ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 05, 2025
နေပြည်တော် နိုဝင်ဘာ ၄
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး (၂) နော်သဇင်တုပ်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောမင်းမင်းမြိုင်တို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်၊ မြန်မာနိုင်ငံသူ/သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ရှေးဦးစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ကျွန်မကတော့ ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဗဟို၏ အတွင်းရေးမှူး (၂) နော်သဇင်တုပ် ဖြစ်ပါတယ်ရှင်။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ သဘောထား၊ မူဝါဒနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ဖတ်ကြားပါ့မယ်ရှင်-
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသော ပြည်သူများအားလုံးနှင့်အတူ ပူးပေါင်းလက်တွဲကာ ကရင်ပြည်နယ် အေးချမ်းသာယာဖွံ့ဖြိုးမှုမှတစ်ဆင့် အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင် ရန်အတွက် ရည်ရွယ်ပါသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ်အတွင်း အတူတကွ ယှဉ်တွဲနေထိုင်ကြသော ကရင်တိုင်းရင်းသားများ၊ အခြားသော တိုင်းရင်းသားများနှင့် မျိုးနွယ်စုများအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေး ပါတီဖြစ်ပါသည်။
ထို့ကြောင့် ကရင်ပြည်နယ်အတွင်း နေထိုင်ကြသော ကရင်တိုင်းရင်းသားများ၊ အခြားသော တိုင်းရင်းသားများနှင့် မျိုးနွယ်စုများအားလုံး လက်ရှိကြုံတွေ့နေရသည့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးစိန်ခေါ်မှုများ အခက်အခဲများအားလုံးကို လက်တွဲကာ ပူးပေါင်းအဖြေရှာနိုင်ရန်အတွက် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်ပါသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏နိုင်ငံရေးမူဝါဒ (၅) ချက်ကို ဖတ်ကြားပါ့မယ်ရှင်-
၁။ တိုင်းရင်းသား (၈) မျိုးနှင့် မျိုးနွယ်စုများအကြား တန်းတူညီမျှမှုကို အခြေခံ၍ အတူယှဉ်တွဲနေထိုင်နိုင်သည့် နိုင်ငံတော်အား တည်ဆောက်သွားရန်၊
၂။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီတစ်ခုခု၏ ဩဇာကိုမျှမခံယူဘဲ လွတ်လပ်စွာဖြင့် အများဆန္ဒနှင့်အညီ ဒီမိုကရေစီကျကျ ရပ်တည်သွားရန်၊
၃။ ဦးတည်ချက်နှင့် ရည်မှန်းချက်တူညီသော နိုင်ငံရေးပါတီများနှင့် မဟာမိတ်ဖွဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေးဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်သွားရန်၊
၄။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ လုပ်ဆောင်သွားရန်၊
၅။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ လိုက်လျောညီထွေဖြစ်စေမည့် ဘက်မလိုက်သည့် အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးသွားရန်တို့ ဖြစ်ပါသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားပါ့မယ်-
• ကရင်ပြည်နယ်အတွင်း နေထိုင်ကြသော ကရင်တိုင်းရင်းသားများနှင့် အခြားသော တိုင်းရင်းသားမျိုးနွယ်စုလူငယ်များ၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ရေတို၊ ရေလတ်၊ ရေရှည် မူဝါဒများကို ရေးဆွဲချမှတ် ကာ အကောင်အထည်ဖော်ဆောင်သွားရန်၊
• ရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းပေးနိုင်သည့်မူဝါဒများကို ပြည်ထောင်စုအစိုးရနှင့်အတူ ရေးဆွဲချမှတ်ကာ အကောင်အထည်ဖော်ဆောင်သွားရန်၊
• စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကဏ္ဍများ တိုးတက်စေရေးအတွက် နည်းပညာနှင့် အရင်းအနှီးဆိုင်ရာ မူဝါဒများကို ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းရေးဆွဲကာ အကောင်အထည်ဖော်ဆောင်သွားရန်၊
• သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများအတွက် မူဝါဒများကို ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းရေးဆွဲကာ အကောင်အထည်ဖော်ဆောင်သွားရန်၊ ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ/အဖွဲ့အစည်းများ (Stakeholder) နှင့် ညှိနှိုင်းပေါင်းစပ်ကာ မူဝါဒရေးဆွဲ အကောင် အထည်ဖော်ဆောင်သွားရန်၊
• ဥပဒေအရ အပြစ်ကျခံနေရသော အကျဉ်းသားများအားလုံးသည် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများနှင့်အညီ အကျဉ်းထောင်တွင် နေထိုင်ခွင့် ရရှိနိုင်ရန်နှင့် တရားမျှတစွာဖြင့် ထိုက်သင့်သော လွတ်ငြိမ်းချမ်းသာခွင့် ရရှိစေနိုင်ရန်အတွက် ကောင်းမွန်သော မူဝါဒများကို သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်အတူ ရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်သွားရန်၊
• ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံသားတိုင်း၏ အခွင့်အရေးအား ဖွံ့ဖြိုးတိုးတက်စေမည့် စံနှုန်းများကို အခြေခံပြီး အကောင်အထည်ဖော်ဆောင်သွားရန်၊
• နိုင်ငံတကာ သဘောတူညီချက်စာချုပ်ပါ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့်အတူလက်တွဲကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊
• လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာပြည်သူများ၏ လိုအပ်ချက်များနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ အစီအစဉ်များကိုလည်း ပြည်ထောင်စုအစိုးရနှင့် အတူလက်တွဲကာ ဦးစားပေးဆောင်ရွက်သွားရန်၊
• တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းမြေယာဆိုင်ရာ စီမံခန့်ခွဲမှုများကို အသိအမှတ်ပြုစေသော ဥပဒေများ/ မူဝါဒများကို ရေးဆွဲကာ အကောင်အထည် ဖော်ဆောင်သွားရန်၊
• လူသားအသိဉာဏ်၊ လူ့စွမ်းအင်အရင်းအမြစ်များကို အခြေခံသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာစေရေးအတွက် လုပ်ဆောင်သွားရန်တို့ဖြစ်ပါသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်သူများ၏ လိုလားတောင့်တချက်အရ ကရင်ပြည်သူများအားလုံး အကျိုးစီးပွားကို ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ ၂၀၁၇ ခုနှစ် မတိုင်မီကတည်းက တည်ထောင်ထားသော ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီ (၄) ပါတီကို ပြန်လည်ပူးပေါင်းပေးရာမှ ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီတစ်ခုဖြစ်ပါသည်။
ကရင်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း နေထိုင်ကြသော မြန်မာနိုင်ငံ သားများ အားလုံး၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုးပမ်းကာ အကောင်အထည်ဖော်ဆောင်သွားမည်ဟု ကတိပြုပါသည်။
• ပဋိပက္ခများချုပ်ငြိမ်းဖို့ KNDP ကို မဲပေးစို့။
• တန်းတူညီမျှ ဖွံ့ဖြိုးဖို့ KNDP ကို မဲပေးစို့။
• ကျွဲချိုဖားစည်နေဝန်းနီ ပြည်သူ့ဘဝမြှင့်တင်မည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
စောမင်းမင်းမြိုင်၏ ပိုးကရင်ဘာသာဖြင့် ဟောပြောချက် (မြန်မာဘာသာပြန်)
ချစ်ခင်လေးစားရပါသော လူကြီးမင်းများနှင့် သွေးချင်းညီအစ်ကို မောင်နှမများအားလုံး ကျက်သရေတိုးပြီး ပြီးပြည့်စုံ၍ အေးချမ်းရွှင်သာကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကျွန်တော်ကတော့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောမင်းမင်းမြိုင်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ် လွှတ်တော်၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ပါသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်ပါသည်။ နိုင်ငံတော်ကြီးနှင့် ပြည်နယ်ခေတ်မီတိုးတက်ရန်အတွက် အားလုံးမှပံ့ပိုးကူညီကြရမည်ဖြစ်ပါသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KAREN NATIONAL DEMOCRATIC PARTY (KNDP)သည် ကရင်ပါတီ လေးပါတီ ပူးပေါင်းပြီး တစ်ပါတီအဖြစ် တည်ထောင်လာခဲ့သည်မှာ ၂၀၁၇ ခုနှစ်ကတည်းက ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းသူပြည်သားများအတွက်ဖြစ်စေ၊ ကရင်တိုင်းရင်းသားများအတွက် ဖြစ်စေ ကြိုးစားလုပ်ဆောင်ကြရမည်။
