ကိုယ်တိုင်ထုတ်လုပ်သုံးစွဲ၊ ကုန်ကျစရိတ်သက်သာ သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာ


Ministry of Information/ Naypyitaw / April 05, 2026
image_latest


မြန်မာနိုင်ငံတွင် စပါးစိုက်ဧက စုစုပေါင်း ၁၇ သန်းကျော်နှင့် သီးနှံစိုက်ဧက စုစုပေါင်း ၁၈ သန်းခန့်ရှိသည်။ မိုးစပါး၊ နွေစပါး၊ မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံစသည်ဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးနေကြခြင်းဖြစ်သည်။ ကောက်ပဲသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးကြရာတွင် အထွက်ကောင်းရေး၊ ရောင်းပန်းလှရေးစသည်တို့အတွက် ဓာတ်မြေသြဇာများကို သုံးစွဲလာကြရာ ဝယ်ယူရလွယ်ကူခြင်း၊ သုံးစွဲရလွယ်ကူခြင်း၊ အပင်များနှင့် အပွင့်အသီးများကြီးထွားမှုကို အချိန်တိုအတွင်း တွေ့မြင်ရခြင်းစသည့် အားသာချက်များကြောင့် မိရိုးဖလာသုံးစွဲခဲ့ကြသည့် သဘာဝမြေသြဇာများထက် ပိုမိုသုံးစွဲ လာကြသည်။

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် တစ်နှစ်တာလုံး ဓာတ်မြေသြဇာလိုအပ်ချက်မှာ တန်ချိန် ၄ ဒသမ ၂ သန်း ဖြစ်ပြီး ပြည်တွင်းရှိ ဓာတ်မြေသြဇာ စက်ရုံများမှ လိုအပ်ချက်၏ အနည်းငယ်မျှသာ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ခြင်းကြောင့် အများစုကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည်။ ယခုအခါ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခဖြစ်ပွားနေခြင်းမှ ရိုက်ခတ်လာသည့် အကျိုးဆက်ကြောင့် ဓာတ်မြေသြဇာဈေးနှုန်းများမြင့်တက်လာခဲ့ရာ ပြည်တွင်းရှိ တောင်သူလယ်သမားများအဖို့ စရိတ်စကများကြီးမြင့်မှုနှင့် ရင်ဆိုင်လာခဲ့ကြရသည်။ သို့ဖြစ်ရာ ဓာတ်မြေသြဇာ လျှော့ချသုံးစွဲနိုင်ရေး နည်းလမ်းတစ်ရပ်အဖြစ် သဘာဝမြေသြဇာများကို အဓိကအားထားအသုံးပြုရန် လိုအပ်လာသည်။

မြန်မာနိုင်ငံသည် နှစ်စဉ်ပျမ်းမျှခြင်းအားဖြင့် ဆန်တန်ချိန် ၁၃ သန်းမှ ၁၄ သန်းခန့်၊ ပြောင်း တန်ချိန် ၂ သန်းခွဲမှ ၃ သန်းခန့်၊ ပဲမျိုးစုံတန်ချိန် ၂ သန်းခန့်နှင့် ဖရဲ၊ သခွား၊ ဟင်းသီးဟင်းရွက် စသည်တို့ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ အဆိုပါစိုက်ပျိုးရေးလုပ်ငန်းများမှ ဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများမှာလည်း တန်ချိန်ပေါင်းသန်းနှင့်ချီ၍ ရှိနေသည်။ အဆိုပါ စိုက်ပျိုးရေးဘေးထွက်ပစ္စည်း၊ စွန့်ပစ်ပစ္စည်းများကိုမီးရှို့ခြင်း (Fire hotspot) များကြောင့် မီးခိုး မြူငွေ့များထွက်ပေါ်သည့် ပြဿနာလည်း ရှိနေသည်။ သဘာဝမြေသြဇာသည် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့မှ စွန့်ပစ်ပစ္စည်းများ၊ ဘေးထွက်ပစ္စည်းများကို အဓိကကုန်ကြမ်းများအဖြစ် အသုံးပြု၍ ထုတ်လုပ်ရခြင်းဖြစ်ရာ သဘာဝမြေသြဇာထုတ်လုပ်မည့် တောင်သူများ၊ လယ်သမားများအနေဖြင့် အဆိုပါစွန့်ပစ်ပစ္စည်းများကို စနစ်တကျရယူစုဆောင်းခြင်း၊သိမ်းဆည်းခြင်းတို့ ဦးစွာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

