စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနေသည့်အခြေအနေ အသိပေးထုတ်ပြန်ခြင်း


Ministry of Information/ Naypyitaw / April 07, 2026
image_latest


နိုင်ငံတော်၏စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကအသုံးပြုလျက်ရှိပါသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် သုံးစွဲနေသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းသည် ပြည်ပမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် ဝယ်ယူတင်သွင်းမှုကို အားပြုနေရသည့် မိမိတို့ကဲ့သို့ နိုင်ငံများအနေဖြင့် လွန်စွာခက်ခဲစေသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရပါသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီအခက်အခဲကိုဖြေရှင်းရန်အတွက် စီမံခန့်ခွဲမှုနည်းလမ်းများ၊ ဒစ်ဂျစ်တယ်နည်းပညာအခြေပြုရောင်းချသည့်စနစ်များဖြင့် ကြပ်မတ်ထိန်းကျောင်းလျက်ရှိရာ နိုင်ငံတော်၏ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးရောင်းချမှုတို့သည် စည်းစနစ်မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး စက်သုံးဆီသုံးစွဲမှုကို သိသာစွာ လျှော့ချနိုင်ခဲ့ပါသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ယနေ့ထိ စာရင်းများအရ နေ့စဉ် ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃ ဒသမ ၅၄ ဂါလန်သန်းမှ ၂ ဒသမ ၅ ဂါလန် သန်းသို့ ကျဆင်းလာခဲ့သည်ကို တွေ့ရှိ ရပါသည်။ ယင်းသို့ နေ့စဉ်ပျမ်းမျှသုံးစွဲမှုနှုန်း ၂၉ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းသည် တစ်ရက်လျှင် နိုင်ငံခြားငွေသုံးစွဲမှု အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် သက်သာစေမည်ဖြစ်သည့်အပြင် အရန်ဆီသိုလှောင်နိုင်မှု ၁၀ ရက်စာ ပိုမို သိုလှောင်လာနိုင်မည် ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် စက်သုံးဆီများကို နှစ်စဉ်တန်ချိန် ငါးသန်းခန့် တင်သွင်းနေရသဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် သုံးစွဲရမည်ဖြစ်ရာ ယခုကဲ့သို့ စက်သုံးဆီကို စနစ်တကျ သုံးစွဲလာနိုင်ပါက နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၂၀၀၀ ခန့် လျော့နည်း သက်သာစေမည်ဖြစ်ပါသည်။

နိုင်ငံတော်တွင် စက်သုံးဆီဖူလုံမှုအနေဖြင့် ဓာတ်ဆီ ရက် ၄၀ နှင့် ဒီဇယ် ၅၀ ရက်ခန့်ရှိပြီး ဧပြီလအတွင်း သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီမံထားရှိပြီးဖြစ်ပါသည်။ ထို့အပြင် မိတ်ဆွေနိုင်ငံများမှ တင်သွင်းရန် ရေရှည်အစီအမံပြုလုပ်ပြီး ဝယ်ယူရရှိနိုင်ရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။

အခြေအမြစ်ခိုင်လုံမှုမရှိသည့် သတင်းများဖော်ပြခြင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု မြင့်တက်စေရန် ရည်ရွယ်သည့် ခေါင်းစဉ်များတပ်၍ ဖော်ပြခြင်းတို့ကို ပြုလုပ်နေသည့်မီဒီယာများကိုလည်း စွမ်းအင်ဝန်ကြီးဌာနမှ ဆက်သွယ်၍ သတိပေးလျက်ရှိပါသည်။

ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စက်သုံးဆီဝယ်ယူနိုင်မည့် စည်းကမ်းများအတိုင်း လိုက်ပါဆောင်ရွက်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း QR Code ဖြင့် ရောင်းချမှုအပေါ် ထပ်မံလိုအပ်လာပါက အရေးပေါ်ဆီဖြည့်တင်းခွင့်ရရှိနေခြင်း ရှိနေသည့်အတွက် ကြောင့်ကြကင်းစွာရောင်းချဝယ်ယူကြပါရန်နှင့် အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်အကြောင်းကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန

Newspaper - 3493 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download