ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / January 17, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၆

ဆန်ဒိုင်းမူဘောင် အကောင်အထည်ဖော်မှုအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံစာတင်သွင်း နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့အဆင့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှုအား အွန်လိုင်းမှ တစ်ဆင့်အစီရင်ခံတင်သွင်းခြင်းကို ၂၀၁၈ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆန်ဒိုင်းမူဘောင်တွင် ဘေးအန္တရာယ်ကြောင့် သေဆုံး/ ပျောက်ဆုံးသူဦးရေ၊ ထိခိုက်ဒဏ်ရာရရှိသူအပါအဝင် ဘေးသင့်ဦးရေများကိုလျှော့ချရန်၊ စီးပွားရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချရန်၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးဆိုင်ရာ မဟာဗျူဟာများနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ဘေးအန္တရာယ် ဆိုင်ရာကြိုတင်သတိပေးစနစ်များ အဆင့်မြှင့်တင်ရန် စသည့်လုပ်ငန်းများအတွက် ကမ္ဘာ့အဆင့်ပန်းတိုင် (၇)ရပ်နှင့် အညွှန်းကိန်း (၃၈) ခု ဖော်ထုတ်ထားပါကြောင်း။

ဆန်ဒိုင်းမူဘောင်ပါ အညွှန်းကိန်းများသည် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals-SDG) နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan: 2018–2030)ပါ အညွှန်းကိန်းများနှင့် ချိတ်ဆက်ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆန်ဒိုင်းမူဘောင်ပါ အညွှန်းကိန်းများကို နှစ်စဉ်မပြတ်ဖြည့်သွင်းခဲ့ပါကြောင်း၊ ဆန်ဒိုင်းမူဘောင်ကို အကောင်အထည်ဖော်ဆောင် ရွက်နေခြင်းသည် MSDP/SDG အကောင်အထည်ဖော်မှုများအတွက် လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးနေခြင်းဖြစ်ပါကြောင်း၊ မကြာသေးမီကာလအတွင်း အိန္ဒိယနိုင်ငံနယူးဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ပါကြောင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများထဲမှ မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ ၂၀၂၄ ခုနှစ်အထိ အစီရင်ခံစာတင်သွင်းထားသောကြောင့် နိုင်ငံများ၏ အသိအမှတ်ပြုမှုရရှိခဲ့သည့် အတွက် စာရင်း/ ကိန်းဂဏန်းများကိုပံ့ပိုးပေးသည့် သက်ဆိုင်ရာဌာနများအား ကျေးဇူးတင်ရှိပါကြောင်း၊ ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု အွန်လိုင်းအစီရင်ခံစာကို ၂၀၃၀ ပြည့်နှစ်အထိ ဖြည့်သွင်းသွားရမည်ဖြစ်ပါသဖြင့် ကိန်းဂဏန်းအချက်အလက်များ ပြည့်ပြည့်စုံစုံ ထည့်သွင်းနိုင်အောင် ဆက်လက်ပူးပေါင်းပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆန်ဒိုင်းမူဘောင်တွင် ဖြည့်သွင်းလျက်ရှိသည့် အချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသောဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆန်ဒိုင်းမူဘောင်အကောင်အထည် ဖော်မှုအစီရင်ခံစာတင်သွင်းရာတွင် ကိန်းဂဏန်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးအတွက် သိရှိလိုသည်များနှင့် ပူးပေါင်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေများကို တင်ပြဆွေးနွေးသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာအရာထမ်းများ ပါဝင်တက်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3459 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download