တပ်မတော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုးပမ်း
တပ်မတော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုးပမ်း
Ministry of Information/ Naypyitaw / March 27, 2025

ယနေ့သည် မြန်မာ့လွတ်လပ်ရေးသမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့သည့် မြန်မာ့တပ်မတော်၏ နှစ် (၈၀) ပြည့် တပ်မတော်နေ့ဖြစ်သည်။ တပ်မတော်သည် နှစ်ပေါင်း ၈၀ ကာလအတွင်း နိုင်ငံ့လွတ်လပ်ရေးကို ရယူဆောင်ကြဉ်းပေးခဲ့သည့်အပြင် လွတ်လပ်ရေးရပြီးသည့်နောက် နိုင်ငံနှင့်လူမျိုးတို့အပေါ် ကျရောက်လာသည့် ပြည်တွင်းပြည်ပဘေးအန္တရာယ်များမှလည်း ကာကွယ်ခဲ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်တို့မှာ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ဖြစ်တည်လာခဲ့သည့် သမိုင်းကြောင်းနောက်ခံနှင့် လက်ရှိနိုင်ငံ၏ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးအစရှိသည့် ပကတိဖြစ်တည်နေမှုများအပေါ်တွင်အခြေပြုကာ အမျိုးသားအကျိုးစီးပွား အဖြစ်ထွန်းနိုင်ဆုံးကို မျှော်မှန်းရေးဆွဲ ပြဋ္ဌာန်းကြခြင်းပင်ဖြစ်ပြီး အခြေအနေ၊ အချိန်အခါအရ နိုင်ငံ၏အကျိုးစီးပွားအတွက် လိုအပ်ပါက ပြင်ဆင်နိုင်ရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် တပ်မတော်၏အခန်းကဏ္ဍများ ထည့်သွင်းဖော်ပြထားခြင်းသည် မိမိတို့နိုင်ငံ၏ အတိတ်သမိုင်းကြောင်း အတွေ့အကြုံများနှင့် ပစ္စုပ္ပန်ကာလ အခြေအနေများအရ နိုင်ငံအကျိုးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လတ်တလောဖြစ်ရပ်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်အဖွဲ့အစည်းများက ဒေသအများအပြားတွင် အဖျက်လုပ်ရပ်နှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်နေကြသည့်အပြင် ပြည်သူလူထုအတွင်း လက်နက်ဖြင့် အကြောက်တရားဖြစ်ပေါ်အောင် ဖန်တီး၍ လူသစ်စုဆောင်းမှုများ၊ လူမျိုးရေးမုန်းတီးမှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်မှုများ အရှိန်မြှင့်ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်တွင်း၌ စည်းလုံးညီညွတ်မှု ပြိုကွဲစေရန်နှင့် ပြည်သူလူထုအတွင်း လွဲမှားသည့်အတွေးအခေါ်များ ဖြစ်ပေါ်စေရန်အတွက် သတင်းတု၊ သတင်းမှားများဖြင့် သတင်းအဆိပ်ခပ်မှုများကို ပြည်ပြေး၊ ပြည်ဖျက်မီဒီယာများကလည်း ပြုလုပ်နေကြသည်။ စင်စစ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အကြမ်းဖက်ပြည်ပြေး အဖျက်အုပ်စုတို့၏ လုပ်ရပ်များမှာ ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ ရှေးရှုနေပြီး နိုင်ငံပြိုကွဲပျက်စီးမှုဆီသို့သာ ဦးတည်နေခြင်းဖြစ်သည်။ သို့ဖြစ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များ အပါအဝင် လုံခြုံရေးတပ်ဖွဲ့များသည် ပြည်သူလူထုနှင့်အတူလက်တွဲကာ အကြမ်းဖက်အဖျက်သောင်းကျန်းသူများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည့် ဒေသများကို တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် အဖျက်သမား သောင်းကျန်းသူများကို နှိမ်နင်းမှုများ ပြုလုပ်လျက်ရှိရာ အောင်ပွဲများရရှိလျက်ရှိသည်။
ပစ္စက္ခကမ္ဘာကြီးတွင်လည်း နိုင်ငံတကာ ဆက်ဆံရေးမြင်ကွင်းများမှာ လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်လျက်ရှိရာ ယင်းအပြောင်းအလဲများက မြန်မာနိုင်ငံ၏ အနာဂတ်ကို အလားအလာကောင်းများ ဆောင်ကြဉ်းပေးနိုင်သည့် အနေအထားမျိုးပင်ဖြစ်သည်။ မတ် ၂၄ ရက်က နေပြည်တော်တွင်ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုတို့ လွှမ်းခြုံနိုင်သည်နှင့်အမျှ ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သော လွတ်လပ်၍တရားမျှတသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ရာနှုန်းပြည့်အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် လမ်းစမုခ်ဦးဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး နိုင်ငံတစ်ဝန်းလုံးတွင် အောင်အောင်မြင်မြင်ကျင်းပနိုင်ရန် တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးက အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download