ကိုယ့်မြို့ ကိုယ့်ရပ်ရွာ သာစေကြောင်း


Ministry of Information/ Naypyitaw / May 23, 2026
image_latest


ရပ်ရွာဒေသများ အပတ်စဉ် သန့်ရှင်းရေးစုပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိကြရာ သန့်ရှင်းသပ်ရပ်မှုများမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုတိုးတက်လာသည်။ သို့ရာတွင် သန့်ရှင်းရေးပြုလုပ်ကြရုံမျှဖြင့် မလုံလောက်ဘဲ ပြုလုပ်ပြီးသမျှ သန့်ရှင်းမှုတို့ တည်စေ၊ မြဲစေဖို့ ရပ်ရွာနေသူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် လိုသည်။ အပတ်စဉ် ရုံးပိတ်ရက်တစ်ရက်တွင် ဝိုင်းဝန်းစုပေါင်းသန့်ရှင်းရေးလုပ်လိုက်ကြပြီး ကျန်ရက်သတ္တတစ်ပတ်လုံး စည်းကမ်းမဲ့စွာ စွန့်မြဲ၊ ပစ်မြဲ၊ ရှုပ်မြဲ၊ ဖွမြဲ လုပ်ကြမည်ဆိုလျှင် တစ်ရက်ခံသန့်ရှင်းရေးမျှသာ ဖြစ်မည်။

မြို့ရွာများ သန့်ရှင်းမှုသည် ဇာတိပဝတ္တိနေထိုင်ကြသူတိုင်း၏ ကိုယ်ရောစိတ်ပါ နှစ်ဖြာသော ကျန်းမာချမ်းသာမှုတို့အပေါ် များစွာအကျိုးသက်ရောက်မှုရှိသည်။ သန့်ရှင်းမှုအပေါ်တွင် သပ်ရပ်မှုကိုပါ ထပ်ဆင့်မည်ဆိုလျှင် ထိုအရပ်ဒေသသည် စိတ်နှလုံး မွေ့လျော်ဖွယ်ဖြစ်လာသည်။ လမ်းများ၊ လူသွားစင်္ကြံများ၊ ရေနုတ်မြောင်းများ၊ တူးမြောင်းများ၊ ရေကန်များ၊ လူနေအိမ်ရာ အဆောက်အအုံများ၊ နေအိမ်ဥပစာ ခြံစည်းရိုးများနှင့် ဥယျာဉ်ငယ်များ၊ အရိပ်ရပင်များနှင့် ရာသီအလိုက် ဖူးပွင့်ကြသည့် အပင်များ၊ ဈေးများ၊ ဆိုင်များ၊ အများပြည်သူဆိုင်ရာနေရာများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ စသည်ဖြင့် မြို့ပြနှင့် သက်ဆိုင်သည့်အရာများအားလုံး သူ့နေရာနှင့်သူ သန့်ရှင်းသပ်ရပ်နေသည့် ကမ္ဘာကျော်မြို့များ၏ မြို့ပြရှုခင်းမြင်ကွင်းများကို တွေ့မြင်ကြရသူတိုင်းက ရင်သပ်ရှုမောကြသည်။ စိတ်ကြည်နူးပျော်မွေ့ဖွယ်ရာ ထိုနေရာ၊ ထိုဒေသများသို့ အရောက်သွား၍ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုကြသည်။

