စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / January 09, 2026
နေပြည်တော် ဇန်နဝါရီ ၈
စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်းပသည်။
ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ စားသုံးမှု၊ သုံးစွဲမှု၊ ထုတ်လုပ်နိုင်မှုနှင့်တင်သွင်းရန် လိုအပ်မှုတို့ကိုအခြေခံပြီး ပြည်ပမှစားသုံးဆီတင်သွင်းရန် လိုအပ်ချက်ကို တွက်ချက်ကာ တင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းစျေးနှုန်းဖြစ်စေရေးအတွက် စားသုံးဆီရည်ညွှန်းဈေးနှုန်း စိစစ်တွက်ချက်ရေးအဖွဲ့မှ သေချာစွာစိစစ်တွက်ချက်၍ အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချခြင်းနှင့် ပြည်ပ CIF ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းတို့ကြောင့် စက်တင်ဘာလ စတုတ္ထပတ်မှ ဒီဇင်ဘာလအထိ စားသုံးဆီ တစ်ပိဿာဈေးနှုန်းမှာ ငွေကျပ် ၅၆၀ ကျဆင်းလာခဲ့ပါကြောင်း၊ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခွဲဝေလျာထားသည့် ပမာဏအတိုင်း ရောက်ရှိနိုင်စေရန် တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ကုမ္ပဏီများနှင့် ညှိနှိုင်းပေးလျက်ရှိပါကြောင်း။
အချို့သောမြို့နယ်များတွင် ကော်မတီမှ သတ်မှတ်သည့်ဈေးနှုန်းထက် မြှင့်တင်ရောင်းချလျက်ရှိသကဲ့သို့ အချို့မြို့နယ်များတွင် ခွဲတမ်းကို အပြည့်အဝရောင်းချမှုမရှိခြင်းတို့ကို ကြားသိရသည့်အတွက် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဒေသသို့ သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့်ရရှိသော စားအုန်းဆီများကို ပြည်သူများထံ အပြည့်အဝ ဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့၏ လက်ကား/ လက်လီ ကိုယ်စားလှယ်များကို ကြီးကြပ်ထိန်းကျောင်းခြင်းတို့ ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့်တင်သွင်း ဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ဝန်ကြီးဌာန၏ သက်ဆိုင်ရာဦးစီးဌာနများနှင့် ဆက်သွယ်ပြီး ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်စံလုပ်ငန်းစဉ် (SOP)များအား တိကျစွာလိုက်နာဆောင်ရွက်ရေး၊ စားသုံးဆီကဏ္ဍ အထောက်အကူပြုအဖွဲ့များဖြစ်သည့် ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့နှင့် လေ့လာစောင့်ကြည့် သုတေသနအဖွဲ့တို့အနေဖြင့် မြေပြင်အခြေအနေမှန်များအား တင်ပြရေး၊ မီဒီယာများနှင့်တွေ့ဆုံ၍ အများပြည်သူ သိသင့်သိထိုက်သည့် သတင်း အချက်အလက်များကို ရှင်းလင်းပြောကြားရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်နှင့် စားသုံးဆီတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အခက်အခဲများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3406 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
