စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ တရားမဝင် ကျောက်စိမ်းများ သယ်ဆောင်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / November 07, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ တရားမဝင် ကျောက်စိမ်းများ သယ်ဆောင်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ တရားမဝင် ကျောက်စိမ်းများ သယ်ဆောင်လာသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘို မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့နယ်၊ မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့မှ ရွှေဘိုမြို့ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာနေ ဇော်ထွန်း(၄၂)နှစ် မောင်းနှင်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စက်မှုဇုန်ရပ်ကွက်နေ ဇင်ကို(၃၀)နှစ် လိုက်ပါလာသည့် MDY-16/3C-XXXX STATION WAGON မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်း တရားမဝင် သိုဝှက် သယ် ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၄၇ တုံး၊ ကျောက်စိမ်းဖြတ်စရောရာ ၆၃ ခု၊ ကျောက်စိမ်းခွဲခြမ်း ၁ ခု၊ စုစုပေါင်းအလေးချိန် ၅၉၆.၉ ကီလိုဂရမ်ခန့်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇော်ထွန်းနှင့် ဇင်ကိုတို့ နှစ်ဦးအား ရွှေဘိုမြို့မရဲစခန်း (ပ)၃၂၅/၂၀၂၅၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)၊(ခ) ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3379 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download