ဆရာများ၏ ရင်ဖွင့်သံကို အလေးထား


Ministry of Information/ Naypyitaw / October 05, 2024
image_latest


ပညာရေးကဏ္ဍအရည်အသွေးမြင့်မားမှ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်သည်လည်း အရည်အသွေးမြင့်မားနိုင်သည်။ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာလျှင် နိုင်ငံကို မြင့်မြင့်မားမား၊ ကောင်းကောင်းမွန်မွန် တည်ဆောက်နိုင်မည်ဖြစ်သည်။ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ကို ပုံဖော်ထုဆစ်သူများမှာ ဆရာ၊ ဆရာမများဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အဦးအစသည် ဆရာ၊ ဆရာမတို့ထံတွင် ရှိနေသည်။

တစ်ဖန် တပည့်တစ်ဦးချင်း၊ တစ်ယောက်ချင်းတို့အပေါ်တွင်လည်း ဆရာ၊ ဆရာမတို့၏ သွန်သင်ဆုံးမမှုနှင့် သင်ကြားပေးမှုတို့က ဩဇာလွှမ်းမိုးအရိပ်ထိုးနေသည်။ ‘ဆရာကောင်းတပည့် ပန်းကောင်းပန်’ ဟူသော စကားပုံကဲ့သို့ပင် ဆရာတို့သင်ကြားပို့ချမှု ကောင်းလျှင်ကောင်းသလို၊ ဆုံးမပဲ့ပြင်မှု ကောင်းလျှင်ကောင်းသလို တပည့်များ ထူးချွန်ကြ၊ လိမ္မာရေးခြားရှိကြသည်။ ပညာရဲရင့်ပြီး ပွဲလယ်တင့်နိုင်ကြသည်၊၊ လူရည်ချွန်၊ လူရည်မွန်များအဖြစ်ဖြင့် ဘဝကို ကောင်းစွာတည်ဆောက်လာနိုင်ကြပြီး ပတ်ဝန်းကျင်ကိုလည်းကောင်း၊ လူ့အဖွဲ့အစည်းကိုလည်းကောင်း၊ နိုင်ငံကိုလည်းကောင်း ကောင်းစွာအကျိုးပြုသူများ ဖြစ်လာကြသည်မှာ ဆရာကောင်း၊ ဆရာမကောင်းတို့၏ စွမ်းရည်ကြောင့်ပင်ဖြစ်သည်။

ပညာသင်အရွယ် ကလေးလူငယ်တို့အား အသိပညာ၊ အတတ်ပညာ သင်ကြားဖြန့်ဝေပေးနေသူ၊ ပညာဆီမီး ထွန်းညှိပေးနေသူ ဆရာ၊ ဆရာမတို့သည် လူ့ဘောင်လောကကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လွန်စွာအရေးကြီး၊ တာဝန်ကြီးမားသလောက် လွန်စွာသိမ်မွေ့သည့် လုပ်ငန်းများကို ထမ်းဆောင်နေကြသူများအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာ့ဆရာများနေ့ကို နှစ်စဉ်အောက်တိုဘာ ၅ ရက်တွင် နိုင်ငံအသီးသီးတို့၌ ကျင်းပလျက်ရှိသည်။ ဤသို့လျှင် ဆရာ၊ ဆရာမများသည် လူတစ်ဦးချင်းစီ၏ ဘဝအတွက်၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံအတွက်၊ လူ့ဘောင်လောကကြီးတစ်ခုလုံးနှင့် ကမ္ဘာကြီးအတွက် အရေးကြီး၊ အရေးပါသော်ငြား ကမ္ဘာ့ဒေသအသီးသီးတို့ရှိ ဆရာ၊ ဆရာမများတို့မှာ အလုပ်ပိမှု၊ တန်ဖိုးထားမခံရမှု၊ လုပ်ခလစာနည်းပါးမှု စသည်တို့အတွက် ပြောစရာ၊ ဆိုစရာ၊ ရင်ဖွင့်စရာတို့ ရှိနေသည်။

ဆရာလောကတွင် “တပည့်မရှား၊ တစ်ပြားမရှိ၊ ပီတိကိုစား၊ အားရှိပါသည်” ဆိုသော်လည်း ဆရာ၊ ဆရာမတစ်ဦးအနေဖြင့် ရပ်တည်ရန် ခက်ခဲမည်ဖြစ်သကဲ့သို့ သင်ကြားမှုနယ်ပယ်ဆီသို့ မျိုးဆက်သစ်ဆရာ၊ ဆရာမများကို ဆွဲဆောင်ခေါ်ငင်ရန်လည်း ခက်ခဲမည်ဖြစ်သည်၊၊ ယခုနှစ် ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်မှာ “ဆရာများ၏ ရင်ဖွင့်သံကို အလေးထားကြပါစို့ - Valuing teacher voices ” ဟူ၍ဖြစ်ရာ ဆရာ၊ ဆရာမများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို အလေးအနက်ထား၍ ဝိုင်းဝန်း ‌ဖြေရှင်း‌ဆောင်ရွက်ပေးကြရန် တိုက်တွန်းထားခြင်းပင်ဖြစ်သည်။

ယခုနှစ် ကမ္ဘာ့ဆရာများနေ့အတွက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စ်ကို)၏ သတင်းစကားတွင် သင်ကြားမှုနယ်ပယ်ကို ဆွဲ‌ဆောင်မှုရှိသည့်၊ တန်ဖိုးထားမှုရှိသည့် အသက်မွးဝမ်းကျောင်းလုပ်ငန်း နယ်ပယ်အဖြစ်သို့ ပြောင်းလဲနိုင်ရေးရှေးရှုရန်နှင့် ဆရာ၊ ဆရာမများကိုလည်း တန်ဖိုးထားကာ လုံလောက်သည့် ပံ့ပိုးမှုများပြုလုပ်ပေးရန် တိုက်တွန်းထားသည်၊၊ မိမိတို့နိုင်ငံတွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့ကို မသင်မနေရ အခမဲ့ပညာရေးအဖြစ် နိုင်ငံတော်က တာဝန်ယူသင်ကြားပေးလျက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ တန်းစဉ်မှန်မှန် ကူးပြောင်းရေး၊ အနိမ့်ဆုံးအဆင့် KG+9 ပြီးဆုံးအောင် သင်ယူကြပြီး အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ရာ ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည်။ ဆရာ၊ဆရာမများ၏ အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဖွင့်နိုင်ရန် အခွင့်အလမ်းများ၊ ပုံမှန်လမ်းကြောင်းများ ဖော်ဆောင်ပေးခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် သင်ကြားမှုနယ်ပယ်ကို ပိုမို၍ကောင်းမွန်အောင် ဝိုင်းဝန်းကူညီ တည်ဆောက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download