ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / June 01, 2025
image_latest


နေပြည်တော် ဇွန် ၁

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သမိုင်းဝင်မြသိန်းတန်စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများအားလည်းကောင်း၊ မင်းကွန်းခေါင်းလောင်းကြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှု ရှိ/မရှိအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မင်းကွန်းဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အသက်ကြီးဘိုးဘွားများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်း (၁၈) မျိုးအား ပေးအပ်ခဲ့ပြီး ချက်ပြုတ်ရေးအဆောင်နှင့် ဘိုးဘွားအိပ်ဆောင်များသို့ သွားရောက်၍ အသက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပုထိုးတော်ကြီးနှင့် ခြင်္သေ့ကြီးအားလည်းကောင်း၊ မင်းကွန်းသီတဂူရေအလှူတော်ပင်မရေတင်စက်ရုံအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မင်းကွန်းနယ်မြေရဲစခန်းအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်း (၁၈) မျိုးအား ပေးအပ်ခဲ့ပြီး ငလျင်ဘေးဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်ဆောင်ရွက်ပေးသည်။

ယင်းနောက် မင်းကွန်းတောင်ရိုး၊ မိုးမိတ်ကုန်းမြေရှိ တိပိဋကနိကာယကျောင်းတိုက် ဆရာတော်ကြီးများအား စားသောက်ကုန်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော တိပိဋကနိကာယကျောင်းတိုက်ကို စက်ယန္တရားကြီးဖြင့် ဖယ်ရှာရှင်းလင်းနေမှုအားလည်းကောင်း၊ ကြက်ထောင့်ကန်၊ ချောင်းပေါက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နှင့် ပယ်ငါးဆယ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တို့၌ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အဆောက်အအုံများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ သမိုင်းဝင်အောင်မြေရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများ ပြန်လည်ပြုပြင်မွန်းမံတည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ပဉ္စမသင်္ဂါယနာတင် မဟာလောကမာရဇိန်စေတီ ကုသိုလ်တော်မြတ်စွာဘုရား၊ စန္ဒာမုနိဘုရားနှင့် ကျောက်တော်ကြီးမြတ်စွာဘုရားများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ရှေးမူမပျက်ပြန်လည်ပြုပြင်မွန်းမံဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အလှူငွေများ ပေးအပ်လှူဒါန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ လမ်းဘေးဝဲ/ယာမှ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် ဆည်ယူနေမှုအခြေအနေများအားလည်းကောင်း၊ ကျောက်ဆည်မြို့၊ ဖျောက်ဆိပ်ပင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနရုံးဝန်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော အဆောက်အအုံများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စဉ့်ကိုင်မြို့နယ်၊ တရုတ်စုရပ်ကွက်ရှိ တိုက်ကျောင်းပရိယတ္တိစာသင်တိုက်၌ သံဃာတော်များ ဓမ္မာစရိယစာမေးပွဲနှင့် ပါဋိပထမပြန်စာမေးပွဲဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

၎င်းနောက် စဉ့်ကိုင်မြို့နယ်ရှိ POWER GEN KYAUKSE CAMPANY LIMITED သဘာဝဓာတ်ငွေ့အင်ဂျင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက် အင်ဂျင် (၈) လုံးရှိသည့်အနက် အင်ဂျင် (၇) လုံးမှာ ရာနှုန်းပြည့် ပြုပြင်ပြီးစီး၍ လည်ပတ်လျက်ရှိပြီး အင်ဂျင် (၁) လုံးလျှင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် ၁၈.၄၇၁ မဂ္ဂါဝပ်ရှိပြီး (၁) ရက်လျှင် မဟာဓာတ်အားလိုင်းသို့ ၁၂၉၂၉၇ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးသွင်းလျက်ရှိကြောင်း တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုအပေါ် ကျန်ရှိသည့်စက်အား အမြန်ပြုပြင်ဆောင်ရွက်ပြီး လုပ်ငန်းလည်ပတ်နိုင်ရေး မှာကြားခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Newspaper - 3182 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download