တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မောတောင်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်
တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မောတောင်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်
Ministry of Information/ Naypyitaw / May 20, 2026
နေပြည်တော် မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း တည်ရှိသည့် မောတောင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်းရှိ အရှေ့ဘက်အကျဆုံးမြို့ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် နယ်စပ်မြို့ဖြစ်သည်။ မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာ၌ မြိတ်-မောတောင်မှ ထိုင်းနိုင်ငံသို့ တင်ပို့ပါက အချိန် ၇ နာရီခန့်သာကြာသည့် အနီးဆုံးလမ်းကြောင်းဖြစ်ပြီး မောတောင်မြို့မှာ စီးပွားရေးအရအရေးပါသည့် နယ်စပ်မြို့တစ်မြို့လည်း ဖြစ်သည်။
ထိုသို့ နိုင်ငံတော်အတွက် အရေးပါသော နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့၌ ရိုးသားစွာနေထိုင် လုပ်ကိုင်စားသောက်နေထိုင်ကြသည့် ပြည်သူများအား CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့၏ သွေးထိုးမြှောက်ပင့်မှုနှင့်အတူ KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ဒီမိုကရေစီအရေးနှင့် ဒေသကောင်းစားရေးဟု နိုင်ငံရေးမက်လုံးများဖြင့် စည်းရုံးသိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများ ပို့ချပေးကာ အကြမ်းဖက်သမားများအဖြစ် မွေးထုတ်ပေးပြီး မောတောင်မြို့ရှိ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အားအလုံးအရင်းအသုံးပြု၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ တပ်မတော်စစ်ကြောင်းများအနေဖြင့် မောတောင်မြို့အား ရန်သူ့လက်အောက်သို့ ကျရောက်မှုမရှိစေရေး အသက်ကိုပဓာနမထားဘဲ ခုခံခဲ့ကြသော်လည်း ရန်သူမှာ အင်အားအဆမတန်ဖြည့်တင်းလာခြင်း၊ မိမိဘက်မှ အရာရှိ၊ စစ်သည်များ ထိခိုက်ဒဏ်ရာရရှိမှု များပြားလာခြင်းများနှင့် ဒေသခံပြည်သူများ၏ တိုက်တာအိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန်အတွက် အဆင့်ဆင့်ခုခံ၍ စစ်နည်းဗျူဟာမြောက် ဆုတ်ခွာခဲ့သဖြင့် မောတောင်မြို့အား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယာယီစိုးမိုးခဲ့ကြသည်။
မောတောင်မြို့တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးစခန်းရှိပြီး တနင်္သာရီတိုင်းဒေသကြီး၏ ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ တရားဝင်တင်ပို့သကဲ့သို့ တစ်ဖက်နိုင်ငံမှလည်း ကုန်စည်များဝင်ရောက်လျက်ရှိသော်လည်း KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်စည်စီးဆင်းမှုများ ရပ်တန့်ထားခဲ့ရပြီး ဒေသခံပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝများလည်း ဆုံးရှုံးနစ်နာခဲ့ကြရသည်။ ထို့ပြင် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဝိသမလောဘသမားများနှင့်ပူးပေါင်း၍ နိုင်ငံတော်၏ သဘာဝသယံဇာတပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် ခိုးထုတ်ရောင်းချခဲ့ကြသည်။
သို့ဖြစ်၍ တပ်မတော်စစ်ကြောင်းများက KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော မောတောင်မြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရန်နှင့် တနင်္သာရီ-ရေဖြူ - သိန်းခွန် - သဲဖြူ - မောတောင်လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ အဆင့်ဆင့်ခြေကုပ်ယူကာ တစ်ဆင့်ပြီးတစ်ဆင့် အသက်ကိုပဓာနမထားဘဲ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ဖြင့် ၂၀၂၆ ခုနှစ် မေလ ၅ ရက်မှစ၍ ပြန်လည်တိုက်စစ်ဆင် ဆင်နွှဲခဲ့ရာ မေလ ၉ ရက်တွင် ရန်သူ၏ ယာယီစခန်းဖြစ်သည့် ပွိုင့် ၂၇၁ တောင်ကုန်းအားလည်းကောင်း၊ မေလ ၁၂ ရက်တွင် ဖောင်ဆိပ်ကျေးရွာအနီးရှိ ရန်သူ့ယာယီခံစစ်နေရာ ၂ ခုအားလည်းကောင်း၊ မေလ ၁၃ ရက်တွင် ဖောင်ဆိပ်ကျေးရွာအားလည်းကောင်း၊ မေလ ၁၅ ရက်တွင် နှုံးပွားကျေးရွာအားလည်းကောင်း၊ မေလ ၁၆ ရက်တွင် အမှတ် (၅) ကျေးရွာအားလည်းကောင်း၊ မေလ ၁၇ ရက်တွင် အမှတ်(၃) ကျေးရွာအားလည်းကောင်း၊ မေလ ၁၈ ရက်တွင် အမှတ်(၁) ကျေးရွာအားလည်း ကောင်း၊ မေလ ၁၉ ရက် ယနေ့ညနေ ၄ နာရီတွင် မောတောင်မြို့အားလည်းကောင်း တပ်မတော်စစ်ကြောင်းများက အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးစဉ် ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ အမှတ်(၉)ကျေးရွာတံတားနှင့် အမှတ်(၈)တံတားတို့အား မိုင်းထောင်ဖောက်ခွဲခြင်းများကို ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများက