တပ်ကုန်းမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး မိုးဝါ၊ မိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်
တပ်ကုန်းမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး မိုးဝါ၊ မိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်
Ministry of Information/ Naypyitaw / May 31, 2025

နေပြည်တော် မေ ၃၀
တပ်ကုန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်း သားတောင်သူများ၏ မိုးဝါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မိုးဝါ၊ မိုးစပါးနှင့် သွင်းအားစုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် ဒဟတ်ကုန်း ကျေးရွာဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဆွေးနွေးမှာကြား
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမ အသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့်ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ TBL (တီဘီအယ်လ်) ကုမ္ပဏီလီမိတက်မှ တာဝန်ခံ Mr. Muyarkar က ဝါမျိုးစေ့များ ထုတ်လုပ်နေမှုနှင့် ဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် သမဝါယမအသင်းသား တောင်သူများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တပ်ကုန်းမြို့နယ်အတွင်းရှိ မိုးဝါနှင့် မိုးစပါး စိုက်တောင်သူများအတွက် Raka 666 ဝါမျိုးစေ့များ၊ ဆင်းသုခမိုးစပါးမျိုးစေ့နှင့် စမ်းဝတီ သဘာဝမြေဇာများကို ထောက်ပံ့ပေးအပ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ ရေပေးဝေရေးအတွက် ဆောင်ရွက်ထားသည့် ဆင်သေရေလွှဲဆည်မှ ရေရရှိရေးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် လတ်တလောရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန် ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်လုပ်ငန်း သင်တန်းဆင်းသူများ အနက်မှ လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထားသူများ၏ Morning Star စားသောက်ကုန်လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လုပ်ငန်းများပိုမို အောင်မြင်စေရေး တစ်ဦးတစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်- ဇီးကုန်း- လေသာ-သရက်တော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆင်သေချာင်းကူးတံတား A-1 ဘက်ခြမ်းတွင် အရှည်ပေ ၆၀ RC တံတားနှင့် A-2 ဘက်ခြမ်းတွင် အရှည်ပေ ၁၂၀ RC တံတားတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများသတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