စင်စစ်အားဖြင့် မိမိတို့နိုင်ငံရှိ မြို့ရွာဒေသအားလုံးတို့မှာလည်း ကိုယ်ပိုင်အလှတရားနှင့် ထူးခြားချက်ကိုယ်စီရှိကြသည်ချည်းသာဖြစ်သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှသည် တိုင်းဒေသ ကြီးများနှင့် ပြည်နယ်များ၏ မြို့တော်များ၊ ဒေသအလိုက် ကွဲပြားခြားနားသည့် ပထဝီအနေအထားနှင့် ဂုဏ်တင်လောက်စရာ အလှကိုယ်စီပိုင်ဆိုင်ထားသည့် မြို့များ၊ ရွာများ များစွာတို့မှာ မိမိတို့ ဖော်ထုတ်နိုင်ကြမည်ဆိုလျှင် ကမ္ဘာကျော်နိုင်မည့် နေရာများပင်ဖြစ် သည်။ သို့ရာတွင် မိမိတို့မြို့ရွာများစွာတို့၏ ပကတိအလှတရားတို့မှာ ဖော်ထုတ်မှု၊ ထိန်းသိမ်းမှုတို့အားနည်းနေသလို ချုံနွယ်ပိတ်ပေါင်းများ၊ ကျူးကျော်အဆောက်အအုံများ၊ အမှိုက်သရိုက်များ၏ ဖုံးကွယ်မှုနောက်သို့ ရောက်ရှိနေသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ ကိုလိုနီခေတ်လက်ကျန်သမိုင်းဝင်အဆောက်အအုံများ၊ ဒေသ၏ ထင်ရှားသော အထိမ်းအမှတ် (Landmark) အရာဝတ္ထုများ၊ ထင်ရှားသောပုဂ္ဂိုလ်များနှင့် ဆက်နွှယ်နေသည့် အဆောက်အအုံများ၊ ရာဇဝင်ပုံဝတ္ထုများ စသည်တို့နှင့် သက်ဆိုင်သည့်နေရာများ စသည်တို့မှာ မြို့ရွာဒေသများစွာတို့မှာ ကိုယ်စီရှိနေကြသည်။ ထိုကဲ့သို့သော အဆောက်အအုံ၊ အရာဝတ္ထု၊ အထိမ်းအမှတ်နေရာ စသည်တို့ကို ကမ္ပည်းထိုး၍ ဖော်ထုတ်ထိန်းသိမ်းကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ မုတ်သုံလေ ဝင်ရောက်ခဲ့ပြီဖြစ်ရာ မကြာမီမိုးရာသီရောက်ရှိလာတော့မည်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွင် မိုးလေတို့သည် အစိုးမရ။ အစွန်းရောက် မိုးလေ၀သဖြစ်စဉ်တို့ ချိန်ခါမရွေးဖြစ်ပေါ်နိုင်သည်ဟု မျှော်လင့်ထား ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မိမိတို့နေထိုင်ရာ ရပ်ရွာများအတွင်း အမှိုက်သရိုက်များနှင့် ချုံနွယ်ပိတ်ပေါင်းများ ကင်းစင်နေစေရန် ရှင်းလင်းထားကြရမည်ဖြစ်သကဲ့သို့ လမ်းများပေါ်တွင် ရေမတင်စေရန်၊ ရေနုတ်မြောင်းများ ရေဆင်းကောင်းစေရန်လည်း ရှင်းလင်းထားကြရမည်ဖြစ်သည်။ မြို့တွင်းလမ်းများတွင် သစ်ပင်များ အုပ်မိုးခြင်းသည် အရိပ်ရခြင်းထက်ပို၍ မှောင်နေစေမည်၊ လမ်းပေါ်တွင် စိုစွတ်နေစေမည်ဆိုပါက သစ်ကိုင်းများကို လိုအပ်သလောက် ဖယ်ရှားရှင်းလင်းကာ အလင်းဖွင့်ပေးရမည်ဖြစ်သည်။

ထို့အပြင် မြင်ကွင်းညစ်ညမ်းမှုကို ဖြစ်စေသည့် ကြော်ငြာဆိုင်းဘုတ်အဟောင်းအပျက်များ၊ လျှပ်စစ်ကြိုး၊ ဖုန်းကြိုး၊ အင်တာနက်ကြိုးအရှုပ်အထွေးများ၊ နံရံကပ်ကြော်ငြာများအပါအဝင် အသုံးပြုခြင်းမရှိသည့် အရာဝတ္ထုများအားလုံးကိုလည်း အများပြည်သူမြင်ကွင်းမှ ဖယ်ရှားပစ်ရန် လိုမည်ဖြစ်သည်။ သို့ရာတွင် အချို့သော အပျက်အစီးအဟောင်းအနွမ်းတို့သည် သမိုင်းတန်ဖိုးရှိသော ဒေသ၏ အမွေအနှစ်ဖြစ်နေပါက စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရမည်လည်းဖြစ်သည်။ မိမိတို့နေထိုင်ရာ လုံးချင်းအိမ်များ၊ စုပေါင်းအိမ်ရာများနှင့် ရုံးဌာနဆိုင်ရာအဆောက်အအုံ မျက်နှာစာများ စသည်တို့ကို အမြဲထာဝစဉ်သပ်ရပ်တင့်တယ်စွာ ထိန်းသိမ်းထားကြရန်နှင့် မိမိတို့နေထိုင်ရာ မြို့ပြရပ်ရွာများ လှပတင့်တယ်မှုသည် မိမိတို့၏ ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ဂုဏ်ယူလိုစိတ်မွေးကြရန်လည်းလိုသည်။

မြန်မာစကားတွင် “အိမ်သာလျှင် ဧည့်လာသည်” ဟူ၍ ဆိုရိုးရှိရာ ကိုယ့်အိမ်ကိုယ့်ရာသဖွယ်ဖြစ်သော ကိုယ့်မြို့ကိုယ့်ရွာသို့ ဧည့်ကောင်းဆောင်ကောင်းတို့ လာရောက်ကြခြင်းဖြင့် ဒေသအကျိုး၊ မိမိတို့အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည့်အလျောက် ရပ်ရွာများ သန့်ရှင်းသာယာလှပစေရန် ဆောင်ရွက်ရာတွင် တစ်တပ်တစ်အားပါဝင်ကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3534 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download