ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
Ministry of Information/ Naypyitaw / November 14, 2025
နေပြည်တော် နိုဝင်ဘာ ၁၃
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ နော်အုန်းလှနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နော်စုစုလှိုင်တို့က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၃ ရက်ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မင်္ဂလာပါရှင့်...။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကျွန်မကတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီရဲ့ ဒုတိယဥက္ကဋ္ဌ နော်အုန်းလှဖြစ်ပြီး ပါတီရဲ့မူဝါဒ သဘောထားများကို မိဘပြည်သူအများ သိရှိနိုင်ဖို့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ပြည်သူများရှင့်
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ပထမအကြိမ်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှာ ဒုတိယအကြိမ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်၍ ပါတီတည်ထောင်ခဲ့ပါတယ်။ ပါတီကို ဦးဆောင်တည်ထောင်သူများဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြပါတယ်။
ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာစည်းရုံးဟောပြောခွင့် စတဲ့လူမှုအခွင့်အရေးများနဲ့ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ လူ့အခွင့်အရေးစံနှုန်းများကို တန်းတူရည်တူ ရရှိခံစားနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ ပြည်သူတစ်ရပ်လုံးဥပဒေက ခွင့်ပြုထားတဲ့ ခံစားခွင့်များကို အပြည့်အဝရရှိခံစားနိုင်ဖို့၊ ဥပဒေရဲ့အကာအကွယ်ကို အပြည့်အဝရရှိခံစားနိုင်စေဖို့နဲ့ တရားဥပဒေစိုးမိုးတဲ့ လူမှုဝန်းကျင်များ ဖြစ်ပေါ်လာရေး ကြိုးစားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဦးတည်ချက်၊ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မူဝါဒချင်း ရည်ရွယ်ချက်ချင်းတူညီတဲ့ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းပြီး ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များကို လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မူဝါဒချင်းတူညီတဲ့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ မဟာမိတ်ဖွဲ့ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော ပြည်သူများရှင့်
တိုင်းရင်းသားအချင်းချင်းကူညီရိုင်းပင်းမှု၊ လေးစားအသိအမှတ်ပြုမှု၊ ယုံကြည်မှုနဲ့ ပန်းတိုင်းဖူးပွင့်ပိုင်ခွင့်ရှိတဲ့ စုံလင်ကွဲပြားမှုရဲ့ ညီညွတ်သောစုပေါင်းအင်အားနဲ့ တိုင်းပြည်ကို တိုးတက်စေရပါမယ်။ စုံလင်ကွဲပြားမှုကို ပြည်ထောင်စုရဲ့စံတန်ဖိုးအဖြစ် စွဲကိုင်ထားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုကြီးမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ့် စံတန်ဖိုးတစ်ခုအဖြစ် သတ်မှတ်ရပါမယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူ့အခွင့်အရေးများကို ထောက်ခံအားပေးရမယ့်အပြင် လေးစားလိုက်နာမှုလည်းရှိရပါမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကြံရာပါမဖြစ်စေဖို့နဲ့ ချိုးဖောက်မှုတွေကို ဆန့်ကျင်တားဆီး ကာကွယ်ရပါမယ်။
