တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / April 22, 2026
နေပြည်တော် ဧပြီ ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ် သီဟသူရကျင်စံခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၎င်းတာဝန်များထမ်းဆောင်နိုင်ရန်အတွက် အမှန်တကယ်စွမ်းရည်ရှိသော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားတိုင်း ကိုယ်စီအရည်အချင်းရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ နိုင်ငံတော်ကို လုံခြုံစွာကာကွယ်နိုင်ရန်အတွက် စစ်ရေးစွမ်းရည် ထက်မြက်ရမည်ဖြစ်ပြီး ထိုသို့တပ်မတော် စွမ်းရည်မြင့်မားရန် လူသားစွမ်းရည်မြင့်မားရေးသည် အလွန်အရေးကြီးကြောင်း၊ စွမ်းရည်ဆိုသည့်နေရာတွင် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်များ မြင့်မားနေရန်လိုအပ်ကြောင်း။
တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်ရန် မလွဲမသွေလိုအပ်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို မမေ့ရန်လိုကြောင်း၊ စစ်ရေးစွမ်းရည်ဆိုသည်မှာ တိုက်စွမ်းရည်၊ တိုက်စွမ်းအားပင်ဖြစ်ကြောင်း၊ စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုများနှင့် ရဲစွမ်းသတ္တိများရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်ရေးသည် လူနှင့်သက်ဆိုင်ပြီး စွမ်းရည်မြင့်မားစေရန်အတွက် လေ့ကျင့်ရေးသည် အဓိကပင်ဖြစ်ကြောင်း။
စစ်ပညာ၏ အခြေခံသည်စစ်ရေးပြပင်ဖြစ်ပြီး အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်းကောင်းမွန်စေမှု အတွက်ရည်ရွယ်လေ့ကျင့်ပေးခြင်းဖြစ်၍ စစ်ကျောင်းကြီးများအနေဖြင့် စနစ်တကျ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ အမိန့်နာခံတတ်မှုတွင် တစ်ဦးချင်းနှင့်အဖွဲ့လိုက်ဟူ၍ရှိပြီး မိမိတို့တပ်မတော်အနေဖြင့် အဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် တစ်ဦးချင်းစွမ်းရည်များစုပေါင်းပြီး အဖွဲ့အစည်း၏စွမ်းရည်များရရှိအောင် တည်ဆောက်ခြင်းဖြစ်ကြောင်း။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍတွင်ရှိပြီး အုပ်ချုပ်မှုမကောင်းလျှင် စစ်ရေးစွမ်းရည်နှင့်စည်းရုံးရေး စွမ်းရည်ပါမကောင်းနိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် စားရေး၊ နေရေး၊ သွားလာနေထိုင်ရေး၊ စစ်စည်းကမ်း ထိန်းသိမ်းရေးအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်သွားရန်လိုအပ်ပြီး တာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှု အားနည်းချက်ကို ဖြစ်ပေါ်နိုင်ကြောင်း။
အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားများရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုရှိရန်လိုကြောင်း၊ အုပ်ချုပ်မှုအားနည်းလျှင် စည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုကောင်းရန် စည်းကမ်းကောင်းမွန်မှုသည် အရေးကြီးကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းသည် တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓာတ်ရှိရမည်ဖြစ်ပြီး ခွင့်လွှတ်သင့်သည်ကို ခွင့်လွှတ်ပေးရမည်ဖြစ်ကာ ခွင့်လွှတ်ပေး၍မရသည့်ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်ချမှတ်ထားသော စည်းကမ်းဘောင်အတွင်းမှသွေဖည်ပြီး လုပ်ဆောင်၍မရသဖြင့် စည်းကမ်းကိုချိုးဖောက်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းရှိသည့်၊ စည်းကမ်းကောင်းသည့် တပ်မတော်ဖြစ်အောင် အမြဲတမ်းစောင့်ထိန်းလိုက်နာနိုင်ရန် လိုအပ်သော်လည်း အစွန်းရောက်သော တင်းကြပ်မှုမဖြစ်ရန် သတိပြုရမည်ဖြစ်ကြောင်း။
စည်းကမ်းသည်စည်းရုံးရေး၏ အခြေခံအချက်ပင်ဖြစ်ပြီး စည်းကမ်းကောင်းမွန်မှုမရှိပါက စည်းရုံးရေးပျက်ပြားနိုင်သဖြင့် စည်းကမ်းကောင်းမှ စည်းရုံးရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ရန်လိုအပ်ပြီး ဝတ်စားဆင်ယင်မှုစည်းကမ်း၊ သွားလာမှုစည်းကမ်း၊ နေထိုင်မှုစည်းကမ်း၊ လုပ်ကိုင်မှုစည်းကမ်း စသည်တို့ကို ပီပီပြင်ပြင်လုပ်ဆောင်သွားပါက ၎င်းတပ်သည် တပ်ကောင်းတစ်ခုဖြစ်မည်ဖြစ်ကြောင်း။
