ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / April 27, 2025
image_latest


နေပြည်တော် ဧပြီ ၂၇

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများစောင့်ရောက်ရေးစခန်း၌ မလေးရှာနိုင်ငံမှ ဆေးဖက်ဆိုင်ရာကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုများကိုလည်းကောင်း၊ သောတပန်ရပ်ကွက်ရှိ သုတေသကသီလရှင်ကျောင်းတိုက်၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုနှင့် သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဒဏ်သင့်သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆေးကုသပေးနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရေသန့်စက်ရုံတို့မှ ဧရာဝတီမြစ်ရေကို သန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးမြို့၊ ibis Styles Hotel သို့သွားရောက်၍ ထိုင်းနိုင်ငံမှ Col Suthawut Naksri ဦးဆောင်သော ဆေးအကူအညီပေးရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ကူညီဆောင်ရွက်ရေးအင်ဂျင်နီယာအဖွဲ့အား လက်ခံတွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် လိုအပ်သည့် အကူအညီများပေးနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး စားသောက်ဖွယ်ရာလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့ သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း၊ လုပ်ငန်းခွင်ဘေးရှိ ပစ္စည်းလက်ခံ/လွှဲပြောင်းရေး အဖွဲ့ယာယီရုံးတွင် Sky Villa အဆောက်အဦအပျက်အစီးများ ဖယ်ရှားရှင်းလင်းရာတွင် ဖော်ထုတ်ရှာဖွေတွေ့ရှိသော ပစ္စည်းများအား သက်ဆိုင်ရာပိုင်ရှင်များထံ ပြန်လည်လွဲပြောင်းပေးနိုင်မှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့များအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ တဆက်တည်းတွင် Sky Villa ရှေ့ရှိ အမှတ်(၄)ရေစစ်ကန် အခြေအနေနှင့် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဂရိတ်ဝေါ(လ်)ဟိုတယ်နေရာသို့ရောက်ရှိပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအားကြည့်ရှုစစ်ဆေး၍ အဆောက်အဦဘေးရှိ လမ်းမကြီးပေါ်တွင် လူ/ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်သည့်အတိုင်းအတာအထိ အမြန်ဆုံးဖြိုချဖျက်စီးရှင်းလင်းရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် မဟာအောင်မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်ရှိ လမ်းဘေး ဝဲ/ယာ တစ်လျောက် အန္တရာယ်ရှိအဆောက်အဦအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ Golden City Hotel နေရာ၊ တိုင်းသမဝါယမဦးစီးမှူးရုံး၊ ဘီဂျင်းဟိုတယ်၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံးနေရာတို့တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအားလည်းကောင်း၊ အဆောက်အဦများအား ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အဦအဖြစ်သတ်မှတ်ကာ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများအား အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများပေါ်တွင် လူ/ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် လမ်းမကြီးဘေး ဝဲ/ယာ မျက်နှာစာတမ်းအား ဦးစားပေး၍ အန္တရာယ်ရှိအဆောက်အဦများ ဖယ်ရှားရှင်းလင်းရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော်ဆုတောင်းပြည့်စေတီတော်သို့ သွားရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ ရေချမ်းများ ကပ်လှူပြီး အလှူငွေများဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဘုရားရင်ပြင်တော်အား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဂန္ဓကုဋီတိုက်ရှိ အမိုး၊ တိုင်၊ ဂုံး နေရာများအား ပိုမိုခိုင်ခံ့အောင် သံချောင်းများအစားထိုး၍ ရှေးမူမပျက် ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ဓါတ်လှေကားနှင့် စက်လှေကားများအား အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်စပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ပတ္တာကျေးရွာအုပ်စု၊ မြင်စိုင်းရပ်နှင့် အေးမြကြည်လင်ရပ်ကွက်တို့ရှိ အန္တရာယ်ရှိအဆောက်အဦအား ယန္တရားစက်ဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အဦများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အဦ(၂၈၆၉)လုံးအားစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အဦ(၂၆၁၄)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦ (၂၅၅)လုံးမှ အဆောက်အဦ(၁၈၃)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အဦ(၇၂)လုံးဖြစ်ဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်(၃၅၄/၃-၃၅၄/၄)အတွင်းရှိ ယုဇနတံတား ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေးနှင့် ယာဉ်များပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ရွှေသာလျောင်းတောင်ပေါ်ရှိ ငြိမ်းချမ်းရေးကျောင်းတိုက်သို့ သွားရောက်၍ အပျက်အစီးများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမြော်၍ နေ့ဆွမ်းနှင့်ဝတ္ထုငွေများ ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။

၎င်းနောက် ကျောက်ဆည်မြို့၊ စုကြီးရပ်၊ ရွှေမုဋ္ဌောဘုရား၌ စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ဆည်/မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အင်ဂျင်နီယာကောင်စီမှ အင်ဂျင်နီယာများဖြင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ငလျင်ဒဏ် 8 Magnitude ခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ခွင့်ပြုရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ SOP ရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ ကျောက်သေတ္တာကြီး Geophysical Survey (ဘူမိဗေဒတိုင်းတာခြင်း) ဆောင်ရွက်ခြင်း၊ Topo Graph Survey (မြေမျက်နှာပြင်အနိမ့်အမြင့်တိုင်းတာခြင်း) ဆောင်ရွက်ခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မြေပြင်ကွင်းဆင်းတိုင်းတာမှုအနေဖြင့် လျှပ်စစ်လွှတ်ရန် ဆက်သွယ်ကြိုးသွယ်တန်းခြင်း၊ ကျောက်သား/မြေသားအတွင်းသို့ Steel Electrode(စတီးသံချောင်းများ) ရိုက်သွင်းခြင်း၊ ဆက်သွယ်ကြိုးနှင့် Steel Electrode များအား ကလစ်ဖြင့် ချိတ်ဆက်ခြင်း၊ တိုင်းတာရေးစက်ဖြင့် လျှပ်စစ်လွှတ်၍ တိုင်းတာခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြေပြင်တိုင်းတာမှုပြီးစီးပါက တွက်ချက်မှုများ ဆက်လက်လုပ်ဆောင်၍ ရရှိလာသောအဖြေများကို အင်ဂျင်နီယာကောင်စီသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download