သဘာဝမြေသြဇာများကို စုဆောင်းရာတွင် အလွယ်အားဖြင့် အရိပ်ရပြီး ရေမဝပ်သည့်နေရာကို ရွေးချယ်၍ မြေဆွေးကျင်း၊ မြေဆွေးပုံများ ပြုလုပ်စုဆောင်းကြရခြင်းဖြစ်သည်။ မြေဆွေးကျင်း သည် အရှည် ၁၀ ပေ၊ အကျယ် ၈ ပေ၊ အနက် ၆ ပေခန့် ရှိသင့်ပြီး တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများဖြစ်ကြသော နွားချေး၊ ကျွဲချေး၊ ကြက် ချေး၊ ဆိတ်ချေး စသည်များ၊ လယ်ယာထုတ်ကုန် ဘေးထွက်ပစ္စည်း များဖြစ်သည့် စပါးခွံ၊ မြေပဲခွံ၊ ပြောင်းဖူးရိုး၊ ပြောင်းဖူးဖက်၊ နှမ်းရိုး၊ ကြံချေး၊ ကြံမြှုပ်စသည်များ၊ အပင်နှင့် အပင်အကြွင်းအကျန်များ၊ အဏုဇီဝများစသည်တို့ကို တစ်လွှာပြီးတစ်လွှာ ဖြန့်ထည့်သွားရ ခြင်းဖြစ်သည်။

သစ်ရွက်စိမ်းမြေသြဇာသည်လည်း သဘာဝမြေသြဇာ ဖြစ်သည်။ ပဲလွမ်း၊ ပိုက်ဆံလျှော် စသည့် ပဲမျိုးရင်းဝင် အစိမ်းရောင်အပင်များကို စိုက်ပျိုးပြီး မြေကြီးထဲသို့ ထွန်ယက်မြှုပ်နှံ၍ ဆွေးမြည့် စေခြင်းဖြင့် မြေဆီလွှာကို အာဟာရဓာတ်ကြွယ်ဝစေခြင်းဖြစ်သည်။ သစ်ရွက်စိမ်းမြေသြဇာသည် အထူးသဖြင့် မြေဆီလွှာကို နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝစေပြီး မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိကို တိုးတက်စေသည်။ အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို တိုက်ရိုက်ဖြည့်ဆည်းပေးသည်။ သစ်ရွက်စိမ်း မြေသြဇာပင်ကို အပင်ကြီးထွားနှုန်း ကောင်းမွန်သည့်အချိန် (ပန်းပွင့်ခါနီး) အချိန်တွင် ထွန်ဖြင့်မြေထဲသို့ ထိုးမြှုပ်ပြီး ဆွေးမြည့်စေခြင်းနှင့် နောက်ထပ်နည်းလမ်းအဖြစ် ပိုက်ဆံလျှော်ကို ပထမအကြိမ် ဖြတ်တောက်ပြီး ၎င်းကိုမြေမြှုပ်၊ ကျန်သည့်အပင်ကို ရက်ပေါင်း ၇၀ အထိဆက်လက်ရှင်သန်စေကာ နောက်တစ်ကြိမ်ထပ်မံ၍ မြှုပ်နှံခြင်းနည်းလမ်းတို့ကိုလည်း ဆောင်ရွက်နိုင်သည်။

ဓာတ်မြေသြဇာမှလွဲလျှင် သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာတို့ကို တောင်သူလယ်သမားတို့ ကိုယ်တိုင်ထုတ်လုပ်နိုင်ကြပြီး မိမိတို့ပြည်တွင်း ဒေသထွက်ကုန်များကိုပင် အသုံးပြု၍ အခက် အခဲမရှိ ထုတ်လုပ်နိုင်ကြသည်။ ကမ္ဘာနှင့်ချီ၍ အခက်အခဲဖြစ်နေသည့် ဓာတ်မြေသြဇာကို ဈေးကြီးပေးဝယ်သုံးကြရမည့် အခြေအနေတွင် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲကြခြင်းဖြင့် အခက်အခဲကို ကျော်လွှားနိုင်ကြပါစေကြောင်း။ ။

Newspaper - 3491 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download