စိုက်ပျိုး၊ မွေးမြူ၊ စက်မှုကဏ္ဍမြှင့်တင် နိုင်ငံတော်နှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်
စိုက်ပျိုး၊ မွေးမြူ၊ စက်မှုကဏ္ဍမြှင့်တင် နိုင်ငံတော်နှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်
Ministry of Information/ Naypyitaw / January 18, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”နှင့် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ကို ချမှတ်ထားသည်။
တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးကြီးသောကဏ္ဍများဖြစ်သည်။ အဆိုပါကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာ၊ အတတ်ပညာ၊ နည်းပညာ ကြွယ်ဝတတ်မြောက်ကျွမ်းကျင်သော လူသားအရင်းအမြစ်များ များစွာလိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း အတတ်ပညာကျောင်းများကို နိုင်ငံအနှံ့တည်ဆောက်ဖွင့်လှစ်ပေးထားသည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုး၊ မွေးမြူ၊ စက်မှုဆိုင်ရာတက္ကသိုလ်ကောလိပ်များကို တည်ဆောက်ထားပြီး နိုင်ငံ၏ပညာရေးအပေါ်မူတည်၍ ယခုအခါ စိုက်ပျိုး၊ မွေးမြူ၊ စက်မှုအထက်တန်းကျောင်းများကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထားသည်။
သို့သော် မြန်မာနိုင်ငံ၏ အခြေအနေနှင့်လူဦးရေအချိုးအစားအရ တည်ဆောက်ဖွင့်လှစ်ပေးထားသော စိုက်ပျိုး၊ မွေးမြူ၊ စက်မှုဆိုင်ရာ ပညာသင်ကျောင်းများ၏ အနေအထားများမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။ တက္ကသိုလ်၊ ကောလိပ်အဆင့်အနေဖြင့် လူဦးရေအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်း ၆၇ ကျောင်းရှိပြီး တရုတ်နိုင်ငံတွင် ၇၉ ကျောင်းရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၀ ကျောင်း၊ မလေးရှားနိုင်ငံတွင် ၁၄ ကျောင်း၊ ထိုင်းနိုင်ငံတွင် ၂၆ ကျောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ၄၇ ကျောင်း၊ ဗီယက်နမ်နိုင်ငံတွင် ၁၆ ကျောင်းနှင့် မြန်မာနိုင်ငံတွင် စိုက်ပျိုး၊ မွေးမြူ၊ သစ်တောတက္ကသိုလ်၊ ကောလိပ်သုံးခုသာရှိသည်။
အဆိုပါ တက္ကသိုလ်၊ ကောလိပ်ပညာသင်ကျောင်းများ တိုးတက်မှုအခြေအနေအရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုဆိုင်ရာ ထုတ်ကုန်အဆင့်အတန်းမြင့်မားမှုအခြေအနေကို လက်တွေ့မြင်တွေ့နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုကြည့်လျှင် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ထုတ်ကုန်များမှာ မြန်မာနိုင်ငံထက် အရည်အသွေးအဆင့်အတန်းမြင့်မားနေသဖြင့် ဈေးကွက်တွင် ထိုနိုင်ငံထုတ်ကုန်ပစ္စည်းများသည် ဈေးကွက်ဝင်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး ရေခံမြေခံကောင်း များရှိပြီးဖြစ်သော်လည်း အတတ်ပညာ၊ နည်းပညာဖွံ့ဖြိုးမှုဘက်တွင် အားနည်းနေဆဲဖြစ်၍ ပြည်တွင်း ပြည်ပဈေးကွက်တွင် အခြားနိုင်ငံများနှင့်ယှဉ်လျှင် ဦးဆောင်အခြေအနေသို့ မရောက်သေးသည်ကိုတွေ့နိုင်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးသူတောင်သူများအနေဖြင့် ရှိပြီးရေခံမြေခံပေါ်တွင် သမားရိုးကျလုပ်ကိုင်ကြသူများမှာ အများစုဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် အော်ဂဲနစ်ဓာတုဗေဒ၊ အင်အော်ဂဲနစ်ဓာတုဗေဒ၊ ရူပဓာတုဗေဒ၊ ဓာတ်ခွဲဓာတုဗေဒဘာသာရပ်များသည် အရေးပါသဖြင့် နိုင်ငံတကာစိုက်ပျိုးရေးတက္ကသိုလ်၊ ကောလိပ်များတွင် အလေးထားသင်ကြားပေးလျက်ရှိသည်။ သီးနှံအထွက်ကောင်းစေရန်သာမက ရာသီဥတုဆိုးရွားမှုဒဏ်ခံနိုင်ရန်အတွက် အပင်ဇီဝသုတေသနပြုခြင်းဆိုင်ရာတို့ကိုပါ သင်ကြားသုတေသနပြုနေကြသည်။ ထို့ပြင် အပင်များဆိုင်ရာ ဇီဝဓာတုဗေဒဘာသာရပ်ကို ထပ်မံခွဲထုတ်ထားသည့် အောင်မြင်နေသော ဘာသာရပ်များရှိသည်။ စိုက်ပျိုးရေးအတွက်အသုံးချရသော မြေဆီလွှာဆိုင်ရာ သိပ္ပံဘာသာရပ်များလည်းရှိသည်။
အဆိုပါဘာသာရပ်များအနက်မှ အချို့ကို မြန်မာနိုင်ငံတွင် သင်ကြားပေးလျက်ရှိသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍမှ ဖြည့်ဆည်းပေးနိုင်မည့် လိုအပ်နေသေးသော ခေတ်စနစ်နှင့်အညီ နိုင်ငံတကာတွင် ပြောင်းလဲသင်ကြားနေသော ဘာသာရပ်အသစ်များ၊ စိုက်ပျိုးရေးဆိုင်ရာဌာနအသစ်များ ထပ်မံဖွင့်လှစ်ပေးရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တစ်ကျောင်းတည်းရှိပြီး အဆိုပါတက္ကသိုလ်ကြီးတွင် ဘာသာရပ်အသစ်များ ဖြည့်ဆည်းပေးရန်သာမက နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ကြီးများကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် သင့်တော်သလို ခွဲဝေသုတေသနပြု သင်ကြားပေးနိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူများစွာပြုမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူထားသည့်ကာလအတွင်းမှာပင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မြင့်မားတိုးတက်လာအောင် မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ အရည်အသွေးမြင့်မားစွာ ပိုမိုထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းပညာများကို နိုင်ငံတကာနှင့်တန်းတူမျှဝေပေးနိုင်သည်နှင့်အမျှ နိုင်ငံ့လူမှုစီးပွားမြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3382 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