ကရင်စာပေ ယဉ်ကျေးမှုနှင့် ရိုးရာယဉ်ကျေးမှုများ၊ ကရင်လူမျိုးတို့၏ မူလရပိုင်ခွင့်နှင့် ရှေးလူကြီးများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားသည့် အမျိုးသားအမွေအနှစ်များ တည်တံ့ခိုင်မြဲအောင် ကြိုးစား ဆောင်ရွက်သွားပါမည်။ ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကရင် အမျိုးသားနှစ်သစ်ကူးနေ့၊ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲနှင့် ကရင်အမျိုးသားနေ့ စသည့်နေ့ထူးနေ့မြတ်များကို ဖော်ထုတ်ထိန်းသိမ်းသွားပါ မည်။
ရောင်ခြည်ကိုးသွယ်နှင့် ဖားစည်ကျွဲချို အမှတ်တံဆိပ်သည် KNDP ၏ အမှတ်တံဆိပ်ဖြစ်ပါသည်။ သေချာစွာမှတ်သားထားကြပါ။ ကရင်လူမျိုးကို ချစ်ပြီး KNDP ပါတီကို မြတ်နိုး တန်ဖိုးထားမည်ဆိုပါက ဂုဏ်ယူဝမ်းမြောက်မိပြီး ကျေးဇူးအထူးတင်ရှိပါသည်။ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ပါတီသည် တိုင်းရင်းသား ပြည်သူများနှင့် ကရင်လူမျိုးတို့၏ အားပေးကူညီမှုကို အထူးလိုအပ်ပါသည်။ ချစ်ခင်လေးစားရပါသော မဲဆန္ဒရှင်များ သေချာစဉ်းစား၍ မြင်အောင်ကြည့်ပြီး ယုံကြည်စိတ်ချစွာဖြင့် ကျွန်ုပ်တို့၏ KNDP ပါတီကို မဲပေးကြပါစို့......။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စောမင်းမင်းမြိုင်၏ စကောကရင်ဘာသာဖြင့် ဟောပြောချက် (မြန်မာဘာသာပြန်)
အေးချမ်းသာယာပြီး ကျက်သရေအပေါင်းနှင့် ပြည့်စုံပါစေ။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် နိုင်ငံ တော်နှင့် ပြည်သူတို့အတွက် အရေးကြီးလှပါသည်။ ပြည်သူတို့၏ သဘောထား ကို ထင်ဟပ်ပေါ်လွင်စေမည်ဖြစ်သကဲ့သို့ နိုင်ငံမှ ဆောင်ရွက်ရမည်များကိုလည်း သိရှိစေမည်ဖြစ်ပါသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို အလေးထားပြီး တလေးတစား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အမှားအယွင်း မဖြစ်စေဘဲ မှန်မှန်ကန်ကန် မဲပေးကြရမည်။ အသဲကြားက မဲတစ်ပြား၏ တန်ဖိုးကိုသိ၍ တန်ဖိုးရှိစွာ အသုံးချကြရမည်။ ကျွဲချို၊ ဖားစည်၊ နေဝန်းနီ အမှတ်တံဆိပ်နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ကို မဲပေးကြပါ။ ကရင်ပြည်နယ်အတွက်၊ ကရင်ပြည်နယ်သူ/သားများအတွက် သင်၏ ဆန္ဒမဲ တစ်ပြား အလဟဿ မဖြစ်ရအောင် ကျွန်ုပ်တို့၏ KNDP ကို မဲပေးကြပါ။
ကျေးဇူးပြု၍ ထပ်မံ၍ ပြောပါမည်။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ကို မဲပေးကြပါစို့......။
အားလုံးကျန်းမာကြပါစေ။ အရာအားလုံးအောင်နိုင်ကြပါစေ။
ပါတီ၏သီချင်းစာသား
အပိုင်း(၁)
(KNDP)J [ဟေ့ ဟေ့ ဟေ့ ဟေ့ ] ၄ ဖားစည်၊ ကျွဲချို သံချိုချိုနဲ့၊
ရှေ့ဘက်ရောင်နီ ထွက်လာပြီ.............. ငြိမ်းချမ်းရေးနိမိတ်၊
ငြိမ်းချမ်းခြင်း နိမိတ် မျှော်လင့်ချက် ရောင်ခြည်...
ကရင်အမျိုးသားများအားထားရာသည်၊ ဒီမိုကရက်တစ်ပါတီ...
အပိုင်း(၂)
(သွားမယ်၊ သွားမယ်၊ ဒို့မဲသွားပေးမယ် တို့ကရင် KNDP ၊ တို့ရဲ့
အမျိုးသားကို ကိုယ်စားပြုတဲ့ ယုံကြည်ရမဲ့ ဖားစည် ကျွဲချို KNDP)
J ဒို့တွေဘဝ နောက်မကျ ရအောင် ညီအစ်ကိုမောင်နှမတွေရေ
ဒါကြောင့် မဲထည့်မယ် တို့ကရင်ပါတီ၊ ဝေး…KNDP ...
အပိုင်း(၃)
ဒို့တွေဘဝ နောက်မကျရအောင် ညီအစ်ကိုမောင်နှမတွေရေ
(ဒါကြောင့်မို့မဲထည့်မယ် တို့ကရင်ပါတီ ၊ ဝေး. .KNDP ..) ၃
အပိုင်း(၄)
တို့ညီရင်းအစ်ကို (ပိုး နဲ့ စကော) တို့ရေ၊ ရွေးကောက်ပွဲမှာ
တို့ဆန္ဒရှိတဲ့အတိုင်း တို့တတွေ မဲပေးကြမယ်နော်၊
ကျွဲချိုနဲ့ ဖားစည်ကိုတွေ့ရင် KNDP ပဲနော်၊ တို့ကရင်ပါတီကို
တို့တတွေ မဲပေး ကြမယ်.. တို့ညီရင်းအစ်ကိုတွေ၊ နင်ရယ် ငါရယ်ဆိုပြီး
စိတ်ဝမ်း မကွဲကြနဲ့နော်၊ KNDP ကရင်ပါတီ ကရင်အမျိုးအတွက်ပါနော်၊ အမျိုးကိုချစ်စိတ်နဲ့ KNDP ကရင်ပါတီကို မဲပေးကြစို့နော်...
Newspaper - 3339 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
