စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ဒသမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်း
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ဒသမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်း
Ministry of Information/ Naypyitaw / December 13, 2025
နေပြည်တော် ဒီဇင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)၏ ဒသမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့် ပထမအကြိမ် မွေးမြူရေးဒီပလိုမာအောင် လက်မှတ်အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)မှ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော်တို့မှ ကျောင်းဆင်း မောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)တွင် သုံးနှစ်တာကာလအတွင်း စာတွေ့လက်တွေ့ သင်ယူပေါက်မြောက်ခဲ့မှုကို နိုင်ငံတော်ကအသိ အမှတ်ပြုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ယခုအောင်မြင်မှုမှ ပိုမို ကြီးမားခက်ခဲသော စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ကြစေရန် ခွန်အားသစ်များ မွေးမြူသွားကြရန်နှင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ မွေးမြူရေးသိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့များအထိရရှိအောင် ကြိုးစားကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အဆင့်မြင့်ပညာရပ်များ ဆက်လက်လေ့လာ သင်ယူခွင့်ရရှိကြစေရန် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ တောင်သူ များထံ ခေတ်မီနည်းပညာများ ရောက်ရှိရေး၊ ဈေးကွက်အသစ်များ ဖော်ဆောင်ပေးရေး၊ ရှိပြီးဈေးကွက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရေး၊ တန်ဖိုးမြင့် ကုန်ချောများ ထုတ်လုပ်နိုင်စေရေး နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ဆောင်နိုင်ရေး စသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ၊ ထားဝယ်နှင့် ကျောက်တော်)တို့မှ စိုက်ပျိုးရေး ဒီပလိုမာသင်တန်းနှင့် မွေးမြူရေးဒီပလိုမာသင်တန်း ပထမနှစ်မှ တတိယနှစ်အထိ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ) ကျောင်းအုပ်ကြီးက စိုက်ပျိုးရေးဒီပလိုမာ ဘွဲ့ ၂၄၈ ဦးနှင့် မွေးမြူရေး ဒီပလိုမာဘွဲ့ ၂၆ ဦးအားဆိုင်ရာ အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3412 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
