တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ငါးစီး ဖမ်းဆီးရမိ


Ministry of Home Affairs/ Naypyitaw / June 01, 2025


     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့၌ ၂၀၂၅ ခုနှစ်၊ မေ ၃၁ ရက်က လိုင်စင်မဲ့မော်တော်ယာဉ် ငါးစီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မေ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့နယ်၊ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်အဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ ဗိုလ်ဗထူးလမ်း၌ မြိတ်တောင်ကျေးရွာအုပ်စုနေ အောင်အောင်သူ(၂၇)နှစ်အား YGN-6 1P/XXXX HONDA INSIGHT ခဲရောင် လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့်လည်းကောင်း။

     အလားတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင် လမ်းဆုံ၌ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်အဖွဲ့က မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်နေ ဟိန်းစိုး(၂၅)နှစ်အား YNG-22 7P/XXXX CROWN အဖြူရောင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ချောင်းကူငယ်ရပ်ကွက်နေ သက်ပိုင်ဦး(ခ)ကိုပိုင်(၂၅)နှစ်အား YNG-12 2K/XXXX HIJET အဖြူရောင် လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့်လည်းကောင်း။

     အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မြိတ်မြို့၊ ကွမ်းသီးချောင်းကျေးရွာနေ ကျော်ကိုထိုက်(၃၇)နှစ်၏နေအိမ်တွင် လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိကြောင်း သတင်းအရ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ကျော်ကိုထိုက်၏ နေအိမ်ခြံဝင်းအတွင်းမှ BGO-11 1P/XXXX HONDA ACTY အဖြူရောင် လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့်လည်းကောင်း။

     အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဘုတ်ပြင်းမြို့နယ်၊ သီရိမြိုင်ကျေးရွာ၊ ဘုတ်ပြင်း-ကရသူရိကားလမ်း၌ ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာတိုးချဲ့ရပ်ကွက်နေ သက်နိုင်မိုး(၄၆)နှစ်အား YNG-22 2N/XXXX VOXY အဖြူရောင် လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့်လည်းကောင်း အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် လိုင်စင်မဲ့ယာဉ် လက်ဝယ်ထားရှိသူများဖြစ်သည့် အောင်အောင်သူ၊ ဟိန်းစိုး၊ သက်ပိုင်ဦး(ခ)ကိုပိုင်၊ ကျော်ကိုထိုက်နှင့် သက်နိုင်မိုးတို့ ငါးဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3182 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download