စားရေရိက္ခာပိုလျှံစွာ ထုတ်လုပ်နိုင်မည့် ဆိပ်သာဆိုလာမြစ်ရေတင်စီမံကိန်း
စားရေရိက္ခာပိုလျှံစွာ ထုတ်လုပ်နိုင်မည့် ဆိပ်သာဆိုလာမြစ်ရေတင်စီမံကိန်း
Ministry of Information/ Naypyitaw / July 21, 2025

ဝိဓူရ(မကွေး)
ဆိပ်သာဆိုလာရေတင်စီမံကိန်းသည် မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် မိကျောင်းရဲအုပ်စု ဆိပ်သာကျေးရွာအနီး၌ တည်ရှိသည်။ အကျိုးပြုဧက ၂၀၀ အားနွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံ၏ရေလိုအပ်ချက်နှင့်အညီ ရေပေးဝေနိုင်ပြီး တစ်နှစ်သုံးသီး ရေတင်စိုက်ပျိုးနိုင်မည်ဖြစ်ရာ သီးနှံအထွက်နှုန်း အရည်အသွေးကောင်းမွန်စွာ တိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဆိပ်သာကျေးရွာရှိ ဒေသခံတောင်သူများမှာ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကိုသာ အဓိကအားထား၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နေကြသူများ ဖြစ်သည်။ ရေအရင်းအမြစ်ကြွယ်ဝသည့် ဧရာဝတီမြစ်ကြီးအနီးတွင် ရှိသော်လည်း နည်းစနစ်မှန်ကန်စွာ အသုံးချနိုင်ခြင်းမရှိခဲ့သောကြောင့် သဘာဝမိုးရေကိုသာ အားထားစိုက်ပျိုးထုတ်လုပ်ခဲ့ရသည်။ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန် ၃၄ လက်မခန့်ရရှိသော်လည်း သီးနှံ၏ ရေလိုအပ်ချက်နှင့်အညီ ရေလိုအပ်ချိန်တွင် လုံလောက်စွာရရှိခဲ့ခြင်းမရှိသဖြင့် ဖြစ်ထွန်းအောင်မြင်မှုနည်းပါးပြီး သီးနှံအထွက်နှုန်းများ ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။ မိုးရေကိုသာ အားထားဆောင်ရွက်ခဲ့ရခြင်းကြောင့် တစ်နှစ်လျှင် နှစ်သီးပင်အပြည့်အဝ စိုက်ပျိုးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းနှင့် သီးနှံအရည် အသွေးကောင်းမွန်ရန်မျိုးစေ့၊ မြေဆီလွှာ၊ နည်းပညာများအပြင် သီးနှံစိုက်ပျိုးရန် မြေပြင်ခြင်း၊ မျိုးစေ့ချခြင်း၊ ပျိုးရေ၊ ပင်ဖြစ်ရေမှသည် အောင်ရေအထိ အချိန်ကာလအလိုက် သီးနှံ၏ ရေလိုအပ်ချက်နှင့်အညီ လိုသလောက် ညီညွတ်မျှတစွာ ရေရရှိရန်မှာ လွန်စွာအရေးကြီးသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ်ရေကိုစုပ်တင်၍ စနစ်တကျ ရေပေးဝေနိုင်ရန်အတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်တိုအတွင်း ပြီးစီးအောင်မြင်အောင် အလေးထားဆောင်ရွက်ခဲ့သည်။
အကျိုးပြုဧက ၂၀၀ အား ရေသွင်းစိုက်ပျိုးနိုင်ရန်အတွက် ၂၃၈ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာပါဝါစနစ်ဆောင်ရွက်၍ ၁၁၀ ကီလိုဝပ်မော်တာ၊ ၉ ကျု ဆက်ပန့်တစ်စုံ၊ ၅၅ ကီလိုဝပ်မော်တာ ၅ ကျု ဆက်ပန့်တစ်စုံအား ရေပေါ်ရေတင်စက်ရုံဖြင့် တပ်ဆင်ရေပေးဝေသွားမည်ဖြစ်သည်။ ၁၅'' သံပိုက်လိုင်း ပေ ၁၄၀၀ တပ်ဆင်၍ ရေစုကန်မှတစ်ဆင့် ရေဖြန့်ဝေပေးမည်ဖြစ်ပြီး အနိမ့်တင်ပန့် ၂ ဒသမ ၂ ကီလိုဝပ် (၁)ကျု ဆက်ပန့်သုံးစုံဖြင့် ကုန်းမြေမြင့်ဧရိယာများသို့ တစ်ဆင့်တင် ရေပေးဝေ၍ စိုက်ပျိုးသွားရန် ဆောင်ရွက်ထားရှိသည်။ ထို့အပြင် ရေပေးမြောင်း ၂ ဒသမ ၄၈ မိုင်ကို လည်းကောင်း၊ ရေငြိမ်ကန်အပါအဝင် တူးမြောင်းအဆောက်အအုံ ၃၄ ခုကို လည်းကောင်း ဆောင်ရွက်ထားရှိသည်။
