တပ်မတော်စစ်ကြောင်းများက CDF ၊ CAN နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ တပ်မတော်မှ ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်
တပ်မတော်စစ်ကြောင်းများက CDF ၊ CAN နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်၊ တပ်မတော်မှ ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်
Ministry of Information/ Naypyitaw / May 20, 2026
နေပြည်တော် မေ ၂၀
ချင်းပြည်နယ်၊ တီးတိန်ခရိုင်အတွင်းပါဝင်သည့် တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်၏ မြောက်ဘက်ပိုင်းတွင်တည်ရှိသည့် တောင်တန်းဒေသမြို့တစ်မြို့ဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသောဒေသတစ်ခုဖြစ်သည်။ တွန်းဇံမြို့နယ်၏ တောင်ဘက်တွင် တီးတိန်မြို့၊ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မြောက်ဘက်နှင့် အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၏ Manipur နှင့် Mizoram ပြည်နယ်များတည်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကာ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ရိုးရာပွဲတော်များဖြင့် အေးချမ်းစွာနေထိုင်ကြသည့် မြို့တစ်မြို့ဖြစ်သည်။
ထိုသို့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖြင့် အေးချမ်းပျော်ရွှင်စွာနေထိုင်လျက်ရှိကြသည့် တွန်းဇံမြို့မှ ဒေသခံတိုင်းရင်းသားပြည်သူများအား CRPH ၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံဖြစ်သော CDF ၊ CNA နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကြောင့် နိုင်ငံ၏အချို့မြို့များတွင် ဖြစ်ပေါ်ခဲ့သည့် အစွန်းရောက်တို့၏ ဆူပူအကြမ်းဖက်ဆန္ဒပြမှုများအပေါ် အခွင့်ကောင်းယူကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးပြီး အစိုးရ၏အုပ်ချုပ်မှုယန္တရားများပျက်စီးစေရန်နှင့် ချင်းပြည်နယ်အား ၎င်းတို့စိတ်တိုင်းကျအုပ်ချုပ်ခွင့်ရရှိရေး စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံရေးနည်းလမ်းဖြင့် ရယူခြင်းမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ကာ PDF အမည်ခံအကြမ်းဖက်သမားများကို အသုံးချလျက် ချင်းပြည်နယ်အတွင်းရှိ မြို့များအား အကြမ်းဖက်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ကြရာ တွန်းဇံမြို့၌ မြို့လုံခြုံရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ မေ ၁၆ ရက်မှစ၍ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူများ၏နေအိမ်များ၊ ရုံးဌာနများနှင့် ဘာသာရေးအဆောက်အအုံများအား အကာအကွယ်ပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရေးနှင့် ပြည်သူများထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျဆုတ်ခွာခဲ့ကြရာ ၂၀၂၄ ခုနှစ် မေ ၂၃ ရက်တွင် တွန်းဇံမြို့အား အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ယာယီစိုးမိုးခဲ့ကြသည်။
CDF ၊ CNA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် တွန်းဇံမြို့အား ယာယီစိုးမိုးထားစဉ် ဌာနဆိုင်ရာဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရိုးသားအေးချမ်းစွာ နေထိုင်လျက်ရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အကြောက်တရားလွှမ်းမိုးစေရန် ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ၎င်းတို့အကျိုးစီးပွားအတွက် လုပ်အားရယူခိုင်းစေခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများ လုပ်ကိုင်သည့်စီးပွားရေးလုပ်ငန်းများကို လက်ဝါးကြီးအုပ်၍ သိမ်းဆည်းလုပ်ကိုင်ခြင်း၊ ကုန်စည်စီးဆင်းရာ ဆက်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုအခက်အခဲများဖြစ်ပေါ်ခဲ့ကာ စားသောက်ကုန်နှင့် လူသုံးကုန်များဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည်ဖြင့် လူမှုစီးပွားဘဝများ ချွတ်ခြုံကျဆင်း၍ အကြမ်းဖက်မှုဒဏ်ကို ခါးသီးစွာခံစားကြရသည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်များကိုစွန့်ခွာ၍ အခက်အခဲဒုက္ခမျိုးစုံဖြင့် ယာယီနေရပ်စွန့်ခွာနေထိုင်ခဲ့ကြရသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဖလမ်းမြို့အား ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် တပ်မတော်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဖလမ်းမြို့အုပ်ချုပ်ရေးယန္တရားပုံမှန်လည်ပတ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည့်အပြင် နယ်မြေတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်းဆောင်ရွက်ပေးလျက်ရှိသည်။
