ခေတ်မီနိုင်ငံတော်တည်ဆောက်ရေး စိုက်ပျိုးမွေးမြူကဏ္ဍမှ ခြေလှမ်းစတင်


Ministry of Information/ Naypyitaw / April 12, 2026
image_latest


မိမိတို့၏နိုင်ငံကို စီးပွားအင်အားတောင့်တင်းသည့် နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာစေရန် နိုင်ငံသားတိုင်းက အလိုရှိကြသည်။ ဤသည်မှာလည်း နိုင်ငံစီးပွားကောင်းမွန်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့သည် နိုင်ငံသားပြည်သူတို့၏ လူမှုစီးပွားဘဝများမြင့်မားမှုနှင့် တိုက်ရိုက်ဆက်စပ်နေခြင်းကြောင့်ဖြစ်သည်။ အချို့ကလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်စီးပွားရေးကို ကျင့်သုံးခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းဖြစ်သည်ဟု ရှုမြင်ကြပြီး စက်မှုနိုင်ငံထူထောင်စေလိုကြသည်။

သမိုင်းကြောင်းကို ပြန်ကြည့်လျှင် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံဖြစ်လာစေရေးအတွက် ကြိုးပမ်းမှုမှာ ကုန်းဘောင်ခေတ်နှောင်းကာလကပင် စတင်သည်။ ထိုစဉ်က ပဒေသရာဇ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကို ခေတ်မီစက်မှုနိုင်ငံဖြစ်လာစေရန် အနောက်နိုင်ငံများသို့ ပညာတော်သင်များစေလွှတ်ခြင်း၊ နည်းပညာများနှင့် စက်ပစ္စည်းများ တင်သွင်းခြင်း၊ စက်ရုံများတည်ဆောက်ခြင်းတို့ကို ဘုရင့်နန်းတော်က ဦးဆောင်၍ ပြုလုပ်ကာ ခုန်ပျံကျော်လွှားတိုးတက်မှုရရှိရန် ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းယူပိတ်ဆို့ထားသည့် နယ်ချဲ့ဗြိတိသျှတို့က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် အလျောက်နည်းမျိုးစုံဖြင့် ပိတ်ဆို့ဟန့်တားမှုများကို ပြုလုပ်ခဲ့သည်။ ဂျပန်နိုင်ငံတွင် မေဂျီခေတ်နှင့် ခေတ်ပြိုင်ဖြစ်သော မြန်မာတို့၏ ကြိုးပမ်းမှုမှာ နိုင်ငံကို တစ်ပိုင်းပြီးတစ်ပိုင်း ဝါးမျိုလာသည့် နယ်ချဲ့တို့၏ အပြီးတိုင်ဖျက်သိမ်းမှုကိုခံခဲ့ရပြီး နှစ်အနည်းငယ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ရသည်။

နယ်ချဲ့လက်အောက်တွင် မြန်မာနိုင်ငံသည် ဆန်စပါး၊ ကျွန်း သစ်၊ ရေနံ၊ ဓာတ်သတ္တု၊ ကျောက်မျက်ရတနာတို့ ထုတ်လုပ်သည့်နိုင်ငံအဖြစ် နယ်ချဲ့တို့၏ အမြတ်ထုတ်ခြင်းကိုခံရပြီး ဆန်စက်၊ သစ်စက်၊ ရေနံချက်စက်နှင့် စက်မှုလုပ်ငန်းအချို့တို့ကို နိုင်ငံအတွင်း တည်ထောင်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ဖြစ်လာသည့်အချိန်တွင် အားလုံးကိုမြေလှန်စနစ်ဖြင့် ဖျက်ဆီးခဲ့ကြသည်။ ထို့ကြောင့် စစ်ကြီးအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်တွင် နိုင်ငံသည် ပြာပုံနီးနီးမျှသာ ကျန်ရှိခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်တွင်လည်း ပြည်တွင်းဆူပူသောင်းကျန်းမှုများနှင့် နိုင်ငံတစ်ဝန်း မတည်ငြိမ်မှုများ စသည့်အခြေအနေအရပ်ရပ်တို့က မြန်မာနိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် အခွင့်အရေးမပေး။ ထို့ပြင် စစ်အေးခေတ်ကာလတစ်လျှောက် အရှေ့နှင့်အနောက် မည်သည့်ဘက်မှမပါဘဲ ဘက်မလိုက်ဝါဒကို ကျင့်သုံးခဲ့ခြင်းကလည်း မည်သည့်ဘက်ကမှ အခွင့်အရေးကိုမရခဲ့။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်လမ်းစဉ်ကို ကျင့်သုံးသည့်အခါ ဟန့်တားမှု၊ ပိတ်ဆို့မှုတို့ ကြုံရပြန်သည်။ သို့ဖြင့် နိုင်ငံ၏စီးပွားရေးနိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး လယ်ယာစီးပွားရေးကို အဓိကလုပ်ကိုင်နေကြရခြင်းတို့မှာ သမိုင်းကြောင်းနှင့်သက်ဆိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မိမိတို့၏ ပကတိ အရှိတရားဖြစ်သော လူသားအရင်းအမြစ်၊ ဓနဥစ္စာအရင်းအမြစ်နှင့် သယံဇာတအရင်းအမြစ်တို့ကို အခြေခံ၍ စတင်ဆောင်ရွက်ခြင်းကသာ လက်တွေ့ကျမည်ဖြစ်သည်။ မိမိတို့ပိုင်ဆိုင်သည့် အရင်းအမြစ်များကို စနစ်တကျ ထိထိရောက်ရောက်အသုံးချကာ ကုန်ထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်ခြင်း၊ မိမိတို့၏ ထုတ်ကုန်များကို ကုန်ကြမ်းအဖြစ်သာမက အဆင့်မြင့်ကုန်ချော၊ တစ်ဝက်တစ်ပျက်ကုန်ချောများအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချခြင်း စသည်အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်အတူ စိုက်ပျိုးရေးကဏ္ဍအခြေပြုစက်မှုလုပ်ငန်းများ အခြေတည်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မိမိတို့နိုင်ငံသည် ကုန်ထုတ်လုပ်မှုကဏ္ဍ အားနည်းလျက်ရှိပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မိမိတို့နိုင်ငံ၏ GDP မှာ လွန်စွာနည်းပါးလျက်ရှိသည်။ သို့ဖြစ်ရာ ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်ပြီး ပို့ကုန်တိုးမြှင့်ခြင်း၊ ပြည်ပရောင်းတမ်းဝင်ကုန်များ ထုတ်လုပ်ခြင်းတို့ဖြင့် ပြည်ပဝင်ငွေတိုးတက်ရရှိစေရန် ရှာဖွေရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကျေးလက်ဒေသနေ တောင်သူများအား မျိုး၊ မြေ၊ ရေ၊ နည်း အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရမည်ဖြစ်သကဲ့သို့ သိပ္ပံနည်းကျ စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာ စိုက်ပျိုးရေးစနစ်တို့ကို ကူးပြောင်းနိုင်ရေး ကူညီပံ့ပိုးပေးရမည်လည်းဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံရာ၌ပင် သိပ္ပံနှင့်နည်းပညာ အကူအညီတို့ဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရမည်ဖြစ်သလို ထိုမှတစ်ဆင့် စိုက်ပျိုးမွေးမြူအခြေခံစက်မှုလုပ်ငန်းများ တည်ထောင်ခြင်းဖြင့်လည်း နိုင်ငံ့စီးပွားမြင့်မားစေမည်ဖြစ်သည့်အကြောင်း။ ။

Newspaper - 3498 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download