ကိုရီးယား-မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ်တို့အတွက် သရုပ်ဆောင်ရွေးချယ်ပွဲဆက်လက်ကျင်းပ
ကိုရီးယား-မြန်မာ ပူးပေါင်းရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ်တို့အတွက် သရုပ်ဆောင်ရွေးချယ်ပွဲဆက်လက်ကျင်းပ
Ministry of Information/ Naypyitaw / October 20, 2025

ရန်ကုန် အောက်တိုဘာ ၁၉
ကိုရီးယား-မြန်မာ ပူးပေါင်း ရိုက်ကူးထုတ်လုပ်မည့် လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲနှင့် အားကစားအစီအစဉ် (All PASS DRAMA & Sports Game) တို့ အတွက်သရုပ်ဆောင်ရွေးချယ်ပွဲ (Audition) ကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ရုပ်မြင်သံကြားတွင် ယနေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းက နှစ်ကြိမ်ခွဲ၍ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမှ အသက် (၁၈) နှစ်မှ (၃၀) နှစ် အကြား ရွှေကြို အနုပညာရှင်သရုပ်ဆောင်များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ စိတ်ပါဝင်စားသူလူငယ်များပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါ Audition သို့ ကိုရီးယားနိုင်ငံမှ ဇာတ်လမ်းရိုက်ကူးမည့် ဒါရိုက်တာ Mr. GYE, YOON SIK၊ Sidus HQ Entertainment Company ဥက္ကဋ္ဌ Mr. CHUNG HOONKWANG ၊ ကိုရီးယားရုပ်သံ ကုမ္ပဏီ KK Media မှ ဒါရိုက်တာ နှစ်ဦး စုစုပေါင်းလေးဦးတို့က အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ကြပြီး ဒုတိယနေ့ Audition သို့ မြန်မာနိုင်ငံမှ လူငယ်အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၆ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုကဲ့သို့ Audition ကို ကိုရီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ပြုလုပ် ခဲ့ရာ လူငယ်အမျိုးသား အမျိုးသမီးစုစုပေါင်း ၈၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ နိုင်ငံတွင်လည်း အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့က Audition ၂ ရက်ခွဲ၍ ပြုလုပ်ရာ လူငယ်အမျိုးသား အမျိုးသမီး စုစုပေါင်း ၄၇ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ကိုရီးယား -မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု နှစ်(၅၀)ပြည့် မြောက်မှုကို ဂုဏ်ပြုသောအားဖြင့် ကိုရီးယား-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်၊ နှစ်နိုင်ငံတို့မှလူငယ်ပရိသတ်များ အရည်အချင်း တိုးတက်လာစေရန်နှင့် စိတ်ခွန်အားပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ကိုရီးယားနှင့် မြန်မာနိုင်ငံတို့မှ လူငယ်သရုပ်ဆောင်များအား အဓိကသရုပ်ဆောင်နှင့် ဇာတ်ပို့/ဇာတ်ရန်များ ခွဲခြား၍ စိစစ်ရွေးချယ်ခြင်းဖြစ်သည်။
ယင်း ရုပ်သံဇာတ်လမ်းတွဲအား ကိုရီးယားနှင့်မြန်မာနိုင်ငံတို့တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် အပြန်အလှန်သွားရောက်၍ ပူးပေါင်းရိုက်ကူးကြမည်ဖြစ်ပြီး Sports Game ရုပ်သံ အစီအစဉ်ကိုလည်း ကိုရီးယားဒါရိုက်တာဖြင့် နေပြည်တော်တွင် Indoor/Outdoor ခွဲခြားကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းတွင် စတင်ရိုက်ကူးမည်ဖြစ်ကာ ၂၀၂၆ ခုနှစ်မတ်လအပြီး ထုတ်လုပ်ပြသ နိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) နှင့် ကိုရီးယားနိုင်ငံ KK Media Co., Ltd တို့ ပူးပေါင်း၍ ခွဲဝေကျခံကာ ရိုက်ကူးထုတ်လုပ်ပြသသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်
Newspaper - 3324 items

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။