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်များအပေါ်တွင် စေတနာထား၍ လုပ်ဆောင်ရန်လိုအပ်ပြီး သက်သာချောင်ချိရေးဆိုသည်မှာ စားရေး၊ သောက်ရေးသာမက နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေး စသည်ဖြင့် အားလုံးခြုံငုံ၍ အဆင်ပြေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သက်သာချောင်ချိရေးဆိုသည်မှာ ထောက်ပံ့ပေးသည့် ငွေကြေး (သို့မဟုတ်) ပစ္စည်း၊ အစားအသောက် ဆောင်ရွက်ပေးရုံသာမက ၎င်းတို့၏ နေရေးထိုင်ရေး၊ သွားရေးလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်များအဆင်ပြေစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သက်သာချောင်ချိရေးကောင်းမွန်မှုသည် အုပ်ချုပ်ရေးနှင့် စိတ်ဓာတ်အပေါ်များစွာ အထောက်အကူပြုပါကြောင်း။
တစ်ပိုင်တစ်နိုင်စိုက်ပျိုး/ မွေးမြူရေးလုပ်စေခြင်းသည် မိသားစု၏ ပြင်ပမှဝယ်ယူ စားသုံးမှုအတွက် ငွေကြေးကုန်ကျမှု လျှော့ချနိုင်ရန်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုး/မွေးမြူရေးသည် တပ်ရန်ပုံငွေတိုးပွားအောင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ တပ်မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက်ဖြစ်ပြီး ပိုလျှံသောထွက်ကုန်ပစ္စည်းများအား ဒေသတွင်းရှိ ဝန်ထမ်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို မည်သည့်အတွက်ကြောင့် လုပ်ဆောင်သည်ကို နားလည်စေရန်အတွက် ရှင်းပြပေးရန်လိုအပ်ပြီး တပ်ပိုင်စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း များလုပ်ဆောင်ကြရန်လိုကြောင်း။
တပ်မှူးအားလုံးသည် မိမိတို့တပ်ဖွဲ့အတွင်း မှီခိုနေထိုင်ကြသည့် တပ်မတော်သားများ၏ မိသားစုဝင်များ ကျောင်းပညာမြင့်မားရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အားပေးကြရန်ပြောကြားလိုကြောင်း၊ တပ်မတော်သားများ၏ အရည်အသွေးသာမက သားသမီးများ၏ ပညာရေးကိုလည်းမြှင့်တင်ပေးနိုင်ရန် တစ်နှစ် နှစ်ကြိမ်ထောက်ပံ့ရန် ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။
စိတ်ဓာတ်ဖြင့်တည်ဆောက်ခြင်းအပိုင်းတွင် ရပိုင်ခွင့်များ အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်ပြီး လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် သက်သာချောင်ချိရေးတို့သည်လည်း စိတ်ဓာတ်နှင့် တည်ဆောက်မှုအပိုင်းကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ စစ်သည်များ၏စိတ်ဓာတ်မြင့်မားရေး လုပ်ဆောင်ပေးရမည်ဖြစ်ရာ တပ်မှူးများအနေဖြင့် လက်အောက်နှင့်အနီးကပ်တွေ့ဆုံပြီး လက်ပွန်းတတီးနေထိုင်ရန် လိုအပ်ကြောင်း။
ပြည်သူနှင့်တပ်မတော်ဆိုသည်မှာ ခွဲခြား၍မရဘဲ ပြည်သူနှင့်တပ်မတော်သည် ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံးရှိနေစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် (၂၄) နာရီတာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူများက ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးရန် တာဝန်ရှိသည်ကို မိမိတို့အမြဲတမ်းခံယူထားရမည်ဖြစ်ပြီး နဂိုကတည်းကပင် ရှိပြီးသားဖြစ်ရမည့်စိတ်ဓာတ်ဖြစ်ကြောင်း။
မိမိတို့လုပ်ဆောင်ရသောအလုပ်ကို သိရှိအောင်လုပ်ပြီး ၎င်းအလုပ်ကို ကောင်းမွန်အောင် မည်သို့လုပ်ဆောင်မည်၊ တိုးတက်အောင်မည်သို့လုပ်ဆောင်မည်၊ အင်အားတိုးတက်အောင် မည်သို့လုပ်ဆောင်မည်ဟူသော စိတ်ဓာတ်ကိုမွေးမြူပြီး ဂရုတစိုက်လုပ်ဆောင်သွားမည်ဆိုပါက မိမိတို့တပ်မတော်၏ အရည်အသွေးတိုးတက် လာမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကိုမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်ရှိ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့ပြင် တပ်မတော်ကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မကွေးမြို့ရှိနယ်မြေခံတပ်ရင်းအတွင်း လက်ရှိအခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးချဲ့ဆောက်လုပ်မည့်နေရာအားလည်းကောင်း၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်အတွင်း မီတာ (၄၀၀) ရာဘာပြေးလမ်းပါ ဘောလုံးကွင်းနှင့် (၁၅၅၆) ဦးဆံ့ ပွဲကြည့်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3504 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
