စာကောင်းပေမွန်ဖတ်သမျှ အမြတ်ရသည်ချည်းသာပင်


Ministry of Information/ Naypyitaw / April 06, 2026
image_latest


ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကိုးမြို့အထိ ပါဝင်နေသည်ဟု သတင်းတစ်ရပ်ကဆိုသည်။ နေ့အပူချိန်များ မြင့်တက်နေသည့် ဤသို့သောကာလတွင် မသွားမဖြစ်သွားရမည့် ကိစ္စ၊ မလုပ်မဖြစ်လုပ်ကြရမည့် အလုပ်တို့မှတစ်ပါး အပြင်အပသို့မသွားဘဲ အပူရှောင်နေကြရန် ဂရုပြုကြစေလိုသည်။ ထို့အပြင် စက်သုံးဆီများ ချွေတာကြရမည့် အချိန်အခါလည်း ဖြစ်နေသည့်အလျောက် အသွားအလာခရီးယာယီတို့ ရွှေ့ဆိုင်းထားကြရဦးမည်လည်းဖြစ်သည်။

“စာဖတ်ခြင်းသည် သွားလိုရာသို့ သွားနိုင်သည့် လျှော့စျေးလက်မှတ် တစ်စောင်ဖြစ်သည်”ဟု အမေရိကန်ဂျာနယ်လစ်တစ်ဦးက ဆိုထားသည့်အတိုင်း အပူချိန်မြင့်မားပြီး စက်သုံးဆီရှားပါးသည့် နွေရာသီတွင် အပူရှောင်၍ အေးရိပ်ခိုကာစာဖတ်ကြခြင်းက အကောင်းဆုံးဖြစ်သည်။ သုတဖြစ်စေ၊ ရသဖြစ်စေ မိမိစိတ်ဝင်စားရာ၊ နှစ်သက်ရာ စာအုပ်တစ်အုပ်ကို ဖတ်ရှုရင်း ဦးနှောက်ကို မုန်တိုင်းဆင်နိုင်သလို နှလုံးသားကိုလည်း အာဟာရဖြည့်တင်းနိုင်သည်။ စိတ်ကူးကိုလည်း ကမ္ဘာကုန်ကျယ်သရွေ့ရွက်လွှင့်နိုင်သည်။ စာကောင်းပေကောင်းကို ဖတ်သမျှဖတ်သူအဖို့ အမြတ်ရသည်ချည်းပင်ဖြစ်သည်။

စာဖတ်သည်နှင့်အမျှ သိမှုတို့ ပို၍များပြားလာရာ စာဖတ်လေလေ သိလေလေ၊ တစ်သက်တာ သင်ယူမှုပင်ဖြစ်သည်။ စာဖတ်သူရွေးချယ်သည့် စာအုပ်တို့က တစ်ခါတစ်ရံ စာဖတ်သူအား စာနာတတ်သူ တစ်ယောက်ဖြစ်လာစေသည့်အပြင် တစ်ခါတစ်ရံတွင်လည်း အတွေးအခေါ်၊ အသိအမြင်တို့ ပြောင်းလဲသွားစေသည်။ အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရက “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။” ဟူ၍ စာဖတ်ကြရန် ဆုံးမစာဖြင့် ရေးသားတိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဒုတိယကမ္ဘာစစ်ကြိုခေတ်တွင် နဂါးနီစာအုပ်အသင်းက နဂါးနီသီချင်းဖြင့် စာဖတ်ကြရန် လှုံ့ဆော်ခဲ့သည်။ “ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်” ဟူ၍ အစချီရေးဖွဲ့ထားသော နဂါးနီသီချင်းက နယ်ချဲ့အစိုးရအုပ်ချုပ်မှုအောက်တွင် အတွေးအခေါ်အားဖြင့် စကြာမင်းကလေး မျှော်နေကြသူ၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များ၏အစွမ်းဖြင့် တစ်တိုင်းပြည်လုံးချမ်းသာလိုကြသူ မြန်မာပြည်သူတို့အား နိုင်ငံလွတ်လပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နဂါးနီမှထုတ်သည့် စာကောင်းပေမွန်များကို ဖတ်ရှုကြရန် နှိုးဆော်ခဲ့ခြင်းဖြစ်သည်။

