ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / April 30, 2025
image_latest


နေပြည်တော် ဧပြီ ၃၀

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပဲကတိုရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသည့် စစ်ကိုင်းတက္ကသိုလ်အားလည်းကောင်း၊ ပတ္တမြားရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသည့် စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် စခန်းသွင်းသင်ကြာပို့ချမည့် နေရာများအားလည်းကောင်း၊ ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံဈေးအတွင်း ဈေးသည်များ စိတ်အေးချမ်းသာစွာ ဈေးရောင်းချနေမှုအားလည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ Grade-12 ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရန် စာပေလေ့လာကျက်မှတ်နေမှုတို့အားလည်းကောင်း၊ တကောင်းရပ်ကွက်ရှိ အိမ်တော်ရာကျောက်စေတီ၊ အောင်မြေလောကစေတီတော်၊ ပိုးတန်းရပ်ကွက်နှင့် ပန်းပဲတန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသည့် သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများကို ရှင်းလင်ဖယ်ရှားနေမှုများအားလည်းကောင်း၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူးတို့ဖြင့် သယ်ယူပို့ဆောင်နေမှုများနှင့် ဇက်ကူးတို့ အတက်အဆင်းလမ်းများ ဆောင်ရွက်ပြီးစီးမှုများအားလည်းကောင်း၊ ရွာထောင်ရပ်ကွက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော ကျောင်းဆောင်အဆောက်အအုံများအားလည်းကောင်း၊ သောတပန်ရပ်ကွက်ရှိ သုတေသက သီလရှင်ကျောင်းတိုက်၊ လေးကျွန်းမာရ်အောင်မြတ်စွာဘုရားနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမူတော်စေတီများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီနေသော သာသနိကအဆောက်အအုံများ၊ အရန်စေတီများနှင့် လူနေအဆောက်အအုံများကို ရှင်းလင်ဖယ်ရှားနေမှုများအားလည်းကောင်း၊ ထုံးဘိုရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ သွားရောက်ကာ စခန်းအတွင်း စည်းကမ်းစနစ်တကျရှိစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ နန်းမြို့ရိုးသို့သွားရောက်၍ မြို့ရိုးပတ်လည်ရှိ ပြကလေးပြာသာဒ်များတွင် မှန်ကင်းတိုင်များတည့်မတ်ခြင်း၊ ထီးတော်တည့်မတ်ခြင်းလုပ်ငန်းများအား ရှေးဟောင်သုတေသနနှင့် အမျိုးသားပြတိုက်ဦစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းပြုပြင်နေမှုများအားလည်းကောင်း၊ ကျော်မိုးတံခါးရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများအားလည်းကောင်း၊ မြို့ရိုးပေါ်ရှိ လျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဂရိတ်ဝေါဟိုတယ်နေရာသို့လည်းကောင်း၊ မန္တလေးမြို့၏ အဓိကလမ်းမကြီးများထဲတွင်ပါဝင်သည့် ၂၆ လမ်းမကြီးနှင့် ၇၃ လမ်းမကြီးများပေါ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုနှင့် ဖယ်ရှားရှင်းလင်းပြီး အဆောက်အအုံနေရာများအား စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများအားလည်းကောင်း၊ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ်ဆောင်ရွက်သွားရန်၊ အများပြည်သူများ အသုံးပြုမှုများသော အဓိကလမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား ဦးစားပေး၍ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်ဆီးခဲ့သော အင်းဝတံတားသို့ သွားရောက်၍ မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC)မှ တာဝန်ယူဆောင်ရွက်နေသော ခုံးအမှတ် ၄/၅ တွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ လုပ်ငန်းများဆောင်ရွက်စဉ် လုံခြုံမှုရှိစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများအား တံတားအပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ လုပ်ငန်းပြီးစီးမှုများအား နေ့စဉ်မှတ်တမ်းတင်ထားရှိရန် ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုအားလည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် သင်ခန်းစာများ ပြန်လည်သင်ကြားလေ့ကျင့်နေသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား