စိတ်သစ်၊ လူသစ်၊ အခင်းအကျင်းသစ်နှင့် နိုင်ငံ၏ မျက်နှာစာသစ်ဖွင့်လှစ်ကြမည်
စိတ်သစ်၊ လူသစ်၊ အခင်းအကျင်းသစ်နှင့် နိုင်ငံ၏ မျက်နှာစာသစ်ဖွင့်လှစ်ကြမည်
Ministry of Information/ Naypyitaw / March 15, 2026
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက်ရည်ရွယ်သည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်” ကို မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နေပြည်တော်၌ကျင်းပသည်။ ဖိုရမ်၏ ခေါင်းစဉ်အပြည့်အစုံမှာ “မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု)” ဟူ၍ဖြစ်ပြီး ဖိုရမ်၏အမည်နှင့်စပ်လျဉ်း၍ နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ မျက်နှာစာသစ်တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်၊ လုပ်နည်းလုပ်ဟန်သစ်၊ Vision အသစ်၊ Mission အသစ်တို့ကိုပါ ထည့်သွင်းညွှန်းဆိုရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဖိုရမ်ကို ကျင်းပရာတွင် (၁) ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေနှင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အမြင်ကျယ်ကျယ်နှင့်ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်သိမြင်နိုင်စေရန်၊ (၂) နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်းကုန်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍတို့တွင် ဥပဒေများရေးဆွဲကြသည့်အခါ ချဉ်းကပ်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့်ထိရောက်သည့် ဥပဒေများရေးဆွဲပြဋ္ဌာန်းနိုင်စေရန်၊ (၃) နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားဆောင်ရွက်သင့်သည့် အချက်အလက်များ၊ နိုင်ငံတကာတွင်ကျင့်သုံးနေသည့် အချက်အလက်များကို သိရှိနိုင်စေရန်၊ (၄) နိုင်ငံတော်အစိုးရသစ်လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက် (၄)ရပ်နှင့် ကျင်းပခြင်းဖြစ်သည်ဟုသိရသည်။ သို့ဖြစ်ရာ ဤဖိုရမ်က မကြာမီလွှတ်တော်အသီးသီးသို့ တက်ရောက်ကြရတော့မည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
နိုင်ငံများဆိုသည်မှာ လူများကဲ့သို့ပင် သက်ရှိသဘောဆန်သည်။ သို့ဖြစ်ရာ အသက်ရှင်သန်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် လူသားတို့ ရုန်းကန်လှုပ်ရှားကြရသလို နိုင်ငံတို့သည်လည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြားနိုင်ငံများနှင့် အပြိုင်အဆိုင်လှုပ်ရှားဆောင်ရွက်နေကြရသည်။ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေရဆဲဖြစ်သောနိုင်ငံများ ရင်ဆိုင်ကြရသည့်ပြဿနာများကို သရုပ်ခွဲကြည့်ပါက စီးပွားရေးဆိုင်ရာအကြောင်းတရားများ (economic factors) နှင့် စီးပွားရေးနှင့်မသက်ဆိုင်သော အကြောင်းတရားများ (non economic factors) ဟူ၍ တွေ့မြင်နိုင်သည်ဟု ပညာရှင်များက ဆိုကြသည်။ အရင်းအနှီးချို့တဲ့ခြင်း၊ ရှိသမျှအရင်းအနှီးကို လုံလောက်စွာရင်းနှီးမြှုပ်နှံမှုမပြုနိုင်ခြင်း၊ နည်းပညာအဆင့်အတန်းနိမ့်ကျခြင်း စသည်တို့ကဲ့သို့သော အကြောင်းတရားများသည် စီးပွားရေးဆိုင်ရာ အကြောင်းတရားများဖြစ်ပြီး လူတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသော ဓလေ့ထုံးစံ၊ အတွေးအခေါ်၊ အယူအဆများ၊ တန်ဖိုးထားမှု (Values) စသည်တို့က စီးပွား ရေးနှင့်မသက်ဆိုင်သော အကြောင်းတရားများဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ဖော်ပြပါအကြောင်းတရားနှစ်ရပ်စလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သည်ဟုဆိုသည်။
ပြောင်းလဲနေသည့် နိုင်ငံတကာ အခြေအနေများအောက်တွင် မြန်မာနိုင်ငံသည်လည်း စိန်ခေါ်မှုများနှင့်အတူ အခွင့်အလမ်းများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်သည်ဟု ဖိုရမ်ဖွင့်ပွဲအမှာစကားတွင် နိုင်ငံတော်အကြီးအကဲက ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ မကြာတော့သည့်ကာလတွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်တို့ကို လွှဲပြောင်းယူရတော့မည့် အစိုးရသစ်သည်လည်း ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သကဲ့သို့ အခွင့်အလမ်းများကိုလည်း အမိအရ ဆုပ်ကိုင်ရယူအသုံးချသွားရမှာဖြစ်သည်။ ဆန္ဒမဲပေးရွေးချယ် တင်မြှောက်လိုက်သည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း မျှော်လင့်ချက်များ အများအပြားရှိကြသည့်အလျောက် ရေတို ရေရှည်ဆောင်ရွက်ချက်များဖြင့် ပြည်သူများ၏ဆန္ဒများကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်သည်။
မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရပ်ရပ်တို့နှင့်အညီ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်တွင်းအင်အားသာလျှင် အဓိကဖြစ်ရာ အစိုးရနှင့်ပြည်သူတို့ ညီညွတ်စွာအလုပ်လုပ်ကိုင် ကြရန်လိုသည်။ အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူ လူထုတစ်ရပ်လုံးကို တက်ကြွသည့်အင်အားများ (Dynamic forces) ဖြစ်လာစေရန်စည်းရုံး၍ ပြည်သူဗဟိုပြု ဆောင်ရွက်သွားကြရပါမည့်အကြောင်း။ ။
Newspaper - 3470 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
