ကော့သောင်းမြို့တွင် မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး၊ အသက်(၁၂၁)နှစ်အဘွားအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်


Ministry of Information/ Naypyitaw / October 28, 2025
image_latest


ကော့သောင်း အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ် အဘွားဒေါ်ပန်းနွယ်အား ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ကြောင်းသိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ(၁)ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဖြစ်သတ်မှတ်ပြီးဂုဏ်ပြုချီးမြှင့်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်၍ (‌၁၂၁)နှစ်အရွယ် အဘိုး၊ အဘွားနှစ်ဦးအား  မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဘိုး၊ အဘွားအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြပြီး တစ်ဦးလျှင် (၁၀)သိန်းကျပ် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။

ထို့သို့ ပေးအပ်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သန်းသန်းဝင်းနှင့်တာဝန်ရှိသူများ၊  ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ  ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းနေ အသက်(၁၂၁)နှစ်ရှိ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘွား ဒေါ်ပန်းနွယ်နေအိမ်သို့  လူမှုဝန်ထမ်းဦးစီးဌာနမှပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေ (၁၀)သိန်းနှင့်အတူ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်  ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌‌ရေးအဖွဲ့တို့မှလည်း  ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့‌ကြသည်။

မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဘွားနှစ်ဦးမှာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ပုလဲတွင်းလမ်းနေ အသက်(၁၂၁)နှစ် အဘွား ဒေါ်ပန်းနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တက်သစ်ကျေးရွာအုပ်စု တပ်ရွာကျေးရွာနေ အသက်(၁၂၁)နှစ်အရွယ် အဘိုးဦးသိန်းအောင်တို့ဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)

Newspaper - 3332 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download