မောတောင်မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ အဆင့်ဆင့်ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၂၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၂၅ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် မောတောင်မြို့အား ယာယီစိုးမိုးထားစဉ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များအား ခံစစ်တံတိုင်းသဖွယ် အသုံးပြုခဲ့ကြပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။ ထို့ပြင် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် နယ်စပ်ဒေသများတွင် အဓိကကုန်သွယ်မှု စီးပွားရေးဇုန်များ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အအုံများကို အကြောင်းမဲ့တိုက်ခိုက်ဖျက်ဆီးခြင်းများသည် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုကို ထိခိုက်နစ်နာစေသည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကိုလည်း ကြီးမားစွာနစ်နာစေခဲ့သည်။ မောတောင်-ကြိမ်ချောင်းဒေသမှ ထွက်ရှိသည့် နိုင်ငံတော်၏ သဘာဝသယံဇာတများကို မတရားခိုးယူတူးဖော်ကာ တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရောင်းချနေသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ များစွာဆုံးရှုံး နစ်နာခဲ့ရသည်။
၎င်းအပြင် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် နယ်စပ်မြို့များ၌ ယာယီစိုးမိုးထားစဉ် နယ်စပ်ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ လက်နက်မှောင်ခိုလုပ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းကဲ့သို့သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေးနှင့် ကုန်သွယ်ရေးကို များစွာထိခိုက်စေခဲ့သည်။ ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်ခဲ့ကြသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ အနေဖြင့် လူမှုစီးပွားဘဝများ ဆုံးရှုံးနစ်နာခဲ့ရကာ စစ်ပွဲ၏ အနိဋ္ဌာရုံများကို ခံစားခဲ့ကြရပြီး ၎င်းတို့၏ တိုက်တာအိုးအိမ်များကို စွန့်ခွာ၍ တည်ငြိမ်အေးချမ်းသည့် ဒေသများသို့ ယာယီနေရပ်စွန့်ခွာခဲ့ကြရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံပြည်သူများ မောတောင်မြို့အတွင်းသို့ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေး၊ အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေးနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာ လုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများအား ဦးစားပေးရှင်းလင်းဖော်ထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး ကျောင်းနေအရွယ် ကလေးသူငယ်များ စာသင်ကြားနိုင်ရန်အတွက် အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ဆေးရုံ/ဆေးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရုံး/ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သောင်းကျန်းသူများ လုံးဝကင်းစင်ပပျောက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter– Terrorism Operation)ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
နှစ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသများသည် နှစ်နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှု၏ အသက်သွေးကြောများဖြစ်ကြသည်။ ထိုကဲ့သို့ အရေးပါသည့် နယ်စပ်ဒေသများတွင် KNU၊ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များသည် နှစ်နိုင်ငံလုံး၏ ရေရှည်အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေသည့်အပြင် နှစ်ကာလရှည်ကြာစွာခိုင်မြဲခဲ့သည့် ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးကိုပါ များစွာထိခိုက်စေသောကြောင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြသည်။
တပ်မတော်အနေဖြင့် မောတောင်မြို့အား သိမ်းပိုက်ရရှိခဲ့ခြင်းကြောင့် ဒေသခံပြည်သူလူထုများက မိမိနေရပ်သို့ ပြန်လည်အခြေချနေထိုင်နိုင်ပြီဖြစ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းကာ တနင်္သာရီ-မောတောင် လမ်းကြောင်းမှတစ်ဆင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမည်ဖြစ်သဖြင့် ဒေသခံပြည်သူများက ဝမ်းမြောက်လျက်ရှိပြီး တပ်မတော်စစ်ကြောင်းများအား အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆိုခဲ့ကြကြောင်း အောင်ပွဲရတိုက်ပွဲဝင်တပ်မတော်သားများအတွက် ဂုဏ်ယူစွာဖြင့် ရရှိသတင်းများကို ဖော်ပြအပ်ပါသည်။
သတင်းစဉ်
Newspaper - 3531 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