စီမံကိန်းကြီးများကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူတို့ဖန်တီးတဲ့ လုပ်ရပ်များကြောင့်ဖြစ်စေ၊ လက်နက်ကိုင် တိုက်ပွဲများကြောင့်ဖြစ်စေ နေရပ်စွန့်ခွာ ပြောင်းရွှေ့ရသူများနှင့် ဒုက္ခသည်များအပေါ်ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်တားဆီးပေးရပါမယ်။ သူတို့အတွက်အခြေခံလူမှုဘဝလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။
ပြည်ထောင်စုရဲ့အခြေခံအင်အားဟာ အလုပ်သမား၊ တောင်သူလယ်သမားများဖြစ်တဲ့အတွက် အလုပ်သမား၊ တောင်သူလယ်သမား များနဲ့ ၎င်းတို့မိသားစုများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းစွာ အသက်ရှင်ရပ်တည်နိုင်ရေး၊ အနာဂတ်ဘဝလုံခြုံရေး၊ လူ့အခွင့်အရေးရရှိရေး၊ တရားမျှတရေး၊ တန်းတူညီမျှရေး၊ သာတူညီမျှရေးတွေအပြင် လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံခံရရေး ကြိုးပမ်းဆောင်ရွက်ပေးပါမယ်။ လုပ်အားကိုအခြေခံသော်လည်း လူမှုဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက်နိုင်ငံတွင်း ပြဋ္ဌာန်းဥပဒေနဲ့သာမက နိုင်ငံတကာစံနှုန်းများနဲ့အညီ အာမခံချက်ပေးနိုင်သည့် အစိုးရပေါ်ပေါက်ရေးတွန်းအားပေးဆောင်ရွက်သွားပါမယ်။
အလုပ်သမားနဲ့တောင်သူလယ်သမားတို့ရဲ့ နေ့စဉ်လူမှုဘဝလုံခြုံ မှု၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှု၊ အလုပ်သမားများရဲ့ အုပ်စုလိုက်ခံစားခွင့်၊ တစ်ဦးချင်းခံစားခွင့်ဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် ဥပဒေအရ အကာအကွယ်ရယူပိုင်ခွင့်၊ လူမှုဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှု၊ လွတ်လပ်ပျော်ရွှင်မှုများ စနစ်တကျခံစားခွင့်ရရှိနိုင်ရေး စတာတွေကို သက်ဆိုင်ရာအစိုးရက ဖန်တီးပေးနိုင်ဖို့ မူဝါဒချမှတ် ဆောင်ရွက်သွားပါမယ်။
အလုပ်သမားနဲ့ တောင်သူလယ်သမားအစည်းအရုံးများကို လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်၊ အလုပ်ရှင်နဲ့ အလုပ်သမားများအကြား လုပ်ခလစာကို စေ့စပ်ညှိနှိုင်းခွင့်ရှိရပါမယ်။ အတင်းအဓမ္မ ခိုင်းစေခြင်း၊ ကလေးများကို အလုပ်ခိုင်းစေခြင်းတွေ ဥပဒေအရ တားမြစ်ထားရပါမယ်။ လုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင်းအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ လူသားတစ်ဦးရဲ့ အခြေခံအကျဆုံးရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ပါတယ်။ လူတိုင်းဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိရပါမယ်။ မိမိယုံကြည်ချက်ကို လွတ်လပ်စွာ ကိုင်စွဲပိုင်ခွင့်၊ သတင်းအချက်အလက်နဲ့ အတွေးအမြင် အယူအဆများကို လက်ခံပိုင်ခွင့်၊ ဖန်တီးဖြန့်ဝေပိုင်ခွင့်ရှိရပါမယ်။
ဆက်လက်ပြီးတော့ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း နော်စုစုလှိုင်က ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
----------------------------------------------------
ချစ်ခင်လေးစားအပ်ပါသော ပြည်သူများရှင့်
ကျွန်မကတော့ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စား လှယ်လောင်းနော်စုစုလှိုင် ဖြစ်ပါတယ်။
