ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / May 31, 2025

နေပြည်တော် မေ ၃၀
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး၊ သောတပန်ရပ်ကွက်နှင့် နန်းဦးမြို့သစ်တို့ရှိ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၊ သောတပန်ရပ်ကွက်ရှိ သကျဓိသာနှင့် ရွှေဟင်္သာကျောင်းတိုက်တို့ရှိ သာသနိကအဆောက် အအုံများ မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများနှင့် ပြန်လည်ပြုပြင် မွမ်းမံနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ စစ်ကိုင်းမြို့ပါရမီရပ်ကွက်ရှိ နှစ် (၇၀၀) ပြည့် အားကစားခန်းမရှေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိဒေသခံ တောင်သူများအား စက်သုံးဆီများရောင်းချပေးနေမှု ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ရှမ်းလေးကျွန်းကျေးရွာနှင့် ရွှေဂဲကျေးရွာကြားရှိ ငလျင်ဒဏ်ကြောင့် လမ်းဘေးရှိမြေသားများကွဲအက်၍ လမ်းသားမြေနိမ့်ဆင်းသွားသော မန္တလေးမြို့ပတ် လမ်းနေရာတွင် စက်ယန္တရားကြီးများဖြင့် ပြန်လည် ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများနှင့် ယာဉ်များ ပုံမှန်သွားလာနိုင်သည်အထိ ပြုပြင်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ရွှေဂဲကျေးရွာရှိ ရေဆိုးထုတ် စက်ရုံသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရေဆိုးထုတ်ပိုက်လိုင်းများ ပြန်လည်ပြုပြင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများအားဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှုအခြေအနေ များအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံး ဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လောကထွဋ်ခေါင် ဖောင်တော်ဦးမြတ်စွာ ဘုရား၊ အမရပူရမြို့နယ် တိုးချဲ့ (၄) ရပ်ရှိ တြိရတနာ မဟာအောင်မြေ မြတ်စွာဘုရား ခြောက်ဆူ ကုန်းတော်၊ မှန်တန်းရပ်၊ မေဃဝန်ဘုန်းကြီးကျောင်းအတွင်းရှိ မြစည်းခုံဘုရားတို့သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း၊ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်ရာတွင် သိမ်းဆည်းရရှိသော ဌာပနာပစ္စည်းများအား စနစ်တကျသိမ်းဆည်းထားရှိမှု အခြေအနေများကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင်ဆရာတော်ကြီးအား အလှူငွေများဆက်ကပ်လှူဒါန်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်ရှိ ဇော်ဂျီရေထိန်း ဆည်မြောင်း တာတမံဖို့ခြင်းလုပ်ငန်းများအားလည်းကောင်း၊ ဆူးကုန်းရပ်ကွက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးဝင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနဝင်းတို့တွင် Modular Container House များဖြင့် (ယာယီ) ရုံးဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ကျောက်ဆည်မြို့နယ်အတွင်း လုံးဝပြိုကျပျက်စီးသွားသည့် အိမ်ခြေများအား ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ငလျင်ဘေးဒဏ်သင့် ပြည်သူများအား နိုင်ငံတော်မှ အင်တိုက်အားတိုက် ကူညီစောင့်ရှောက်ပေးနေသည့်အတွက် အားလုံးဝိုင်းဝန်း၍ မူလအခြေအနေထက်ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှပစ္စည်း ၁၆ မျိုး ပါဝင်သော ထောက်ပံ့ပစ္စည်းအိတ်များအား ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာကြသည့် ဒေသခံပြည်သူများမှ သိရှိမေးမြန်းလိုသောအချက်များနှင့် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် အစိုးရနည်း ပညာအထက်တန်းကျောင်းတို့တွင် Prefabricated House များ ဆောက်လုပ်နေမှုအခြေအနေများနှင့် ကျောင်းစာသင်ဆောင်များ ပြန်လည်ပြုပြင်နေမှု အခြေအနေတို့အားလည်းကောင်း၊ ကျောက်ဆည်မြို့ ရွှေသိမ်တော်ဘုရားဝင်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် သံဃာတော်များ ဓမ္မာစရိယစာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
