ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဩဂုတ်လအတွက် ဝန်ထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) နှင့် ဆီထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့ တက်ရောက်အမှာစကားပြောကြား


Ministry of Cooperatives and Rural Development/ Naypyitaw / August 13, 2024
image_latest


ဩဂုတ် ၁၂ နေပြည်တော်

            သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ်လ  ၁၂ ရက်နေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ဌာန အကြီးအကဲများ၊ အရာထမ်း/အမှုထမ်း ဝန်ထမ်းများနှင့် တွေ့ဆုံ၍  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ သက်တမ်းမှာ(၇) နှစ်ကျော်လွန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဌာနရှိဝန်ထမ်းများအနေဖြင့် ဦးစီးဌာနမှ ချမှတ်ထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း အကောင်းဆုံးဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါ စည်းမျဉ်း/စည်းကမ်းများ အတိုင်း အလေးထား လိုက်နာ‌ဆောင်ရွက် ကြရန်လိုကြောင်း၊ အင်ဂျင်နီယာအများစုဖြင့် စုဖွဲ့ထားသည့် ဌာနဖြစ်၍ ပညာရပ်ပိုင်းတွင် ဝန်ထမ်းများအနေဖြင့် အရည်အချင်း အပြည့်အဝရှိပြီးဖြစ်ပါသဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားအောင် ဆောင်ရွက်ရန်လိုကြောင်း၊  ဦးစီးဌာန၏ ယုံကြည်ချက် ခံယူချက်အတိုင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ရရှိသည့် ဝင်ငွေအပေါ် ချင့်ချိန်သုံးစွဲရန်လိုအပ်ပြီး တင်းတိမ်ရောင့်ရဲစိတ်မွေးနိုင်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်ဌာနချစ်စိတ် မွေးမြူရမည်ဖြစ်ပါကြောင်း၊ ဌာနအကျိုးမရှိသည့် ကိစ္စရပ်များ မပြုလုပ်ရန်လဲ လိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကြည်သာရွှင်ပျစွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနေဖြင့် ကျန်းမာရေး လိုက်စားကြရန်၊ အောက်ခြေဝန်ထမ်းများ၏ အခက်အခဲများကိုလဲ ဂရုတစိုက်ဖြေရှင်းဆောင်ရွက် ပေးစေလိုကြောင်း၊ မိမိလက်အောက် ဝန်ထမ်းများကိုလဲ ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းများ ၊ကျင့်ဝတ်များအတိုင်း လိုက်နာ ဆောင်ရွက်စေရေး ဝန်ထမ်းဘဝကို ယုံယုံကြည်ကြည်နှင့် ခံယူတတ်စေရေးအတွက် ၎င်းတို့၏တိုးတက်ရာ တိုးတက်ကြောင်းကို အကြီးအကဲများမှ ကြည့်ရှုစောင့်ရှောက် ပေးရမည်ဖြစ်ကြောင်း၊ ဌာနတွင်း ရာထူးတိုး/PSC စာမေးပွဲများ /နိုင်ငံခြား Scholarship များဖြေဆိုနိုင်ရေး တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း မှာကြားခဲ့ပါသည်။

        ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်မှ ဝန်ထမ်းများအနေဖြင့် ဌာနအချင်းချင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အပြုသဘောဆောင်ပူးပေါင်းမှုသည် အရေးကြီးပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အပြန်အလှန်လေးစားမှု တင်ပြဆွေးနွေးမှုများအပေါ် နားထောင်ပေးခြင်း၊ ပြောဆိုဆက်ဆံရာတွင် ပွင့်လင်းမြင်သာမှု ၊တာဝန်ပေးဆောင်ရွက်ရာတွင် ယုံကြည်မှုနှင့် ယုံကြည်စိတ်ချမှု ၊ဆက်သွယ်ပြောဆိုမှု ထိ‌ရောက်မှု၊ ရိုးသားမှု၊ တန်ဖိုးထားမှု၊ အပြန်အလှန်တုံ့ပြန်မှု၊ စည်းဘောင် အကန့်အသတ်တွင် ပညာရပ်အလိုက် လေးစားတန်ဖိုးထားမှု ၊ မိသားစုစိတ်ဓါတ်ထားရှိရန် ၊ MCRD/DRRD အတွက် ချမှတ်ထားသောစံတန်ဖိုးများကို လေးစားလိုက်နာရန်၊ အတ္တ မာန်မာန များရှေ့တန်းတင် ဆောင်ရွက်ခြင်းမပြုရန် နှင့် စဉ်းစားတွေးခေါ် ကြံစည်မှု ကောင်းမွန်ရန်တို့ကို Powerpoint ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

      ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ဩဂုတ်လအတွက် ဆန္ဒထုတ်ဖော်ပွဲ (ဒါဘာ) နှင့် နေ့စားဝန်ထမ်းများအပါ ရုံးအုပ်/အငယ်တန်းအင်ဂျင်နီယာ(၁) အဆင့်ထိ အမှုထမ်းဝန်ထမ်းစုစုပေါင်း (၂၇၈)ဦးတို့အား တစ်ဦးလျှင် ဆီ ၁ ဘူးနှုန်းဖြင့် ဌာနခွဲ ကိုယ်စားလှယ်များကို ပေးအပ်ခဲ့ပြီး အခမ်းအနားကို နေ့လည် ၁၁ နာရီ ၄၀ မိနစ်  အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download