မိုးရေကိုသာ အလေးထားစိုက်ပျိုးခဲ့ရသော ဒေသခံတောင်သူများ အနေဖြင့်လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေ သေချာလုံလောက်စွာ ရရှိနိုင်တော့မည့် မြစ်ရေတင်စီမံကိန်းဒေသတွင် ရေရရှိလာမှုကြောင့် ယခုမိုးသီးနှံအား ဧက ၂၀၀ အပြည့်အဝ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း စိတ်အားထက်သန်စွာ ပြောဆိုလုပ်ကိုင်နေကြပြီဖြစ်သည်။ မြေယာ ပြုပြင်ခြင်း၊ ကန်သင်းပြုလုပ်ခြင်း၊ လယ်ကြားမြောင်းဖောက်ခြင်း၊ ကန္တာရချုံငယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို တစ်ပြိုင်နက် စတင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရေအသုံးပြုသူများအဖွဲ့ (WUG/WUA) အဖွဲ့များအား စနစ်တကျဖွဲ့စည်းဆောင်ရွက်ခြင်း၊ ရေလှည့်ဇယားများရေးဆွဲခြင်း၊ ဒေသနှင့်သင့်လျော်ပြီး အကျိုးအမြတ်များများ ရရှိမည့်သီးနှံပုံစံများ ချမှတ်ခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ဆိပ်သာဆိုလာရေတင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် မူလမိုးရေ အားထားစိုက်ပျိုးရသည့် အခြေအနေ၊ သီးနှံအထွက်နှုန်း ကောင်းမွန်မှုမရှိသည့်အခြေအနေမှ တစ်နှစ်ပတ်လုံး ရာသီအလိုက် သုံးသီးအနည်းဆုံး စိုက်ပျိုးနိုင်မည့်အပြင် ပန်းတိုင်ထွက်နှုန်းများ ရရှိမည်ဖြစ်ပြီး စားရေရိက္ခာအတွက် ဒေသဝမ်းစာဖူလုံရုံမျှမက ဝင်ငွေ တိုးပွားလာပြီး လူမှုစီးပွားဘဝမြင့်တက်လာမည်ဖြစ်သည်။ ထို့အပြင် မြစ်ရေမှရရှိသော နုန်းအနည်အနှစ်များကြောင့် မြေဆီလွှာ တိုးတက်ကောင်းမွန်ခြင်း၊ စိုက်ပျိုးရေသာမက သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း၊ ဇီဝမျိုးစိတ်များ ရှင်သန်ပေါက်ပွားစေခြင်း စသည့်အကျိုးကျေးဇူးများ မလွဲမသွေရရှိစေမည် ဖြစ်သည်။
ဆိပ်သာမြစ်ရေတင်စီမံကိန်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျခံဆောင်ရွက်ခဲ့သော Quick Win Project လေးခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဆိုလာစနစ်ဖြင့် ရေတင်စမ်းသပ်မှု ဆောင်ရွက်နိုင်ခဲ့သည်။ ရေစမ်းသပ်ပေးဝေ နိုင်သည်အထိ လုပ်ငန်းဆောင်ရွက်ခဲ့သည့် အချိန်ကာလအနေဖြင့် ငါးလခန့်သာကြာမြင့်ခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ ဆောလျင်စွာ ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။
မကွေးမြို့နယ် မိကျောင်းရဲကျေးရွာအုပ်စု ဆိပ်သာကျေးရွာအနီးတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ဆိပ်သာဆိုလာရေတင်စီမံကိန်းသည် ဒေသတွင်း လူမှုစီးပွားဘဝများ တိုးတက်လာစေရုံမျှမက နိုင်ငံတော်အတွက် စားရေရိက္ခာများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်လာနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Newspaper - 3230 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။
