ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေး (၁၀၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ
ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရေး (၁၀၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 22, 2026
နေပြည်တော် မတ် ၂၁
တောင်သူများအနေဖြင့် လယ်ယာစွန့်ပစ်ပစ္စည်း သီးနှံအကြွင်းအကျန် ဘေးထွက်ပစ္စည်းများကို အသုံးချကာ အရည်အသွေးမီသဘာဝမြေဩဇာများ ကိုယ်တိုင်ထုတ်လုပ်နိုင်စေရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအတွက် ဂေဟစနစ်ကို ဖွံ့ဖြိုးစေရန်နှင့် ကျေးလက် MSME လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ချက်ဖြင့် အပတ်စဉ်ကျင်းပ ပြုလုပ်သည့် (၁၀၇) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ အွန်လိုင်းဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြေဆွေးပုံပြုလုပ်ရာတွင် နည်းစနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘိုကာရှီ (Bokashi) နှင့် သဘာဝမြေဆွေး (Compost) တို့၏ သဘောသဘာဝမတူကွဲပြားခြားနားမှုကို သိရှိစေလိုကြောင်း မြေဆွေးပြုလုပ်ရာတွင် (၁) အညို ရောင်ရှိသော ပစ္စည်းများဖြစ်သည့် (ကောက်ရိုး၊ ဝါရိုး၊ ပဲရိုး၊ ပြောင်းရိုးနှင့်သီးနှံအကြွင်းအကျန်များ)၊ (၂) အစိမ်းရောင်ရှိသည့် ပစ္စည်းများ (ဟင်းသီးဟင်းရွက်နှင့် သီးနှံအကြွင်းအကျန်၊ ဗေဒါနှင့် ဈေးများမှ စွန့်ပစ်ပစ္စည်းများ)၊ (၃) အစိုဓာတ်၊ (၄) အောက်ဆီဂျင်တို့ လိုအပ်ပြီး သင့်တော်သော အချိုးအစားပမာဏနှင့် ရောနှောကာ အကူဇီဝပိုးများဖြင့် ဆွေးစေခြင်းဖြစ်ကြောင်း၊ တစ်ဖန်စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ ဖြစ်သည့် စပါးခွံ၊ ဝါရိုး၊ ပြောင်းရိုးနှင့် ပဲပင်အကြွင်း အကျန်များမှ ဇီဝမီးသွေး (Biochar) ထုတ်လုပ်ကာ မြေတွင်ထည့်ပေးသော နည်းပညာသစ်များကို ပိုမိုအသုံးပြုရန်လိုအပ်ကြောင်း၊ သုတေသီများနှင့် နည်းပညာပြန့်ပွားရေးဝန်ထမ်းများက တောင်သူများ ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်သော မြေဆီလွှာကျန်းမာရေးနှင့် မြေဆီဩဇာထက်သန်ရေးစီမံချက်များကို စနစ်တကျ ချမှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “မြေဆီလွှာအာဟာရဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ထိန်းသိမ်းရေးစီမံကိန်း” (Soil Fertility Improvement Program) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကို ပိုမိုကောင်းမွန်စေရန် မြို့နယ်အလိုက်၊ ဒေသအလိုက် တီထွင်ဆန်းသစ်မှုရှိသည့် စိုက်ပျိုးရေးစီမံကိန်း (Township Innovation Program) များ ဖော်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက “စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘေးထွက်ပစ္စည်းများအား အသုံးပြု၍ လေပေးစနစ်နှင့် In-Vessel စနစ်တို့ဖြင့် သဘာဝမြေဆွေးထုတ်လုပ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးအဏုဇီဝဗေဒဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာယုယုမင်းက “ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အဏုဇီဝသက်ရှိများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ဆွေးနွေးရာတွင် ဘိုကာရှီ (Bokashi) နှင့် သဘာဝမြေဆွေး (Compost) တို့၏ ကွဲပြားခြားနားမှု၊ လေပေး၍ မြေဆွေးစေသည့် (ASP) နည်းပညာ၏ အရေးပါပုံ၊ ဓာတုမြေဩဇာသုံးစွဲမှုကို လျှော့ချပြီး မြေဆီလွှာရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လယ်ယာစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်း (Recycling) နှင့် သဘာဝမြေဩဇာထုတ်လုပ်သည့် နည်းပညာများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3479 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