ဖလမ်းမြို့အား ပြန်လည်သိမ်းပိုက်ရရှိပြီးနောက် တပ်မတော်အနေဖြင့် ဖလမ်း - သိုင်းငင်း - တီးတိန် - တွန်းဇံမြို့ ဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဖလမ်းမြို့နှင့် တီးတိန်မြို့အကြားရှိ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရန် ဖလမ်းမြို့တွင် စနစ်တကျပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ခဲ့ပြီး စစ်ကြောင်းများခွဲ၍ ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်မှ စတင်ချီတက်ရှင်းလင်းခဲ့ရာ သိုင်းငင်းလမ်းဆုံသို့ မေ ၂ ရက်တွင် ရောက်ခဲ့ကြောင်း၊ ကနေဒီတောင်အားမေ ၅ ရက်နေ့တွင် သိမ်းပိုက်ရရှိကာ မေ ၉ ရက်နေ့တွင် တီးတိန်မြို့သို့ ရောက်ရှိစုဖွဲ့ပြင်ဆင်ခဲ့ကြသည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တွန်းဇံမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် တီးတိန်မြို့တွင် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ကာ ပွိုင့် - ၁၅၀၄ တောင်ကုန်းအား မေ ၁၁ ရက်တွင်လည်းကောင်း၊ မောင်ကင်ရွာနှင့် တွာလ်မူးရွာအား မေ ၁၂ ရက်တွင်လည်းကောင်း၊ ဂမ်ငိုင်ရွာအား မေ ၁၄ ရက်တွင်လည်းကောင်း၊ လွမ့်ဇန်ရွာနှင့် ဗျာလ်ကျင်းရွာအား မေ ၁၆ ရက်တွင်လည်းကောင်း၊ တပ်ဇန်ရွာအား မေ ၁၇ ရက် တွင်လည်းကောင်း၊ တုံးထောင် ရွာနှင့် ပွိုင့် - ၁၉၈၅ တောင်ကုန်းအား မေ ၁၉ ရက်တွင်လည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်ရရှိခဲ့သည်။ ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် မေလ ၂၀ ရက် ယနေ့နေ့လယ်ပိုင်းတွင် CDF ၊ CNA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအား အပြီးတိုင်တိုက်ထုတ်၍ တွန်းဇံမြို့အား အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်၏ တိုက်စစ်အဟုန်ကြောင့် ရှုံးနိမ့်၍ဆုတ်ခွာထွက်ပြေးသော CDF ၊ CAN နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ဆုတ်ခွာထွက်ပြေးစဉ် ဒေသအကျိုးစီးပွားပျက်စီးစေရန် ရည်ရွယ်ချက်ကာ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများကို ယုတ်မာရိုင်းစိုင်းစွာဖြင့် လုပ်ဆောင်ခဲ့ကြသည်။
တပ်မတော်စစ်ကြောင်းများက တွန်းဇံမြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ အဆင့်ဆင့်ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ (၆) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၂ လောင်း၊ လက်နက်မျိုးစုံ ၅ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံပြည်သူများ တွန်းဇံမြို့အတွင်းသို့ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာရက်စက်စွာလုပ်ဆောင်ခဲ့သည့် မြေမြှုပ်မိုင်းများရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတော်အစိုးရအုပ်ချုပ်မှုယန္တရားများ အမြန်ဆုံးလည်ပတ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ဆေးရုံ / ဆေးခန်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးစသည့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများ၏ မတရားနှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခါးသီးစွာခံစားခဲ့ရသည့် ဒေသခံပြည်သူများကလည်း အမှန်တကယ်အေးချမ်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု၏ အနှစ်သာရများကို ကိုယ်တိုင်သိမြင်ခံစားလာရပြီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့ / ရွာအချို့ကို ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းချီတက်လာသော တပ်မတော်စစ်ကြောင်းများအား လမ်းကြောင်းတစ်လျှောက်၌ အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။
ယခုကဲ့သို့ တပ်မတော်က တွန်းဇံမြို့အား အပြီးတိုင်ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့သည့်အတွက် ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံနှင့် ကျီးခါးမြို့စသည့် ချင်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား တပ်မတော်မှအလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သဖြင့် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်လည်း ၎င်းတို့၏နေရပ်များသို့ စိတ်အေးချမ်းသာစွာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုလည်း ပြန်လည်လုပ်ဆောင်နိုင်ကြတော့မည်ဖြစ်သည်။ ထိုသို့ တပ်မတော်မှ အဆိုပါမြို့များအား ပြန်လည်ထိန်းချုပ်နိုင်ခြင်းကြောင့် ယခုအခါ ဟားခါး - ဖလမ်း - တီးတိန် - တွန်းဇံ - ကျီးခါး လမ်းကြောင်းနှင့် ကလေး - ဖလမ်း ဟားခါးလမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှတဆင့် ချင်းပြည်နယ်မြောက်ပိုင်းမြို့များသို့ ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်းဆောင်ရွက်နိုင်တော့မည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ကုန်ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်တော့မည်ဖြစ်သည်။ ထို့ပြင် ယနေ့တွင်လည်း ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏စီမံဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအစည်းအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများသည် လိုအပ်သည့်ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ကလေးမြို့မှ ထွက်ခွာလာခဲ့ပြီး ညနေပိုင်းတွင် ဖလမ်းမြို့သို့ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားပြည်သူများ၊ မြို့မိ၊ မြို့ဖများနှင့် တာဝန်ရှိသူများက ရိုးရာအကများဖြင့် ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper - 3532 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