ဆရာရွှေတိုင်ညွန့်ရေးဖွဲ့ခဲ့သည့် နဂါးနီသီချင်းမှာ ခေတ်အဆက်ဆက် ရိုးမသွားခဲ့သော ဂန္ထဝင်သီချင်းတစ်ပုဒ်အဖြစ် ခေတ်ကာလများကို ဖြတ်ကျော်တည်ရှိခဲ့သော်လည်း နှောင်းကာလများတွင်မူ သီချင်း၏ မူလရည်ရွယ်ချက်ကို သိကောင်းမှ သိကြတော့မည်ဖြစ်သည်။ သီချင်းစာသားများမှ ထွက်ပေါ်လာသည့် နိမိတ်ပုံများကို လိုရာဆွဲ၍ နတ်နဂါးတို့၏ တန်ခိုးသိဒ္ဓိတို့ကိုပင် မျှော်ကောင်းမျှော်နေကြမည်ဟု ထင်မြင်ဖွယ်ရာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နဂါးနီစာအုပ်အသင်း ပေါ်ပေါက်လာပြီး နောက်ဆယ်စုနှစ်တစ်ခုအကြာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာခဲ့ခြင်းဖြစ်ရာ ထိုခေတ်က တိုးတက်သောအမြင်ရှိသည့် လူငယ်များမှာ နဂါးနီမှစာအုပ်များကို မလွဲမသွေ ဖတ်ရှုခဲ့ကြမည်သာဖြစ်သည်။

ယနေ့ခေတ်တွင် စာပေဖတ်ရှုခြင်းအတွက် စာအုပ်များအပြင် အခြားသော မီဒီယာနည်းလမ်းများလည်း ထွက်ပေါ်လာပြီး မျိုးဆက်သစ်များက နည်းလမ်းသစ်များဖြင့် စာဖတ်နေကြပြီဖြစ်သည်။ မည်သည့်နည်းလမ်းဖြင့် ဖတ်ရှုသည်ဖြစ်စေ မိမိတို့ဖတ်သည့်စာသည် မိမိအတွက် အကျိုးမယုတ်သည့် စာပေဖြစ်ဖို့လိုသည်။ စာမြင်သမျှ အလိမ္မာ စာမှာရှိသည်ဟု ယူဆ၍ မရနိုင်သည့်အလျောက် စာဖတ်ပြီးအကျိုးမယုတ်စေရန် စာကောင်းပေမွန်ကို ရှာဖွေဖတ်ရှုကြရမည်ဖြစ်သည်။

စာကောင်းပေမွန်ဟူသည် အဆိပ်အတောက်ကင်း၍ အကျိုးဖြစ်ထွန်းစေနိုင်သည့် စာပေဖြစ်ပြီး သုတသော်လည်းကောင်း၊ ရသသော်လည်းကောင်း ဖြစ်နိုင်သည်။

စာကောင်းပေမွန်တို့ထွန်းကားပြီး နိုင်ငံသူနိုင်ငံသားတို့ စာဖတ်ကြသည်နှင့်အမျှ နိုင်ငံအတွင်းကောင်းသောအမူအကျင့်များ၊ ကောင်းသည့် အပြောအဆိုများနှင့် စိတ်ကောင်းနှလုံးကောင်းတို့ ဖြစ်တည်ထွန်းကားလာမည်ဖြစ်သည်။ ကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတို့နှင့် ဖုံးလွှမ်းနေသည့် တိုင်းပြည်နိုင်ငံဆိုသည်မှာ အေးချမ်းသာယာပြီး မွေ့လျော်ဖွယ်ကောင်းသည့် တိုင်းပြည်နိုင်ငံသာဖြစ်သည်။ စာဖတ်တတ်သူတိုင်း၊ စာဖတ်နိုင်သူတိုင်း စာကောင်းပေမွန်များကို ရှာဖွေဖတ်ရှုကြခြင်းဖြင့် မိမိတို့၏ အသိပညာနယ်ပယ်ကို ကျယ်ဝန်းသည်ထက် ကျယ်ဝန်းအောင်ချဲ့ထွင်ကြရန်၊ မိမိတို့၏ စိတ်နှလုံးကိုလည်း အာဟာရပေး၍ ကောင်းသောနှလုံးသွင်းဆင်ခြင်မှုဖြင့် လောက၏ အကောင်း၊ အဆိုးဓမ္မနှစ်ဖြာကို တုန်လှုပ်ခြင်းကင်းစွာ ရင်ဆိုင်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

Newspaper - 3492 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download