တွေဆုံအားပေးစကားပြောကြားကာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ / ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းနောက် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရား၊ ရွှေကြက်ယက် ဆုတောင်းပြည့်မြတ်စွာဘုရား၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၊ မာနိတာရာမ ပရိယတ္တိစာသင်တိုက်နေရာများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းခြင်း၊ ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သန့်ရှင်းရေးဆောင်ရွက်နေသည့် အဖွဲ့များကို စားသောက်ဖွယ်ရာများပေးအပ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ကံဦးရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မန္တလေးမြေငလျင်ကြီးကြောင့် ကျောက်ဆည်ခရိုင်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ငလျင်ဘေးသင့်ပြည်သူများအား လတ်တလောစားသောက်ရေးအဆင်ပြေစေရန် (၁)လစာ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၁)မိနစ်ငြိမ်သက်ခြင်း၊ ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူ (၁)ဦးစီအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၅)သိန်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ (၃)သိန်း စုစုပေါင်း(၁၈)သိန်းနှုန်းဖြင့် အသက်ဆုံးရှုံးခဲ့ရသူ (၃၆၃)ဦးအတွက် ကျပ်သိန်းပေါင်း (၆,၅၃၄)သိန်းကျပ်နှင့် စားနပ်ရိက္ခာအနေနဲ့လူ (၁) ဦးလျှင် (၁) လစာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ ရိက္ခာ(၅)မျိုး လူဦးရေ (၇၂၆၀၀)ဦးအတွက် ကျပ်သိန်းပေါင်း(၃၈,၄၄၉)သိန်းကျော်နှင့် စုစုပေါင်းကျပ်သိန်း ပေါင်း(၄၄,၉၈၃)သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများအား နိုင်ငံတော်မှ အင်တိုက်အားတိုက် လိုအပ်သလိုကူညီစောင့်ရှောက်ပေးနေသည့်အတွက် အားမငယ်ဘဲ ခိုင်မာသောစိတ်ဓာတ်ဖြင့် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် အားပေးစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် လက်ပန်ဇင်ကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ အင်းကုန်း အ.မ.က ကျောင်းတို့၌ ဆေးကုသပေးလျက်ရှိသော မလေးရှားနိုင်ငံမှ Mrs. Masniza ခေါင်းဆောင်သော MERCY Malaysia ဆေးကုသရေးအဖွဲ့အား ကျေးဇူးတင်စကားပြောကြား၍ ဆေးကုသရေးဆောင်ရွက်နေမှုနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပညာပေးရေးလုပ်ဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးကုသမှုခံယူနေသော ပြည်သူများအား အားပေးစကားပြောကြားခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ကိုးပင်ကျေးရွာအုပ်စု၊ ဇလဲကျေးရွာ၊ ဇလဲဘုရားဝန်းအတွင်းရှိဓမ္မာရုံ၌ ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်မြို့ရှိ UNITY HEART မှ ဦးစီး၍ ဖွင့်လှစ်ပေးထားသော ငလျင်ဘေးသင့်ပြည်သူများအတွက် ကြက်မင်းတွန်ရပ်ကွက်ရှိ မေတ္တာကွန်းခိုရာ(၁)နှင့် ဖောင်ရွာရပ်ကွက်ရှိ မေတ္တာကွန်းခိုရာ(၂) ကယ်ဆယ်ရေးစခန်းတို့အား သွားရောက်၍ ယခင်ကမှာကြားထားသည့်အတိုင်း လူနေတဲများအား မိုးလုံနေပူဒဏ်လုံအောင် ဆောင်ရွက်စေခြင်း၊ သောက်ရေသုံးရေကန်များ စနစ်တကျဆောင်ရွက်စေခြင်း၊ စည်းကမ်းတကျ နေထိုင်နိုင်ရေး၊ အမှိုက်များ စွန့်ပစ်ကန်ဖြင့် စနစ်တကျဆောင်ရွက်စေရေး၊ သန့်စင်ခန်းများအား ယင်လုံအောင် စနစ်တကျဆောင်ရွက်စေရေး၊ ယာယီနေထိုင်သူများကို စနစ်တကျ မှတ်တမ်းပြုစုထားရှိစေရေးတို့အား ပြန်လည်စစ်ဆေးခဲ့ပြီး မကြာမီ မိုးကျတော့မည်ဖြစ်သဖြင့် ဝမ်းရောဂါနှင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးမှာကြားခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

၎င်းနောက် ဆူးကုန်းရပ်ကွက်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး၌ ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် မိုးမကျမီနေထိုင်နိုင်ရေး Modular House များ တပ်ဆင်နေသည့်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးတပ်ဆင်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3511 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download