ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲမှတစ်ဆင့် ဂုဏ်သိက္ခာရှိသောလွှတ်တော်များဖွဲ့စည်း


Ministry of Information/ Naypyitaw / January 09, 2026
image_latest


၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၏ မဲပေးမှုဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ အားသာချက်များကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပြီး အားနည်းချက်များကို သင်ခန်းစာထုတ်ဖော်၍ ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)ကို အောင်မြင်စွာဆက်လက်ကျင်းပနိုင်ရန် အားလုံးလက်တွဲ ညီညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း(၁)ကို နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၁၀၂ မြို့နယ်တို့မှ မဲရုံများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ဆန္ဒမဲလာရောက်ပေးခဲ့သည်မှာ ရာခိုင်နှုန်းအားဖြင့် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိသည်။ အမှန်တကယ်တွင် ဆန္ဒမဲပေးသည့် ရာခိုင်နှုန်းမှာ ထို့ထက်မကရှိမည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မလိုလားသည့် နှောင့်ယှက်ဟန့်တားသူများနှင့် အကြမ်းဖက်သမားများက ပြည်သူများ ဆန္ဒမဲပေးမှုကို ခြိမ်းခြောက်တိုက်ခိုက် ဖျက်ဆီးမှုအချို့ ပြုလုပ်ခဲ့သည့်ကြားမှ ရွေးကောက်ပွဲကို အောင်မြင်ထမြောက်အောင် ပြုလုပ်နိုင်ခဲ့သည်။

ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာလုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပစဉ်က ကြုံတွေ့ခဲ့သည့် အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချကောင်းမွန်စွာဖြင့် ဆန္ဒမဲပေးနိုင်ရန် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ကာ ထိထိရောက်ရောက် ဆောင်ရွက်သွားရမည်ဖြစ်သည်။

ဆက်လက်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မဲပေးစက်အသုံးပြု ခြင်းဆိုင်ရာ အသိပညာပေးမှုများ၊ နည်းပညာဆိုင်ရာအထောက်အကူပြုအဖွဲ့များ လုံလောက်အောင်ထားရှိမှုများ၊ မဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများ သတ်မှတ်ချိန်အတွင်း အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးတို့အတွက် အစီအမံများကို အင်အားဖြည့်တင်း ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများပြုစုခြင်း၊ ကပ်ထားကြေညာခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူတို့အားဖိတ်ကြား၍ ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူများအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းများကို သုံးကြိမ်တိုင်ကပ်ထားကြေညာပေးခဲ့ပြီး မဲစာရင်းတွင် မပါဝင်ပါက တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ပေးခဲ့သည်။ ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာတွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာ ဥပဒေ၊ စည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်အောင် ဆောင်ရွက်ကြရန်လိုသည်။ ပြိုင်ဘက်ပါတီများ၊ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို စော်ကားပုတ်ခတ်၍ ပြောဆိုစည်းရုံးခြင်းသည် ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နိုင်သကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုလည်းမြောက်နိုင်သည်။ တစ်ဖက်ပါတီကို နှိမ့်ချပြောဆိုစည်းရုံးခြင်းသည် ကျင့်ဝတ်သိက္ခာမဲ့သည့် လုပ်ဆောင်ချက်အဖြစ်မှတ်ယူရမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပါတီပုံရိပ်ကိုလည်း ထိခိုက်စေသည်။

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူဆောင်ရွက်မှုအမှု ၂၄၀ တွင် တရားခံအမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၃၃၅ ဦးရှိခဲ့ပြီး ဆက်လက်၍ ရွေးကောက်ပွဲအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ၊ ဖျက်ဆီးမှုများကျူးလွန်ခဲ့ကြသူများကို စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်ခြင်းများအား လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲများမှတစ်ဆင့် ဂုဏ်သိက္ခာရှိသော လွှတ်တော်အသီးသီးကို ဖွဲ့စည်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။    ။

Newspaper - 3405 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2026

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download