ပညာရေးဟာ ပြည်ထောင်စုရဲ့ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ခေတ်မီပြီး လက်တွေ့အသုံးချနိုင်တဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ရပါမယ်။ လူ့အခွင့်အရေးကို အခြေခံတဲ့ပညာရေးစနစ် တည်ဆောက်ရပါမယ်။ ဗဟုဘာသာစကား သင်ကြားတဲ့စနစ်နဲ့ မိခင်ဘာသာစကား အခြေပြုပညာရေးစနစ်တို့ကို ဦးတည်တဲ့ ပညာသင်ကြားမှုစနစ်ဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ သက်ဆိုင်ရာဒေသအလိုက် တိုင်းရင်းသား ဘာသာစာပေနဲ့ စကားများကို သင်ကြားခွင့်ရရှိစေရေး ဆောင်ရွက်မယ့်အပြင် လိုအပ်တဲ့ ကူညီထောက်ပံ့မှုများ ရရှိရေး ကြိုးပမ်းသွားပါမယ်။ တိုင်းရင်းသားလူမျိုးများရဲ့ အမျိုးသား ပညာရေးကျောင်းများ တရားဝင် ရပ်တည်ခွင့်ရှိရေး ဆောင်ရွက်သွားပါမယ်။
ဘာသာစကားများနဲ့ ယဉ်ကျေးမှုများကို လေးစားခြင်းက ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်ဆွေးနွေးခြင်းကို တည်ဆောက်ထိန်းသိမ်းတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးတို့ရဲ့ ဘာသာ စကားနဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သင်ယူပိုင်ခွင့်၊ ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုများကို ရယူပိုင်ခွင့်၊ မိမိတို့ရဲ့ဘာသာစကားနဲ့ ယဉ်ကျေးမှုဆိုင်ရာများကို ဆက်သွယ်ရေးသတင်းမီဒီယာတွေမှာ ကျိုးကြောင်းဆီလျော်စွာ ထုတ်ဖော်ပြသပိုင်ခွင့်၊ အစိုးရအဖွဲ့အစည်းများ၊ လူမှုစီးပွားဆိုင်ရာ ဆက်သွယ်လှုပ်ရှားမှုများမှာ မိမိတို့ရဲ့ ဘာသာစကားကို အာရုံစိုက်စေရေး ရယူဆောင်ရွက်ပိုင်ခွင့်စတဲ့ လူမျိုးစုများရဲ့ စုပေါင်းအခွင့်အရေးများကိုလည်း အာမခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားပါမယ်။
ချစ်ခင်လေးစားအပ်ပါသော ပြည်သူများရှင့်
အချုပ်အခြာရဲ့ မူလအရင်းအမြစ်ဟာ ပြည်သူတို့သာဖြစ်ကြောင်း၊ နိုင်ငံ့အာဏာဟာ ပြည်သူ့လက်ထဲမှာရှိကြောင်း သက်သေထူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်ရှင့်။
ပါတီ၏ သီချင်းစာသား
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
(အဖြူရောင်ပုဆိန်နှစ်လက်)
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
(အဖြူရောင် ပုဆိန်နှစ်လက်)
ရဲရဲရင့်ရင့် နှလုံးသားသစ္စာ ဒို့အလံကို အနီရောင်ခြယ်
ဝိုင်းစက်အနက်သည် လေးနက်တည်ကြည်
အဓိဋ္ဌာန်ရှေ့ဆက်အမြဲ ခိုင်မယ်
ပုဆိန်နှစ်လက်အဖြူရောင်သင်္ကေတ ရှင်းသန့်ဖြူစင်စွာ
ပြည်သူ့အန္တရာယ် ဒို့ကာကွယ်
ကြယ်ဖြူရှစ်ပွင့် ဝန်းရံလျက် ညီနောင်တိုင်းရင်းသား ချစ်ကြည်ဖွဲ့
ပြည်သူ့အတွက် ဒို့ပါတီ အောင်လံထူမယ်
မိုးယံထက်မှာ လွင့်ပျံ့ဝင့်ထည်
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
(အဖြူရောင်ပုဆိန်နှစ်လက်)
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
(အဖြူရောင်ပုဆိန်နှစ်လက်)
ပြည်သူ့ဆန္ဒ ဒို့ဖြည့်စွမ်း လူ့အခွင့်အရေးလည်း ဒို့ကာကွယ်
ကျေးလက်ပြည်သူဖြိုးပွင့်ဝေမည်
သီးပွင့်ရတနာစိမ်းလန်းဝေစီ
လယ်သမားအလုပ်သမားဘဝမြင့်မား
စားဝတ်နေမှုကြံဆောင်မည်
အမျိုးနဲ့ ဘာသာ မခွဲခြား ကူညီ
တွဲလက်ခိုင်ကြည် အားသစ်မာန်ချီ
ပြည်မြန်မာစီးပွားရေးကို အရှိန်အဟုန်မြှင့်
ပညာရည်တိုးတက်စွမ်းဆောင်ယုံကြည်ခြင်း
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
(အဖြူရောင်ပုဆိန်နှစ်လက်)
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ
(အဖြူရောင်ပုဆိန်နှစ်လက်)
Newspaper - 3373 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
