ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေးစဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်
ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေးစဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / January 19, 2026
ရန်ကုန် ဇန်နဝါရီ ၁၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ အရေးပေါ်လူနာဌာနတွင် လူနာများလက်ခံကြည့်ရှုပေးနေမှု၊ အရေးပေါ်ဌာနအဆောက်အအုံ မွမ်းမံပြင်ဆင်ထားရှိမှု၊ သွေးလှူဘဏ်နှင့် ဓာတ်ခွဲဌာနတို့တွင် အရေးပေါ်သွေးနှင့် သွေးပစ္စည်းများ ထုတ်ပေးနိုင်ရေးပြင်ဆင်ထားရှိမှု၊ အရေးပေါ်ဓာတ်ခွဲစစ်ဆေးမှုများ ၂၄ နာရီ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လာရောက်ကုသမှုခံယူသော လူနာနှင့်မိသားစုများ၊ ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။
ထို့နောက် ဆေးရုံကြီး၏အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သည် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါများအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံးကုသရေးဌာနဖြစ်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ သင်ကြားရေးဆေးရုံကြီးလည်း ဖြစ်သည့်အတွက် မျိုးဆက်သစ်သားဖွားမီးယပ် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ ကုသမှုအရည်အသွေးကောင်းမွန်စေရေး လေ့ကျင့်မွေးထုတ်မှုသာမက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှင့် တိုက်နယ်ဆေးရုံများ၌ မိခင်ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုသမှုအရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက်လည်း လိုအပ်သည်များ အကြံပြုသင်ကြားဆောင်ရွက်ပေးကြစေလိုကြောင်း။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် ပြောင်းလဲဖွင့်နိုင်ရေးနှင့် သူနာပြုများ၏ရာထူးတိုးမြှင့်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုကာစစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ကိုလည်း ယခုထက် ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပြီး လိုအပ်ချက်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဆေးရုံကြီးဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ဆေးရုံဝန်ထမ်းအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ရာတွင် ရှေးဟောင်းအဆောက်အအုံဖြစ်သည်နှင့်အညီ မူလအဆောက်အအုံ၏ မူဟန်မပျက် ပြုပြင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကပံ့ပိုးပေးလျက်ရှိသည့် ထောက်ပံ့မှုများကို လူနာများအကျိုးရှိစွာ ခံစားရရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မွေးကင်းစကလေးကြည့်ရှုကုသမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်၍ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ သွားနှင့်ခံတွင်းကုသ ခန်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်အခန်း တို့ကိုကြည့်ရှု၍ လိုအပ်သည်များမှာကြားကာ အသက်နှစ်နှစ်ရှိပြီဖြစ်သည့် ရင်ချင်းဆက်အမြွှာ မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့ကို ကြည့်ရှုစောင့်ရှောက်မှုပေးနေသည့်အခြေအနေကို သွားရောက်ကြည့်ရှုပြီး ရင်ချင်းဆက်အမြွှာများ ခွဲစိတ်ကုသမှုဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုများနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3468 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
