ministry of Information/ Naypyitaw / February 06, 2026
နေပြည်တော် ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများ ပြည်ပတွင်နေထိုင်စဉ်ကာလအတွင်း အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများမှတဆင့် အခက်အခဲများကို တင်ပြတောင်းခံလာပါက လိုအပ်သည့်ကူညီစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ဖေဖော်ဝါရီ ၆ ရက် ယနေ့တွင် စတုတ္ထအသုတ်အဖြစ် ထပ်မံခေါ်ဆောင်ပေးရာ ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသား ၅၉ ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့လည်းကောင်း၊ ညနေပိုင်းနှင့် ညပိုင်းတို့တွင် ထပ်မံ၍ မြန်မာနိုင်ငံသား ၂၀၈ ဦး ကို တပ်မတော်လေယာဉ်များဖြင့် ရန်ကုန်မြို့သို့လည်းကောင်း အသီးသီးပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို ဇန်နဝါရီ ၂၃ ရက်တွင်လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ၄၃၀ ဦးကို ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း၊ တတိယအသုတ်အနေဖြင့် ၁၆၃ ဦးကို ဇန်နဝါရီ ၂၆ ရက်တွင်လည်းကောင်း၊ စတုတ္ထအသုတ်အဖြစ် မြန်မာနိုင်ငံသား ၂၆၇ ကို ယနေ့တွင်လည်းကောင်း၊ မြန်မာ့လေကြောင်းလိုင်း(MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် အသီးသီးပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ ယနေ့အထိ မြန်မာနိုင်ငံသား ၉၉၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ယနေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့များအား ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား မင်္ဂလာဒုံ ခရိုင်/ မြို့နယ်တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3434 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
