တပ်မတော်စစ်ကြောင်းများက မန္တလေး-သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာအရေးကြီးနေရာများနှင့် နယ်မြေခံတပ်ရင်းအား ပြန်လည်သိမ်းပိုက်ရရှိ


Ministry of Information/ Naypyitaw / January 14, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၄

ဒေသခံ တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဒေသတစ်ဝိုက် တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအပေါ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများပြုလုပ်လာကြပြီး အကြမ်းဖက်သမားများ၏သတင်းများကို အချိန်နှင့်တပြေးညီ နီးစပ်ရာတပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့ခြင်းများပြုလုပ်လာကြသည်။ ထိုသို့ ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို မရရှိတော့သည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ်စိတ်ပျက် နောင်တရသည့်အပြင် ၎င်းတို့အဖွဲ့များ အချင်းချင်းတွင်လည်း အနိုင်ကျင့်ဗိုလ်ကျမှုများ၊ အဓမ္မမှုများကျူးလွန်ခြင်းတို့ ရှိလာခဲ့ခြင်းအပေါ် လက်မခံနိုင်ခြင်းနှင့် နိုင်ငံတော်နှင့်တပ်မတော်၏ သဘောတရားအမှန်တို့ကို နားလည်သဘော ပေါက်လက်ခံလာခြင်းတို့ကြောင့် PDF အမည်ခံအဖွဲ့ဝင်အချို့တို့သည် နယ်မြေအလိုက်ရှိ နီးစပ်ရာတပ်စခန်းများ၊ တာဝန်ရှိသူများနှင့်ချိတ်ဆက်၍ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ ဝင်ရောက်လာခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် သပိတ်ကျင်း-မိုးကုတ် ဒေသအနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံမှုရှိစေရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန်စွာချောမွေ့စေရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးတို့အတွက် အထောက်အကူပြုသည့် မြေပေါ်/မြေအောက် သယံဇာတများ စနစ်တကျ စီမံဆောင်ရွက်နိုင်ရေးတို့အတွက် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် ၎င်းဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ဒေသခံပြည်သူများနှင့် အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များ၏ သတင်းပေးပို့မှုများကို စနစ်တကျပေါင်းစပ်သုံးသပ်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကို စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီစွာ အရှိန်အဟန်ဖြင့် ဆက်လက်ချီတက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ညောင်ပင်သာကျေးရွာအားလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပိုးဇာနွယ်ကျေးရွာ အားလည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကျောက်လှည်းဘီးကျေးရွာအား လည်းကောင်း၊ ဇန်နဝါရီ ၁၄ ရက် ယနေ့တွင် အဆိုပါလမ်းကြောင်းပေါ်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်းကျေးရွာတစ်ဝိုက်တို့အားလည်းကောင်း တပ်မတော်စစ်ကြောင်းများက အပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ထိုသို့ အဆိုပါဒေသအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိရေး အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၁၅ လောင်း၊ လက်နက်မျိုးစုံ ၃၄ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှအရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာများရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ညောင်ပင်သာကျေးရွာ၊ ပိုးဇာနွယ်ကျေးရွာ၊ ကျောက်လှည်းဘီးကျေးရွာတို့ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းချီတက်စဉ် လမ်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မတရားနှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခါးသီးစွာခံစားခဲ့ရသည့် ဒေသခံပြည်သူများသည် တပ်မတော်စစ်ကြောင်းများကို သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များပါမကျန် ကျားမ၊ ကြီးငယ်မရွေး အောင်သပြေပန်းများ၊ ပန်းကုံးများကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်ကို ကြည်နူးဝမ်း မြောက်ဖွယ်တွေ့မြင်ခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ စိန်ကုန်းကျေးရွာနှင့် မိုးကုတ်မြို့အကြား လမ်းပိုင်းတွင် ခိုအောင်းနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်တိုက်ခိုက်ချေမှုန်းရှင်းလင်းသွားမည်ဖြစ်ပြီး ဒေသအတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှု လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးတို့အတွက် မိုးကုတ်-သပိတ်ကျင်း-မန္တလေးမြို့များသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးတို့ကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3411 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download