စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအတတ်ပညာများ သင်ကြားနေသည့် Grade-12 ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာလုပ်ငန်းစဉ်များ အတည်ပြုညှိနှိုင်းအစည်းအဝေး ကျင်းပ
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအတတ်ပညာများ သင်ကြားနေသည့် Grade-12 ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာလုပ်ငန်းစဉ်များ အတည်ပြုညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / October 24, 2025
နေပြည်တော် အောက်တိုဘာ ၂၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအတတ်ပညာများ သင်ကြားနေသည့် Grade-12 ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာလုပ်ငန်းစဉ်များ အတည်ပြုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်ဝသည့် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် ၈၉ ကျောင်း ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး Grade-10 တွင် ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်၊ Grade -11 တွင် ကျောင်းသား ကျောင်းသူ ငါးထောင်ကျော်နှင့် Grade -12 တွင် ကျောင်သား ကျောင်းသူ သုံးထောင်ကျော် တက်ရောက်လျက်ရှိကြောင်း။
Grade-9 ပြီးမြောက်ပါက ပညာဆက်လက်သင်ယူနိုင်ရန် ကျောင်းသား ကျောင်းသူများအနေဖြင့် တက်ရောက်လိုသည့် အခြေခံပညာဘာသာရပ်တွင် သက်မွေးပညာများဖြစ်သည့် စက်မှုနည်းပညာနှင့် စိုက်ပျိုးရေးနည်းပညာကို သင်ယူလေ့လာခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း၊ အခြေခံဘာသာရပ်များကို အခြေခံပညာဦးစီးဌာနမှ ဆရာ ဆရာမများ၊ နည်းပညာဘာသာရပ်များကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာ ဆရာမများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များကို စိုက်ပျိုးရေးနှင့်မွေးမြူရေးဦးစီးဌာနများမှ ဆရာ ဆရာမများက အားဖြည့်သင်ကြားပေးလျက်ရှိကြောင်း။
Grade-10 နှင့် Grade-11 အတန်းများကို အခြေခံပညာကျောင်းများတွင် ရာနှုန်းပြည့်သင်ကြားပေးလျက်ရှိကြောင်း၊ Grade -12 တွင် မြန်မာစာ ၃၀ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာ ၁၀၀ ရာခိုင်နှုန်း၊ သင်္ချာ ၁၀၀ ရာခိုင်နှုန်း၊ ရူပဗေဒ ၆၀ ရာခိုင်နှုန်း၊ ဓာတုဗေဒ ၄၀ ရာခိုင်နှုန်း သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများနည်းတူ အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း (၂) ကြိမ်၊ ပထမနှစ်ဝက်ပြီးဆုံးပါက (၁) ကြိမ်၊ နောက်ဆုံးနှစ်ဝက်ပြီးဆုံးပါက (၁) ကြိမ် စုစုပေါင်း (၄) ကြိမ် စစ်ဆေးခြင်းပုံစံဖြင့် ဆောင်ရွက်ကြောင်း၊ Grade 12 ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဦးစီးဌာနများနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီး ရရှိလာသည့် ဆွေးနွေးချက်များကို ယခုအစည်းအဝေးတွင် အတည်ပြုဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဆောင်ရွက်ထားရှိမှု၊ စာမေးပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက မေးခွန်းပြုစုခြင်း၊ Board of Examination ဖွဲ့စည်းခြင်းနှင့် စာမေးပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်မည့်အခြေအနေများအပေါ် အပြန်အလှန်ဆွေးနွေးကြပြီး Grade-12 ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုမှတ်တမ်းတင်ကာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3328 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
