ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ရမည့်အချက်များနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ အသိပညာမြှင့်တင်ရေးရှင်းလင်းဆွေးနွေးပွဲနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများ မှာကြားသည့် အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / February 06, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၅

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ မြန်မာနိုင်ငံ၏ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ အသိပညာမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး (UMFCCI)၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ညီနောင်အသင်းအဖွဲ့ဝင်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ တာဝန်ရှိသူများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးရာ တွင် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အကြံပြုချက် (Recommendation) အချက် ၄၀ အနက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ပြီးစီး မှုများ၊ မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အစီအမံ (Action Plan) ၁၅ ချက်မှ ဆောင်ရွက်ပြီးစီးခဲ့သည့်အချက်များကို နှစ်အလိုက်အဆင့်တိုးမြှင့်ရရှိမှု (Progress)များ၊ ကျန်ရှိနေသည့် အချက် ၅ ချက်ကို အဆင့်တိုးမြှင့်ရရှိရန်ဆက်လက် ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ အကဲဖြတ်သူများ၏အကြံပြုချက်နှင့် စံသတ်မှတ် ချက်များနှင့်အညီ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင် ထုတ်ပြန်ခဲ့သည့်အခြေအနေများကိုလည်းကောင်း၊ ML/ TF ဆိုင်ရာ High Risk Crime များ၊ Area များ၊ ငွေကြေးခဝါချမှု ဖြစ်ပေါ်လာနိုင်သည့် ပုံစံအသစ်များ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဖော်ထုတ်ရမည့် အချက်အလက်များ၊ အစီရင်ခံစာများ၊ တရားမဝင်လုပ်ငန်းများလျော့နည်းပပျောက်ရေး ဆောင်ရွက်ရမည့်အချက်များနှင့် ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့အစည်းများမှ လက်ရှိဆောင်ရွက်နေမှုများ၊ ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးအရေးယူမှုများကို ရှင်းလင်း ဆွေးနွေးသည်။        

ထို့နောက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းချက်များ အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် ငွေကြေးမူဝါဒနည်းလမ်း များ၊ နိုင်ငံခြားငွေ ပြန်လည်ဝင်ရောက်ရေးကိစ္စရပ်များ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံသူများ အရင်း၊ အတိုးပေးဆပ်မှု၊ အမြတ်ပြန်လည်လွှဲပြောင်းပေးမှုများနှင့် ဆက်စပ်၍ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးပြီး ထပ်မံသိရှိလိုသည်များ၊ သိလိုသည့်အချက်များ မေးမြန်းကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌသည် ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပုဂ္ဂလိကဘဏ်များမှဥက္ကဋ္ဌများ၊ ဒါရိုက်တာများနှင့် အမှုဆောင်အရာရှိချုပ်များနှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပသည့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများ မှာကြားသည့် အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များက AML/CFT ဆိုင်ရာလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်ဘဏ် လုပ်ငန်းဝန်ဆောင်မှုတိုးမြှင့်ရန် လိုအပ်ချက်များ၊ ချေးငွေနှင့် ငွေသားများထုတ်ယူပြီး အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာများတွင် ဈေးကစားမှုများ မရှိစေရေး ကြီးကြပ်ရန်၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် သာ ပိုမိုထိရောက်စွာ အသုံးပြုရေးကိုစောင့်ကြည့်ရန်၊ ချေးငွေဆုံးရှုံးနိုင်ခြေများကို ဘဏ်များက သေချာစွာ စိစစ်အကဲဖြတ်ရေး၊ ဘဏ်ဒါရိုက်တာများ၊ စီမံခန့်ခွဲသူ များက တာဝန်ယူကြီးကြပ်ရမည့်အပိုင်းများ၊ Internal Control ကောင်းမွန်ရေး၊ ဘဏ်များ၏ အစီရင်ခံစာများမှန်ကန်မှုရှိစေရေးအတွက် ဘဏ်ခွဲ အဆင့်ထိ ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယဥက္ကဋ္ဌများ၊ ပုဂ္ဂလိကဘဏ် များ၏ ဥက္ကဋ္ဌများနှင့် အမှုဆောင်အရာရှိချုပ်များက လက်ရှိဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းကဏ္ဍမှ စည်းကမ်းနှင့်အညီ ပိုမိုပံ့ပိုးပေးနိုင်ရေးဘဏ်များက ပူးပေါင်းဆောင်ရွက်ရန်နှင့် ဗဟိုဘဏ်အနေဖြင့် တိုင်းပြည်၏ စီးပွားရေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒများနှင့် လိုက်လျောညီထွေရှိစေမည့် ငွေကြေးမူဝါဒနည်းလမ်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒများချမှတ် ကျင့်သုံးလျက်ရှိကြောင်း၊ တည်ငြိမ်ပြီးဖွံ့ဖြိုးမှုရှိသည့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့် ဥပဒေစည်းမျဉ်း စည်းကမ်းများလိုက်နာမှု ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download