ငါးသယံဇာတများ တိုးပွားလာစေရေးနှင့် ငါးမျိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် ငါးမျိုးများစိုက်ထည့်
ငါးသယံဇာတများ တိုးပွားလာစေရေးနှင့် ငါးမျိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် ငါးမျိုးများစိုက်ထည့်
Ministry of Information/ Naypyitaw / July 19, 2025

နေပြည်တော် ဇူလိုင် ၁၈
ငါးသယံဇာတများ တိုးပွားလာစေရေးနှင့် ငါးမျိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနရုံး ဧရိယာအတွင်းရှိ တစ်ဖက်ပိတ်ဆည်၌ ကျင်းပသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီးတို့က တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးများ ဦးဆောင်စိုက်ထည့်ပေးပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ငါးမြစ်ချင်းနှင့် ငါးခုံးမကြီးအကောင်ရေ ၁၀၀၀၀ ကို တစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးမျိုးများ စိုက်ထည့် ပေးခဲ့သည်။
ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား - တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင် ဇော်သိန်းနှင့် ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းများ တက်ရောက်၍ မင်္ဂလာကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။
ငါးမြစ်ချင်းကောင်ရေ ၃၀၀၀ မျိုးစိုက်ထည့်
အလားတူ စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန ပရဝဏ်အတွင်းရှိ လျှိုပိတ်ဆည်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသော ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀ ကို စိုက်ထည့်ပေး ခဲ့သည်။
ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁၁)နှင့် ရုံးအမှတ်(၄၀) ပရဝဏ်အတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးသားပေါက် ကောင်ရေ ၁၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ ကြသည်။
ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ မျိုးစိုက်ထည့်
အလားတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်များ တက်ရောက်၍ ငါးမြစ်ချင်းနှင့် ငါးခုံးမ ငါးသား ပေါက်ကောင်ရေ ၁၀၀၀၀ ကို မင်္ဂလာကန်တော်အတွင်းသို့ ငါးမျိုးစိတ်များ စိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


Newspaper - 3240 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
