ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်များကြောင့် မိုးစပါးသီးနှံများထိခိုက်ပျက်စီးသွားသည့် တောင်သူများအား မျိုးစပါးနှင့်ဓာတ်မြေဩဇာများထောက်ပံ့
ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်များကြောင့် မိုးစပါးသီးနှံများထိခိုက်ပျက်စီးသွားသည့် တောင်သူများအား မျိုးစပါးနှင့်ဓာတ်မြေဩဇာများထောက်ပံ့
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 11, 2024
ဘားအံ - ဩဂုတ် (၁၁)
ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ စံချိန်တင်မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ သဘာဝဘေးဒဏ်များကြောင့် စိုက်ပျိုးပြီး မိုးစပါးသီးနှံများထိခိုက်ပျက်စီးသွားသည့် တောင်သူများအား မျိုးစပါးနှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သဘာဝဘေးကြောင့်ထိခိုက်ပျက်စီးခံရ သည့်လယ်မြေများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် အချိန်မီအစားထိုးစိုက်ပျိုးနိုင်ရေး၊ ထိခိုက်သွား သည့်စပါးခင်းများအထွက်နှုန်းလျော့နည်းမှုမရှိစေရေးအတွက် ပြန်လည်ကုစားရမည့်နည်းစနစ်များကိုလိုက်နာဆောင် ရွက်ပြီး စိုက်ခင်းများရေပြန်ကျချိန်တွင် ကျရောက်တတ်သည့်ပိုးမွှားရောဂါများကို ကာကွယ်နှိမ်နှင်းနိုင်ရန် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့်အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ပေးသကဲ့သို့ ဒေသခံတောင်သူများအနေဖြင့်လည်း သီနှံအထွက် တိုးရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့်လယ်ယာကဏ္ဍတိုးတက်မြင့်မားရေးအတွက် အားသွန်ခွန်စိုက်ပူးပေါင်းဆောင် ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဘားအံ၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ် မြို့များရှိ ကျေးရွာအုပ်စု ၁၈ အုပ်စုမှ မိုးစပါးသီးနှံထိခိုက် ပျက်စီးသွားသောတောင်သူများအား မျိုးစပါး ၂၀၀ တင်း၊ (၅၀)ကီလိုဂရမ် ယူရီးယားဓာတ်မြေဩဇာ ၁၀၀ အိတ်၊ ပိုတက်ရှ်ဓာတ်မြေဩဇာ ၁၀၀ အိတ်နှင့် ဆေးဖြန်းပုံး ၂၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ကြရာ မိုးစပါးသီးနှံထိခိုက်ပျက်စီး တောင်သူများကိုယ်စား တောင်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ကရင်ပြည်နယ်အတွင်းရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့တွင် ဩဂုတ်လ ၈ ရက်နေ့ထိ စိုက်ပျိုးပြီးမိုးစပါး ၈၇၈၈ ဧက ထိခိုက်ခဲ့ပြီး ၁၄၉၇ ဧကပျက်စီးခဲ့ကာ မျိုးစပါး ၁၄၉၇ တင်း၊ ယူရီးယားဓာတ် မြေဩဇာ ၄၅၀ အိတ်၊ ပိုတက်ရှ်ဓာတ်မြေဩဇာ ၄၀၀ အိတ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။




Newspaper - 3544 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
