ကာဇက်စတန်နိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလေ့လာရေးအစီအစဉ်သို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
ကာဇက်စတန်နိုင်ငံ၏ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလေ့လာရေးအစီအစဉ်သို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
Ministry of Information/ Naypyitaw / March 18, 2026
နေပြည်တော် မတ် ၁၇
ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လေ့လာရေးအစီအစဉ်သို့ သွားရောက်လေ့လာခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် ဦးခင်မောင်ကြီးတို့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
လေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၄ ရက်တွင် ဗဟိုဆန္ဒခံယူပွဲကော်မရှင် (The Central Referendum Commission of the Republic of Kazakhstan – CRCRK) ၌ ကျင်းပပြုလုပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ မတ် ၁၅ ရက်တွင် မဲရုံများ စတင်ဖွင့်လှစ်မှုအခြေအနေနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုလုပ်ငန်းစဉ်များကို လေ့လာခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်မှုလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ကြပြီး မတ် ၁၆ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ကနဦးရလဒ်များ ထုတ်ပြန်ခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လေ့လာခဲ့ကြသည်။
ထို့ပြင် လေ့လာရေးခရီးစဉ်သို့ တက်ရောက်လာသည့် နိုင်ငံတကာရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3473 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
